Monday, December 27, 2010

ရိုင်းကောင်

ကျွန်တော်က မိုက်ရိုင်းတယ်
                     ခါးသီးတယ်
                     ရင့်မာတယ်
                     ခက်ထန်တယ်
                     မာကျောတယ်
                     မာနလည်းကြီးတယ်
                     အာဃတလည်းထားတယ်

ခြောက်ပေးမှ ရတဲ့သူကို
မိုက်ရိုင်းပေးရမယ်၊
ဒါကြောင့် ဒီမိုက်ရိုင်းမှုဟာ ကုသိုလ်ဖြစ်ပါတယ်။

နားထင်သွေးရောက်နေတဲ့သူကို
ခါးခါးသီးသီး ပြောရမယ်
ဒါကြောင့် ဒီခါးသီးမှုဟာ ကုသိုလ်ဖြစ်တယ်။

ခြေဖျားထောက်၊ ခေါင်းမော့၊
ရင်ကော့သူကို ရင့်မာစွာပြောမယ်
ဒါကြောင့် ဒီရင့်မာမှုဟာ ကုသိုလ်ဖြစ်တာပဲ။

ရပ်တကာ၊ ရွာတလျှောက်
သောင်းကြမ်းသူဆိုရင်
ခက်ထန်စွာ ဆုံးမရမယ်
ဒါကြောင့် ဒီခက်ထန်မှုဟာ ကုသိုလ်ဖြစ်တယ်။

မည်သူ့ကိုမှ ထီမထင်
ထင်တိုင်းကျဲနေရင်
မာမာကျောကျော
ဒါကြောင့် မာကျောမှု ကုသိုလ်ပါပဲ။

အများစုက အနည်းစုကို
ဘာသာရေး၊ လူမျိုးရေး၊
နိုင်ငံရေးတွေမှာ လူမဆန်စွာ
စော်ကား အနိုင်ကျင့်လျင်
ကမ္ဘာတည်သရွေ့
အာဃာတထားပြီး
ချေမှုန်းရမယ်
ဒီအာဃာတကလည်း
ကုသိုလ်ဖြစ်တာပဲ။

လူတွေက
သီးခံတာကို
ငတုန်း၊ ငအ၊
ငထုံ၊ ငဖျင်း
မသိနားမလည်တဲ့
ဦးနှောက်ချောင်
ရူးကြောင်ကြောင်လို့
ထင်တတ်ကြသည်...။

တကယ်တော့
ရူးတာလဲကောင်းတယ်
ကိုယ်လုပ်ခဲ့တဲ့
အပြစ်မှုလို့ ထင်ရတဲ့
မထင်မှတ်၊ မရွယ်ပဲ
ကုသိုလ်တရားတွေ
ရသွားတာပါ
မထင်မှတ်တဲ့
မရည်ရွယ်တဲ့
ဒုစရိုက်တွေ
ပြေသွားစေနိုင်ာပေါ့...။

ဒါကြောင့်
လူတွေဟာ မိုက်ရိုင်းကြရမယ်
ခါးခါးသီးသီး ပြောဆိုရမည်
ရင့်မာစွာ စကားနိုင်ထိုးရမည်
ခက်ထန်စွာ တုံ့ပြန်ရမည်
မာကျောစွာ ခုခံကြရမည်
မာနနဲ့ အလုပ်ရမယ်
အာဃာထားပြီး ပြန်လည်ခြေရမယ်။

ဒါတွေဟာ ကုသိုလ်တွေ
မဂ္ဂင်ဖောင်တွေ
နိဗ္ဗာန်းလမ်းတွေ....။

ယူတတ်ဖို့ပဲ လိုတယ်
ဖောက်ထွက်စီးနိုင်ဖို့
ကုသိုလ်ရိက္ခာနဲ့
ကဲ.......
သွားကြမယ်....။

လူတိုင်းသိတယ်

သေနတ် တဒိုင်းဒိုင်း
တုတ်တဝှေ့ဝှေ့
ဓားတရမ်းရမ်း
လာခဲ့စမ်း= နေဝင်း (ဆိုရှယ်လစ်)
လာခဲ့စမ်း= ကျော်ငြိမ်း (အချောင်သမား)
လာခဲ့စမ်း= သန်းရွှေ (ဘုရင်ရူး)
ခွေးပစ်တဲ့ လောက်စလုံးနဲ့
သေအောင် မပစ်ပဲ
မရှိတဲ့ မင်းတို့သိက္ခာ
ခြေသုတ်ခုံမှာ သွားရှာတော့...။

ဘိုဘိုကျော်ငြိမ်းက မဇ္ဈိမရပ်ကွက်မှာ
တဝုတ်ဝုတ် ဟောင်တယ်
ဝင်းတင့်ထွန်းက ကြယ်နီအောက်မှာ
တွံကျူးတယ်
(ဥပမာ) ခွေးနဲ့၊ ဒေါင်း
ခွေးပိစိဆို ချစ်စရာကောင်း
ဒေါင်းပိစိက ရုပ်ဆိုးတယ်
ရက်လည်၊ လလည်၊ နှစ်လည်တော့
အဖြေပေါ်ပြီ
ခွေးကတော့ ဝဲစားလို့၊ ပိန်ခြောက်လို့
ဒေါင်းကတော့ အရောင်စုံအလှတွေ့နဲ့
ဝင့်ကြွားလို့ပေါ့...။

ကျော်ငြိမ်းအတွက်တော့
ဘိုဘိုကျော်ငြိမ်းဟာ
သားကောင်းရတနာပေါ့
သူ့အဖေ ခြေရာကို
နင်းနိုင်တာကိုး...။

တဆွေလုံး၊ တမျိုးလုံး
ညစ်တယ်၊ ပတ်တယ်
လိမ်တယ်၊ ညာတယ်
ကောက်ကျစ်တယ်၊ ခေါင်းရှောင်တယ်
ဟန်ဆောင်တယ်၊ ယုတ်မာတယ်
ပညာတတ်တယ်၊ ဖောက်ပြန်တယ်
မဟုတ်မဟတ်တွေလုပ်တယ်
လုပ်ဇာတ်တွေ ခင်းတယ်...။

ဒါတွေကို....
တပြည်လုံးက (ဗမာနိုင်ငံ)
အကုန်သိ (ကလေးရော၊ ခွေးရော)
အကုန်မြင် (ကျောမွဲရော၊ နင်းပြားရော)
အကုန်ကြား (ဘိုးဘွားရိပ်သာရော၊ သုဘရာဇာရော)
အကုန်နားလည် (ဘုန်းကြီးရော၊ ကမ္ဘာကရော)
ကဲ... ဘယ်လိုလဲ
ကျော်ငြိမ်း/ ဘိုဘိုကျော်ငြိမ်း
သို့မဟုတ်
ဘိုဘိုကျော်ငြိမ်း
မှတ်ထား...
ကိုယ့်ကိုကိုယ်ဖော်
မသူတော်ပါတဲ့ဗျာ...။

ရသလောက်မတဲ့ ယမမင်း

စိတ်ပျက်တယ်
စိတ်လေတယ်
စိတ်ညစ်တယ်
စိတ်ဆိုးတယ်
ဒီတော့.. ဘာရလဲ
ရတယ်..
.ဒေါသဆိုတဲ့ အကုသိုလ်
အားလုံးပေါင်း ယိုထိုးပစ်လိုက်မယ်
ကြိုက်တဲ့သူစား
စားသူတိုင်း...
ကြိုက်ချင်မှ ကြိုက်မှာ
ကြိက်မှာပါလေ...။

ကျွန်စုပ်တဲ့ သရက်စေ့
ဒီလိုဘဝကို ဘယ်မေ့မလဲ
နောင်လဲ ဒီလိုပဲဖြစ်ချင်တယ်...။

စိတ်ပျက်ချင်တယ်
စိတ်လေချင်တယ်
စိတ်ညစ်ချင်တယ်
စိတ်ဆိုးချင်တယ်...။

အလကားပြောတာပါ
အလို့... ယမမင်းကြီး
ကြောက်သွားသလား...။

သက်မထွက်ခင် ဂျောက်ဂျက်လုပ်

အခုစဉ်းစားနေတာ
အခုအတွက်
မနက်ဖြန်ဆိုတာလား
ထည့်မတွက်နဲ့
ဒီည သက်ထွက်သွားရင်
ဘာသုံးကျတော့မလဲ...။

အရှည်ကြီးမတွေးနဲ့
မင်းမေး(မေးစေ့)မှာ ပွေးတွေ မြင်ကုန်မယ်
တိုတိုမတွေးနဲ့
မင်းခေါင်းမှာ ဒက်ချီးတွေ မြင်ကုန်မယ်...။

ငါက ဝါးရမ်းပြေး
ခြေသလုံးအိမ်တိုင်
ဂျပစီပဲ
ဘီယာဆိုင်ထဲမှာ
အပျောက်တော်ဆက်မှာ
ဟင်း....
ဂျောက်ဂျက်ဂျောက်ဂျက်
ဝင်သက်ထွက်သက်
မှတ်ကြပါလေ
ဟေ...
ဘယ်လိုကြီးတုန်း...။

အလဟဿ

တညလုံး ငါထိုင်တယ်
ယိုင်မလဲပါဘူး
တနေကုန် ငါအိပ်တယ်
ငါမမေ့ပါဘူး...။

ငါ့ဘဝမှာ+ ထူးတာမရှိ
                 ရူးတာရှိ
                 မူးတာရှိ
                 စူးတာရှိ...။

ရှိသမျှတွေ
ရှိနေတာတွေ
အားလုံးဟာ
လေပွေတွေချည်းပဲ
ဂြိုလ်မွှေမှာချည်းပဲ...။

အတိတ်တွေ လေထဲလွင့်
ပစ္စုပ္ပန်တွေ ဖြစ်ချင်တာဖြစ်
အနာဂါတ်ကတော့
မနက်ဖန် မျက်နှာသစ်ပြီးမှပေါ့...။

လိမ္မာတဲ့ ဆုတ်ခေတ်

လဲသေလောက်အောင်
ငါမမိုက်ခဲ့ပါဘူး
ဒါပေမဲ့
ဒဏ်ပြန်တိုက်စစ်က
မြန်ဆန်လိုက်တာနော်...။

လာသာဆောင်ထွက်ကြည့်
လလည်းမတွေ့
လေလည်းမတိုက်
ကြယ်လည်းမလင်း
ခပင်းဥဿုံ
ပျက်ယွင်းကုန်ပြီ
ချွတ်ယွင်းကုန်ပြီ
ကမ္ဘာပျက်တော့မည်
မှန်နိုင်သည်
ငါယုံပြီ
ဆုတ်ခေတ်လေ
ဆုတ်ကုန်ပြီ
မှန်တရားတွေ၊ သစ္စာတွေ၊ မေတ္တာတွေ
ကရုဏာတွေ၊ မုဒိတာတွေ၊ ဥပေက္ခာတွေ
ဆုတ်ပြီးရင်းဆုတ်
ယုတ်ပြီးရင်းယုတ်
အဟုတ်ပဲ
ဟုတ်မြဲ...။

ဘယ်သူ့ကိုယ်မှ စေတနာမထားနဲ့

ငါထားခဲ့တဲ့ စေတနာတွေ
အကျိုးပေးသန်လိုက်ကြတာ
ဝေဒနာတွေ တပွေ့ကြီး...။

ငါပေးခဲ့တဲ့ မေတ္တာတွေ
အကျိုးပေးသန်လိုက်ကြတာ
ဒဏ်ရာဒဏ်ချက်တွေ ပြည့်လို့...။

ငါသနားပေးတဲ့ ကရုဏာတွင်
အကျိုးပေးသန်လိုက်ကြတာ
ရင့်သီးစကားတွေက ကြွယ်ဝ...။

“စေတနာသည် လူတိုင်းနှင့် မတန်” တဲ့
မှန်လိုက်တဲ့စကား
ခဏခဏ ကြားတယ်
ခဏခဏ ပြောတယ်
ခဏခဏ တွေ့တယ်
ဒါလည်း- ငါစေတနာမပျက်ခဲ့ဘူး
ဒါဆို- ငါမှားတာပေါ့...။

အလကားတွေ

မိန်းမအကြောင်းလား
ကိုယ်တိုင်ကိုယ်ကျ
ဘာတခုမှ မသိဘူး....။

ကြားဖူးတာတော့ရှိတယ်
ကျောင်းအမ ဝိသာခါနဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ကိုတော့
အားနာပါရဲ့
အမျိုးကောင်းသမီး အနည်းစုကိုတော့
ချွင်းချက်ပေါ့...။

မြင်သမျှ မိန်းမ စောင့်သုံးမကျ
ကြားသမျှ မိန်းမ ဖောက်ပြားကြ
သိသမျှ မိန်းမ ရွံရှာရ
တွေ့သမျှ မိန်းမ ခွ (ဂွ) ကျကျ
အာဂမိန်းမတွေ
ချီးကြွေလည်း စားမယ့်မျိုး
_ ကြွေးလည်း စားမယ့်မျိုး
အလကား၊ အလကား
၉၉% ဘာမှ အသုံးမကျ
လုံးဝလုံးဝပဲ
လာမကပ်ကြနဲ့
ငါ... မိန့်တော်မှတ်တယ်...။

ခေါင်းမပါတဲ့လူတွေ မြင်ချင်လား

ငါပြောသင့်တာ ပြောမယ်
မမြင်ချင်တာ မြင်နေရလို့...။

ခေါင်းဆောင် (ခေါင်းရှောင်) ဆိုတဲ့
ခွေးသူတောင်းစားတွေ
မင်းတို့ဟာမင်းတို့
ဖာချချင်ရင် ချ
ဘိန်းစားချင်ရင် စား
ဖိုးရှူချင်ရင် ရှူ
ဝီစကီ စုပ်ချင်ရင် စုပ်
ဘာလုပ်လုပ်၊ ညာလုပ်လုပ်
လုပ်ချင်တာလုပ်...။

အပြတ်ပြောမယ်
မင်းတို့၊ ဒင်းတို့၊ သင်းတို့
ပြည်သူ့ဘဝတွေကို ချမနင်းနဲ့
တိုင်းပြည်ကို မရောင်းစားနဲ့
လူမျိုးကို မစော်ကားနဲ့
ဘာသာကို မထိပါးနဲ့
အဲ... မဟုတ်ရင်တော့
ခေါင်းမပါဘဲ
အိမ်ပြန်သွားရလိမ့်မယ်
ဒါ... အတည်ပြောတာ
ငါ့အတွက် ဝန်လေးတာ
ဘာမှမရှိဘူး...။

Right ဆိုတဲ့ ဖာသယ်စကား

ပြောလိုက်တဲ့စကား
ကြီးကြီးကျယ်ကျယ်
အနန္တစကြာဝဠာ
အာကာတခွင်လုံးထက်ကျယ်....။

Right တဲ့ ... ထွီး
ဖိနပ်ကြား နတ်စကား
ရွံလိုက်တာ... ထွီး
ယောက်ျားတိုင်းနဲ့ အိပ်တဲ့ Right
အိုင်တွေ့တိုင်း ခြေဆေးတဲ့ Right
ကြာကူလီ Right
လိုတာဆွဲသုံး ဖာသယ်မျိုးတွေ
တွင်တွင်ကျယ်ကျယ် သုံးတဲ့ Right...။

ဒီလူမျိုး၊ ဒီသောက်ချိုးတွေနဲ့
ဒီစရိုက်ဆိုးတွေနဲ့
Right ချင်ဦးကွ
မိုက်ချင်ဦးကွ
Right ဆိုတဲ့ ခွေးသူတောင်းစားတွေ
သတ္တိရှိလား
ထွက်လာခဲ့ကြ
စောက်ရေးမပါတဲ့ Right...။

သောက်ရူးတွေ (စောက်ရူးတွေ)

လူတွေဟာ ချီးပဲစားသင့်တယ်
ထမင်းနဲ့ လုံးဝမတန်ဘူး
အားလုံး အရူးတွေချည်းပဲ
အရူးချီးပန်းတွေ
အားလုံး ချီးစားကြ...။

သစ္စာ၊ မေတ္တာ
ကရုဏာ၊ မုဒိတာ
ဒါမျိုး တခုခုရှိကြလား
ဟန်ဆောင်တော့ မပြောနဲ့
ဒါတွေတခုမှ မရှိရင်
ယုတ်ညံ့ဆုံး တိရိစ္ဆာန်ထက်
ယုတ်ညံ့တဲ့ အောက်တန်းစား
သတ္တဝါသာဖြစ်တယ်...။

ယုတ်ညံ့တဲ့ အာသီသကိုပဲ
ဦးစားပေးတတ်တာ
ဘာတဲ့... အချစ်... ဟုတ်လား
ထွီး... ထွီး... ထွီး..
တိရိစ္ဆာန်တွေရဲ့ အလုပ်တွေ
မင်းတို့ထင်တဲ့ ဟုတ်တာတွေဟာ
တခုမှ မဟုတ်ဘူး
အားလုံး စောက်ရူးတွေချည်းပဲ
ငါ့********မှပဲ။

Sunday, December 26, 2010

ဖြစ်ကတတ်ဆန်း ဂါထာ

တနေကုန် ထိုင်တွေပြီး
တရေးရေးမြင်လာတဲ့
သောက်သုံးမကျ ငါ့ဘဝ
ကောက်ကောက်ကွေးကွေး
မလောက်လေးမလောက်စား
ငါ... စနေသား
မရဏဘွား
အလကားကောင်...။

နောင်တတွေ ရလွန်းလို့
ငါရေးတဲ့ ကဗျာ
တခါမှ ပြန်မဖတ်ဖြစ်ဘူး
ရူးရေးတဲ့ ရူးကဗျာ
အသုံးကျတာ ဘာမှမရှိ....။

တစိမ့်စိမ့်ကြည့်လည်း
ဘာမှမမြင်
ခွင် (ဂွင်) လည်းမသိ
ဘယ်လိုညှိမလဲ
ဘယ်လိုဆင်မလဲ
ဘယ်သိမလဲ ငတုံးပါဆို...။

တနေထွက် တနေဝင်
ဆန့်တငင်ငင်နဲ့
အသက်ရှင်လာတာ
ခုခါဆို တပတ်နွမ်းပြီ
သုံးပုံတပုံ
ကုန်မှန်းမသိကုန်လို့
ပညာရှာ... မရ
ဥစ္စာရှာ... သုည
သြော်... အနိစ္စ
ဒုက္ခ၊ အနတ္တ
သင်္ခါရတွေ မဟုတ်လား
လက်ကျန်ဘဝ
ဒီပင်စင်လစာနဲ့
မဝတဝ
မလှမပ
စဓဗဝ
ဥုံ... သွာဟ...။

တကယ်ပါ

တိတ်တိတ်ဆိတ်ဆိတ်
နေ့ရော၊ ညရော
ရှေ့ကော၊ နောက်ကော
အတွင်းရော၊ အပြင်ရော
တလောကလုံး ငြိမ်သက်လို့...။

ခံပြင်းစိတ်တွေနဲ့
မာန်တင်းလို့
အံကြိတ်လို့
ငါ့... ဒေါသတွေ
တိတ်ဆိတ်မှုကို အံမတုနိုင်...။

ဒီဂနိုင်ကြီးက
အပြောကျယ်တယ်
သိပ်သည်းတယ်
ပိတ်ဖုံးနေတယ်
ထူထပ်နေတယ်
သက်မဲ့တွေချည်းပဲ
နေရာယူလို့
သူပဲ.. ပထမ
ဒုတိယ
တတိယ...။

မဟာကရုဏာတွေ
သစ္စာမဏ္ဍိုင်တွေ
ပါရမီဖြည့်ဘက်တွေ
တမျိုးတော့ မထင်ပါနဲ့
နေရာမရှိတော့ဘူး
သူ့အိုးနဲ့ သူ့ဆံပြည့်နေပြီ...။

ဆိုတော့...
တလွဲဆံပင်ကောင်းနေရင်
ငြိမ်သက်တာဟာ
ပေါက်ကွဲဖို့
အေးချမ်းမှုဟာ
လောင်မြိုက်ဖို့...။

ငါဟာ
ကိုယ့်အတက်နဲ့ ကိုယ်စူးတဲ့
ဒေါက်တာရမ်းကုပေါ့
သို့မဟုတ်
အနုမြူတီထွင်သူ...။

ဒီတော့...
တိတ်ဆိတ်ငြိမ်သက်မှုကို
ရင်ဆိုင်အံတုရမှာ
ငါကြောက်လာတယ်
တကယ်ပါ....။

Thursday, December 9, 2010

အခန်းငယ်သည် အခန်းကျယ်ထဲတွင်

ခန်းမရဲ့ လယ်ခေါင်မှာ
ယိုင်နဲ့နဲ့ ရပ်နေတဲ့ ငါ့ကို
မျက်လုံးပေါင်းစုံက
အကြည့်မျိုးစုံနဲ့ ကြည့်ပြီး
ဘယ်လို အမြင်ပေါင်းများစွာဖြင့်
မြင်သွားကြပါလိမ့်...။

ဒီမျက်လုံးများကို ရင်ဆိုင်ဖို့
ကြောက်ရွံ့ခဲ့တာကို
ရိပ်မိကြရက်နဲ့
မျက်လုံးတွေ ကြည့်သွားခဲ့တယ်...။

ဒီအကြည့်တွေရဲ့
အဓိပ္ပါယ်ကို မသိရပေမဲ့
ဒီအကြည့်တွေကို
လိုလို ရွံမုန်းသွားခဲ့တယ်...။

ဒီလိုနဲ့...
အကြည့်တွေက လွတ်မြောက်ဖို့
အခန်းကျဉ်းတခုမှာ
လွတ်လပ်မှုကို ရှာဖွေဖို့
တောင့်တနေမိတယ်...။

ငါနေတဲ့ ခန်းကျဉ်းထဲမှာ
ကြွက်တကောင်
နာရီတလုံး
ပေါင်မုန့်တလုံးနဲ့
ကြိုးတချောင်းဟာ
ငါရဲ့ မဟာမိတ်တွေပေါ့...။

ငါ.. မှေးစက် နားယူချိန်မှာ
နာရီကတရစပ် ဟောက်နေတယ်
တရေးနိုး မွတ်သိပ်နေလို့
ပေါင်မုန့်ထယူချိန်မှာ
ကြွက်က မ၀မချင်း
ခိုးယူစားသောက်နေတယ်
အရမ်း ဒေါသထွက်မိတယ်
စိတ်မပါဘဲ အိပ်ခန်းပြန်ဝင်တော့
ကြိုးတချောင်းက မသိကျိုးကျွံပြုကာ
အိပ်စက်နေလိုက်တယ်
ဒေါသ ငယ်ထိပ်ရောက်သွားတယ်
ဟင်းချကာ ဒေါသက
ခန်းတံခါးကို ဆွဲပိတ်လိုက်တယ်...။

ကမ္ဘာငယ်တခုရဲ့
ပဋိပက္ခမှာ
ကိုယ့်ကိုကိုယ် ရှေ့နေလိုက်ခဲ့တယ်
အတ္တသုံးကောင်က
လက်နက်အမျိုးမျိုးနဲ့
တရစပ် ပစ်ခေတ်လာမှ
တရားသူကြီးမရှိမှန်း သိသွားတယ်
စိတ်ပျက်အားငယ်ကာ
ခန်းတံခါးတောင် မပိတ်မိတော့...။

သွေးဆုတ်ပြီး လဲအကျမှာ
လာထူမဲ့သူကို ကြောက်ရွံ့မိတယ်
ကြွက်သူခိုးကများ ကိုက်ဖဲ့သွားမလား
မောဟကြိုးကများ ချည်နှောင်သွားမလား
လက်တံတွေကများ ရုတ်ပုတ်သွားမလား
တကယ်အားကိုးရမှာက
ကိုယ့်ကိုကိုယ်လို့ သိလိုက်ရတယ်...။

ငါ့ကို နှိပ်စက်မှာ သေချာမှန်း
သိလိုက်တဲ့အချိန်မှာ
အကုန်လုံးကို ငါ....
သတ်မိလိုက်ပြီ
တကယ့်တော့
ငါဟာ ကမ္ဘာငယ်ရဲ့သူကောင်းပေါ့
အောင်ဆုတွေ ပွေ့ပိုက်ပြီး
ကမ္ဘာကြီး ခြေဆန့်လိုက်တော့
အောင်နိုင်သူတွေ ဒုနဲ့ဒေး
ဆရာ့ဆရာကြီးတွေ အပြည့်
တလှမ်းချင်း ရှေ့တိုးတော့
ငါ့ကို မသင်္ကာကြည့်ကြတယ်

ခန်းမရဲ့ လယ်ခေါင်မှာ
ယိုင်နဲ့နဲ့ ရပ်နေတဲ့ ငါ့ကို
မျက်လုံးပေါင်းစုံက
အကြည့်မျိုးစုံနဲ့ ကြည့်ပြီး
ဘယ်လို အမြင်ပေါင်းများစွာဖြင့်
မြင်သွားကြပါလိမ့်...။


ဒီမျက်လုံးများကို ရင်ဆိုင်ဖို့
ကြောက်ရွံ့ခဲ့တာကို
ရိပ်မိကြရက်နဲ့
မျက်လုံးတွေ ကြည့်သွားခဲ့တယ်...။


ဒီအကြည့်တွေရဲ့
အဓိပ္ပါယ်ကို မသိရပေမဲ့
ဒီအကြည့်တွေကို
လိုလို ရွံမုန်းသွားခဲ့တယ်...။


ဒီလိုနဲ့...
အကြည့်တွေက လွတ်မြောက်ဖို့
အခန်းကျဉ်းတခုမှာ
လွတ်လပ်မှုကို ရှာဖွေဖို့

တောင့်တနေမိပြန်တယ်...။

Monday, December 6, 2010

မျိုးတုံးတော့မယ့် လူသားများ

လူကမွေးလို့
လူဖြစ်လာတာ
လူပီသပြီမထင်နဲ့...။

စားကာ၊ သောက်ကာ
ပျော်ကာ၊ ပါးကာ
မူးကာ၊ ရူးကာ
ဒါတွေက
လူတွေရဲ့ ပဓာနမဟုတ်ဘူး။

ဒီလောက်ကိုသာ
ကြည့်တတ်၊ မြင်တတ်
ပြောတတ်၊ ဆိုတတ်
ပြုတတ်၊ မူတတ်ရင်
နင်ဟာ ခွေးလေ ခွေးလွင့်
အောက်တန်းစား အဆင့်ပဲ။

လူဆိုတာ
စွန့်လွှတ်ရတယ်
ပေးဆပ်ရတယ်
ခွင့်လွှတ်ရတယ်
နှိမ့်ချရတယ်
ဒါမှ လူပီသတယ်
ဝီရလို့ မခေါ်ဆိုနိုင်သေးဘူး။

ဒီကမ္ဘာမှာ
မျိုးတုံးတော့မဲ့ သတ္တ၀ါဟာ
လူပဲ
ဒီအန္တရာယ်ကို
ဘယ်လို ကာကွယ်ရမလဲ
ဘယ်သူ ကယ်တင်နိုင်မလဲ
ကဲ...
ခုကတည်းက
တာဝန်သိသူများ
လူသားအမျိုးအနွယ်ကို
စောင့်ရှောက်ကြပါတော့လား...။

ဆောင်းတွင်းက ချစ်စရာ

အခုတလော တော်တော့်ကို
နေသာထိုင်သာရှိတယ်
ရာသီဥတုကလည်း ချမ်းမြမြ
တချက်တချက်တိုးဝှေ့လာတဲ့
လေပြေကလည်း အေးလွှလွှ
အဲဒီချိန် ဆေးလိပ်တတိုက
အတော့် ရသာရှိသကိုး...။

ကောက်ညှင်းပေါင်း ငွေ့တထောင်းထောင်း
အုန်းသီးခြစ်ကလေးနဲ့ စပ်
နှမ်းထောင်းလေးနဲ့ ဟပ်လိုက်တော့
တယ်မွှေး တယ်ဆိမ့်သကိုး
ရေနွေးကြမ်း ဖန်ခါးခါးလေး မြိုချလိုက်
ကောက်ညှင်းပေါင်း ကော်ဝါးလိုက်နဲ့
နေပူစာလှုံပြီး သတင်းစာဖတ်ရတာကလဲ
စည်းစိမ်တမျိုးပေါ့....။

ခွေးမပိန်တကောင်ကလည်း
ခေါင်းတထောင်ထောင်နဲ့
ဆာလောင်နေဟန်တူရဲ့
ခွေးပေါက်စ သုံးကောင်ကတော့
တိုးကြိတ်လို့ နို့လုစို့လို့ မ၀မခန်း
ပိန်သာပိန်တယ် မေတ္တာကြောင့်လားမသိ
နို့ရေတော့ ထုတ်ပေးရှာတယ်
ဟယ်... သနားစဖွယ်
ရော့ဟဲ့... တတုံး။

မယ်ဇယ်ပွင့်တွေလည်း ထိန်ထိန်ဝါလို့
စွင့်စွင့်ကားကားပေါ့၊
ငှက်မျိုးစုံကလည်း စာစာညံလို့
ပလီပလာနဲ့လေ၊
ပန်းမျိုးစုံကလည်း ကျူကျူမွှေးလို့
ဖူးငုံပွင့်လန်းနေကြတယ်။

ဒီဟေမာန်အလှနဲ့
တံတျာတပုဒ်ကို သီဆိုရင်း
ဒီဆောင်းတွင်း ကုန်သွားမှာဖြင့်
စိုးထင့်နေမိတယ်
ဆေးလိပ်တတိုရယ်
ကောက်ညှင်းပေါင်းရယ်
ခွေးမပိန်ရယ်ပေါ့....။

Sunday, December 5, 2010

ကောင်းကင်ကို ကောင်းမြင်ခြင်း

မျက်စိနှစ်လုံး ပွင့်လိုက်တာနဲ့
လောကကြီးရဲ့
သာယာမှု၊ ကြည်းတန်မှုတို့ကို
ကနဦးရှုစားလိုက်တယ်
ပြီးတော့...အသက်ကို
အသင့်အတင့်ရှူရှိုက်လိုက်တယ်။

လောကကြီးရဲ့ သာယာမှုကို
အပြုံးတပွင့်ဖြင့် ဂုဏ်ပြုလိုက်တယ်
ဖူးပွင့်စ ပန်းကလေးတွေက
ချီးကြူး ထောမနာပြုကြတယ်။
ထို့အတူ...
လောကကြီး ကြည်းတန်မှုကို
မျက်နှာထားတင်းတင်းနဲ့ ရှုတ်ချလိုက်တယ်
တိုက်ခတ်ဆဲ လေပြေအေးအေးက
အားပေး ထောက်ခံ အတည်ပြုလိုက်တယ်။

တဖန်...
စကြာဝဠာရဲ့ ရှေ့နဲ့နောက်ကို
ပေါင်းကူးပေးရင်း
အာဟာရတို့ကို ညီမျှအောင်
ဝေငှပေးလိုက်တယ်
ပြီးမှ... ငါ့ရဲ့
သမာဓိထူထောင်ချိန်ရောက်တယ်။

ထို့နောက်
ရင့်သီးတဲ့ ဝေါဟာရတွေကို
မှင်နီမျဉ်းပြိုင်နဲ့ အသိအမှတ်ပြုလိုက်တယ်။
ငါ့ဝန်းကျင်မှ
အသက်ရှိ အသက်မဲ့တို့ကလည်း
တည်ငြိမ်စွာနဲ့
ငါ့အား ကောင်းချီးပေးတယ်။

နေသာတဲ့ နေ့တိုင်း ငါပျော်သလို
မိုးအုံ့တဲ့ နေ့တိုင်း ငါရွှင်လန်းတယ်
တမ်းတခြင်း၊ လွမ်းဆွတ်ခြင်းတို့ကို
အပိုလုပ်တခုဖြစ် သတ်မှတ်ပြီး
ဝမ်းနည်း ၀မ်းသာမှုတို့ကို
ဂျောင်ထိုးထားလိုက်တယ်။

ဒီကနေ့ နေသာတယ်
ဒါကြောင့် ငါပျော်တယ်...။

Sunday, November 14, 2010

ကိုယ့်ကဗျာက ဝေဒနာမှလာ

ငါဟာ...
ကဗျာတပုဒ်ဖြစ်ဖို့အတွက်
ခေါင်းချောက်ခဲ့ဖူးတယ်
စဉ်းစားခဲ့ရတယ်
စကားလုံးရွေးရတယ်
ဝေါဟာရစီချယ်ခဲ့ရတယ်
ကာရန်တွေ ညှိုခဲ့ရတယ်
ဒါတွေဟာ...
မလိုအပ်တာတွေပဲလို့
တညမှာ
ရုတ်တရက်ပဲ သိလိုက်ရတယ်...။

ငါ့မှာ...
သူတို့ပေးခဲ့တဲ့ ဝေဒနာတွေ တပုံကြီး
သူတို့ထိုးနှက်ခဲ့တဲ့ ဒဏ်ရာတွေ အများအပြား
သူတို့ပစ်ပယ်ခဲ့တဲ့ ငါ့မေတ္တာတွေ
သူ့တို့ခနဲ့နေတဲ့ ငါ့စေတနာတွေ
တွေ့ကြုံဆုံကွဲ မဖြစ်ချင်ပဲဖြစ်ရတဲ့ သင်္ခါရတွေ
ငါ့ကို မလိုလားသူတွေအတွက် ကျရတဲ့ မျက်ရည်တွေ
ဒါတွေအကုန်လုံး
ငါသုံးရမယ့် ဝေါဟာရ
ငါရွတ်မယ့် အစွမ်းထက်ဂါထာ
ငါလိုက်နာရမယ့် ဥပဒေတော်
ငါ့ကျင့်ရမယ့် ကဗျာ့ဘောင်တွေပေါ့။

ဟော...
ငါချစ်တဲ့သူတွေ ဟိုမှာဘက်ကို
ငါ့ကိုချစ်တဲ့သူတွေ ဒီမှာထားခဲ့ပြီ
ငရဲမှာ အတူနေဖူးသူတွေ
ဒုသနသော ရွှတ်ဖော်တွေ
ဆုံခဲ့တာဟာ ကွဲဖို့သက်သက်
သိရဲ့သားနဲ့
ဒီဓမ္မ၊ ဒီသဘာဝတွေကို
တကယ်သဘောမကျလှဘူး...။

ဟူး...
လေပူတွေ
ဒေါသတွေ၊ မောဟတွေ
ဗျာပါဒတွေ၊ နီဝရဏတွေ
မကုန်သေး
ဟိမဝန္တာကလည်း ငါ့ကိုမဖိတ်
နေရဉ္စရာက ရေမပေးတော့...၊
သြော်... တကယ်တော့
ကိုယ်ကသာ သံယောဇဉ်ထားတာ
သူတို့က ပြတ်သားနေပြီ
ကိုကြီးကျော်ပလီတာ မလွန်ပါလား...။

အတိတ်တပုံကြီးတောင် စွန့်နိုင်သေးတာပဲ
အခုလဲ ကဗျာတပုဒ်စာ
ဝေဒနာတွေကို ဝေမျှပါရစေ
ဒီတော့...
နည်းနည်းခံသာမယ်ထင်ပါ့...။။

Friday, November 12, 2010

ဒုက္ခက ယုယတတ်သေး

ဖိနပ်ကလေး တဖက်
သွေးစက်တွေ ပေလို့
ဘဝပျက်နေပုံ...
ရေစိုပြီး ချမ်းတုန်နေတယ်
စိုစိုထိုင်းထိုင်းနဲ့
ပိုင်းပိုင်းဖြတ်မခံရဘို့
သို့မဟုတ်
မိတ်ဘက် ဖိနပ်တဖက် ပြန်ရဖို့
ငိုကြွေးမြည်တမ်း နေလေရဲ့...။

ဒီဆောင်းတွင်း
ကဆုန်ဆိုင်းပြေးဝင်လာတဲ့
လေရိုင်း၊ လေပွေ
ရိုးကွဲမတတ်အောင်
အားခဲရလွန်းလို့
နှုတ်ခမ်းဖျားမှာ သွေးစွန်းနေလေပြီ
အံကြိတ်ရလွန်းလို့
မေးရိုးတွေလည်း တထောင်ထောင်
အကာအကွယ်ဆိုလို့
ပေရေစုတ်ပြတ်နေတဲ့
စွပ်ကြယ်တထည်သာ...။

မှက်...ခြင်...ယင်
သူတို့က ချစ်ခင်စရာပါ
သွေးစုပ်ပေမဲ့ ဝရုံ
အသားစားပေမဲ့ တော်ရုံ
ဆာပြေရုံပဲ
ဒီထက်ကဲ မလွန်ကျူးဘူး
သူငယ်ချင်းမှ မရှိတာ
အဖော်ဟာ သူတို့ပေါ့
မိဘမှမရှိတာ
ကြင်နာစရာဟာ သူတို့ပေါ့
ချစ်သူမှမရှိတာ
တွယ်တာစရာဟာ သူတို့ပဲပေါ့၊
သူတို့နဲ့ ငါက
ဒီဂနိုင်ထဲမှာ
ငါ့မျက်လုံး မမှိတ်ခင်အထိ
အဖော်ပြုနေတဲ့ မိတ်ဘက်ပါ...။

ငါ့မျက်လုံးအစုံ
အာရုံဟာ မှုန်ရေဝါး
နှင်းစက်များ တဖောက်ဖောက်
ဒီသန္တိအေးချက်က ရက်စက်တယ်
တသက်မယ် မကြုံဖူးရ
ဒုက္ခဆိုတာလဲ
မဖိတ်ခေါ်ပဲ ရောက်တတ်ကလား
ရွှေပေါ်မြသားတင်တဲ့ ဘဝက
အားအင်ကုန် ပုံကျသွားတော့
ဟော...
လာပြီးဗျား ဒုက္ခ
တဘဝစာ
...........
...........
...........
မျက်လုံးအမှိတ်မှာ...။

သိသော်လည်း မကျင့်

တွေးကတော့ ရှိသား
ကိုယ်ကာယသနားတော့
မိုက်လှပေါ့ ငါငါ
မကောင်းရာ အထင်ရှိသော်လည်း
စိတ်ဇွဲတော် သန်သန်မို့
နှစ်ခါပြန် မိုက်လှချည့်
မှောင်မိုက်သည့် ညလယ်
လတိမ်ကွယ် မှုန်ရေဝါးသလို
မထင်သည် ဖြစ်တတ်သမို့
ခုဖြတ်စို့နော်ကွယ်
လောကဓာတ်ဝယ်
လူမမယ် နိဂုံး
ချောက်ခြားစရာပေါ့
ဖောက်ပြားဖို့ မကြံရွယ်နှင့်
မီးခြစ်ခြစ် ပူတောက်သလို
ဘလောင်ဆူ ဘုရားတကာ
တရားက မပါလေဘူး
သွက်သွက်ရူး ရဟတ်နှယ်
မိုးဗြဲဒယ် မခိုချင်လျှင်
ငရဲအလို မလိုက်နှင့်တယ်လေ့။

Thursday, November 11, 2010

ဖြစ်သင့်တာ ဖြစ်လိုလျှင် ကျင့်သင့်ရာကျင့်

ထင်သလို မြင်ပိုမခအောင်
ရှောင်စရာ ရှောင်ကြဟေ့
ကြောင်သူတော် မိစ္ဆာလို
ဝမ်းတွင်မသို
အကျိုးလိုလို့ ပြောရတယ်
ပြစ်ရယ်လို့ မတင်နဲ့အုံး၊
ဒီကျင့်မျိုး ဆိုးလှတာ
ငရဲရွာ ရောက်မဲ့ဖြစ်မျိုး...။

ဆင့်တိုးလို့ ပြောရစေ
ထားလေတော့ သတိ
ခွင့်သိသူ မနှေးပြင်ပါ
ဖြင့်သင့်ရာဖြစ်
ကျင့်သင့်ရာ ကျင့်ပါနော်
မေတ္တာတော်စူးစူး
ကရုဏာထူးသလောက်
ပေါက်ရောက်တဲ့ မုဒိတာ
အများချမ်းသာ မြင်ပါရစေ
ငါတွေ ဆုတောင်း...။

Friday, November 5, 2010

ငါ.. (သို့) အသက်မဲ့တို့ ဆန္ဒ

ကြည်ကြည်ပ ရေငယ်အိုင်
ဖက်ကြာဝယ် ခိုကာမြူး
ထက်မှာကယ် ခုန်ကာကြူးလို့
ပြူးပြူးကြယ်ကြယ်၊
ဖားသူငယ် ရေဝယ်ကူးကာ
ကြင်သူမှာ မမြင်တတ်အောင်
ကတ်ကတ်လို့ခေါ်။
မေတ္တာတော်လိုပ
အေးကြစေသောဝ်...။

ထွန်းသာစွ ဖိုးရွှေလ
တမြူမှ တိမ်မကွယ်
ဝန်းကျင်ဝယ် ရွှေကြယ်ခလို့
လသဘင် ကျင်းပလို့ရယ်၊
ပြည့်ဝန်းလို့ လင်းပသလို
ကြည်ရွှန်းမြ အေးပသကို
ဟို.. ဆယ်နှစ်ကလို
တို့ဘိုးအို မနေနားတယ်
ခါးမနာတုန်း...။

ပွင့်ဖူးရယ် ငုံငုံ
ပိတုန်းငယ် မောင်နှံစုံက
ရစ်ဝဲကာ ဝတ်ရည်စို့တယ်
သုံးကြစေကွယ်
ပွင့်မြဲကာ မာန်မရှပါဘူး
ခူးလိုခူး ဆွတ်ပါစေ
ပွင့်ကြွေမှ ပျော်ရလျှင်
နင်းချေလို ချေနိုင်ပါတယ်...။
အမယ်မယ် သဘာဝတွေက
ပြုသမျှခံပါရသော်လည်း
အေးစေကြောင်း၊ မွေးစေကြောင်း
တသောင်းလုံး ထိန်ပါစေ
အလင်းဓာတ်တွေဝေ
အားလုံး...
ရေလိုအေးလို့ ပန်းလိုမွေးကြစေ...။

Saturday, October 30, 2010

သောက်တတ်ရင်ဆေး

နေညိုညို
ပင်ပျိုပျို
ချဉ်စို့စို့နဲ့ မြုပ်စီစီ
မြူဆွယ်သည်
ကြူလှိုင်ရည်
ပုဆိုးသိုင်းလို့ ပလ္လင်ခွေနဲ့
ငှဲ့ပါလှည့်... နောက်ကျလိမ့်မည်။

မျက်ရီရီ
နားနီနီ
နှာခေါင်းချွေးတွေစီလို့
မွေးလှသည်
အေးလှသည်
ငါးပိဆီဆန်း ငရုတ်ကစပ်သနဲ့
ထည့်ပါလှည့်... နောက်ကျလိမ့်မည်။

ပုစွန်ဆီ နေခြည်ဆင်းလေတော့
ပြန်ပါပြီ နောက်တချီမဆက်နိုင်ပေါ့
ရှေ့ဆွဲနောက်ဆွဲ
ခွေယိုင်မလဲအောင် လမ်းလျှောက်ရမည်။

နှင်ရာဆီ လေပြည်သော့လေတော့
တန်ပါပြီ ပတ်ကာချည် ပုဆိုးမနိုင်ပေါ့
မအော့ဘဲ မအန်ဘဲ
ခွေယိုင်မလဲအောင် လမ်းလျှောက်ရမည်။

တန်ရာသာ
တမြူသုံး
ခွက်ပုန်းကာ
လှည့်ခိုးကာ
မရိုးတာမှန်သမျှ
သည်မျိုးဟာ ဆေးခအောင်
ဆီးရွှင် လေကောင်း
ခါညောင်းသမျှ မြတ်စွန်းရအောင်
ဘောင်မကျော်နဲ့
လာဟဲ့... တည်ကွဲ့... ငှဲ့လှည့်ပါမောင်...။

Monday, October 25, 2010

အချစ်ဝန်ထမ်း

ရင်ဘတ်ထဲမှာ မျိုသိပ်ထားတာ
ကြာပြီပေါ့ကွယ်၊ နာကျင်လှတယ်
ဆွေးမြဲ...။

ခင်နှမရယ် ကြင်ခါစမယ်
နွေအလှနဲ့၊ ကြွေပါရတယ်
မခွဲစတမ်း...။

ယင်ဖိုမသန်းအောင် ထမ်းဆောင်ပါ့မယ်
ချစ်စခန်းကျယ်၊ ပန်းမာလာချယ်လို့
ဆန်းကျယ်မြဲ...။

အဖော်ကွဲ ဥသြငှက်ငယ်
နွေထဲ၊ တကောင်တည်း
ဆွေးနေမြဲ...။

မရှိလည်း၊ ရှိသလိုဘဲ
ချစ်မြဲ၊ ချစ်နေမယ်
ပစ်မြဲ၊ ပစ်မထားနဲ့...။

Tuesday, October 12, 2010

ဝေးသူရယ် လွမ်းတယ်ကွဲ့

ဝန်းပါလှ ထွန်းသာစွ ရောင်နီနီ
ဆေးပန်းချီ ရှုမအီ စီရင်ဘိအလား
လင်းအားဖြာ နှင်းသားကိုခွင်းလို့
အထင်းသားပင် မြင်ရပြီ။
ပရိရ်စည် နရီမခြား စက္ကန့်မမှားအောင်
တိတ်တဘောင်မှာ မင်္ဂလာရှိသမို့
ပြည်သာလို့ ဗိုလ်လူတို့ပျော်။
ဂါထာတော် မှန်းကော်ရော်သည်
ဗုဒ္ဓါဆီ ဦးတည်၍
မမေ့သတိရား အစဉ်ထား ဘာဝနာပွားကြတယ်
မန်းရွှေပြည် သာဆုံးပလေး။

လွမ်းပါလှ တမ်းပါရ ငံ့လင့်သည်၊
မင်းရွှေပြည် ဦးချီတောင်ရိုးနှင့်၊
ရိုကျိုးစွာ ပုဒုမ္မာ၊ လက်စုံဖျာ ထိပ်မိုးလို့၊
ပိုးသေ ရိုးမြေကျသည်ထိ၊
ဂွမ်းဆီဘိ အိလှတယ်၊
ပီတိနှယ် ဖြာကွန့်ကယ်လေး။

စုစုချွန်းချွန်းနှင့် မွန်းလစ်လစ် တင့်လှတယ်၊
ရင့်သံသာ သီကာကျူးလို့
ဝမ်းဘဲတို့က တကျော်ကျော်၊
ကန်ရေနော် ကြည်ကြည်ပသော်ကြောင့်
ဘဝင်တော် ပျော်ပါရတယ်၊
ခက်ကယ်လို့ မတွေ့ဘူး
ဖျထူးလို့ ကျေးကျွန်တော်
မျှော်သမျှ လှဂုဏ်ခတာ
လှူဒါန ကမ္မကြောင့်လေး။

မိုးတခွင် ငွေကြယ်စင် ယှဉ်ပြိုင်ဝန်းသည်၊
ရှစ်ခွင့်ဆီ ပလီဆွဲငင်လှ
ချစ်နှမ ခင်ကသို့နှယ်။
သင်းလှတယ် ငွေသဇင်ပန်း
တင့်ဆန်းကာ ကျူသာလှ၊
မြင်သမျှ ဗိုလ်လူက ဆင်သလိုတယ်၊
သခင်ရယ် သဇင်နှယ် လေနှင်ယိမ်းသလို
တိမ်းရက်သော် ခက်တော်မူပါဘိ
ကိန်းနိမိတ် မမြင်မိသော်ကြောင့်
မှောင့်ပယောဂ ကင်းရတယ်
သက်ပြင်းရယ် ချဖွယ်တော့လေး။

ပုစွန်ဆီ ရောင်နီယွန်းပ နေကျလှပြီ
ငှက်ပလီအစုံစုံတို့ အိပ်တန်းဆီ ပျံသမို့
တကျွီကျွီ စက်မှီရာလုကြတယ် ဖွဲ့တည်ရာသို့။
ကညာမျိုးတို့က ရေးအိုးကိုယ်စီနဲ့
လှတိုးသည့်သက်လယ်။
ချစ်ခွန်းရယ်ချွေ ဘဝလေဟပ်တော့
ကျော့မော့မော့ရယ် ချစ်ဦးကငယ်သူပါ
ခွင့်ထူးမှာ မေတ္တာမျှ နတ်ကြိုးကသွယ်
မဖြတ်ရိုးကောင်းမို့ ရိုးမြေကျပေါင်းစို့ကွယ်
မင့်ရယ်အခုတော့ ငယ်သေးပေါ့လေး။

ဘဝါဘဝေက နှစ်ဖြာရေစက် လက်နဲ့မကွာ
သာသနာ ရောင်ဖြာလင်းအောင်ပ
ကျင့်သီလ မြတ်ဒါနာ
ဘာဝနာတလီပွားပြန်တော့ ရောက်ပေါ့နတ်ရွာ…။
တမ်းကာသာ မှန်းဆပါသော်လည်း
လွမ်းရတာ ပမ်းလှပါပေါ့
ကျော့သခင် အစဉ်ခိုးမှီးရာ
ဘုဉ်းမောင့်မှာ ဝကွက်မချန်သာအောင်
အရောင်ရှိသမျှလင်း အလင်းရှိသမျှထိန်
ပရမေထံ သစ္စာခံကတိနှင့်
ဝန်းရံလို့ချုပ် မလှုပ်သာပေဘူး
မေ့အတွက် ထူးမြတ်ကဲ့လေး။

Sunday, October 10, 2010

ချစ်စစ်ချစ်မှန်

ညကသူလာတယ်
ရုပ်ကလည်း ဆိုးပါ့
သဘောကတော့ ကောင်းပါတယ်
ပြောကလည်း ညက်ပါတယ်
ဒါနဲ့ပဲ.. သူ့ကို
အခန်းထဲဝင်ခွင့်ပြုလိုက်တယ်...။

အခန်းထဲကထွက်လာတော့
ပုံမကျတဲ့ အဝတ်ကိုစွပ်ပြီး
ကျေးဇူးပဲနော်တဲ့...
အလား...
နတ်သမီးတပါးလား
နာနာဘာဝလား
လှပကားတွေ
လှပကားတွေ...။

ငါကသူ့ကိုသိပ်ချစ်တာ
မြတ်နိုး၊ ယုံကြည်မှု၊
ကိုးစားမှု၊ ခင်တွင်မှု၊
ယုယမှု၊ ကြင်နာမှုတို့နဲ့အတူ
တန်ဘိုးလည်းထား၊ လေးစားတယ်
သူ့ကြောင့် ကိုယ်အမြဲစိတ်ချမ်းသာရတယ်
ကိုယ့်ကြောင့် သူအမြဲအေးချမ်းနေတယ်
ဒုက္ခဘုံလေးတခုကို တည်ဆောက်တော့လည်း
ကူဖော်လောင်ဖက်
သုခ အသိုက်အမြုံလေး ရလာတော့လည်း
ထိန်းဖော် သိမ်းဖက်ပဲ...။

သူနဲ့ကိုယ့်အချစ်က
တဏှာမပါဘူး
လောဘမရှိဘူး
ဒေါသဆိုတာ ဘာမှန်းကိုမသိ
အဲလောက်အေးချမ်းတာ
ငြိမ်းချမ်းတာ
နှစ်ယောက်လုံးက
သင်္ခါရအကြောင်းသိတယ်
တခဏအကြောင်းသိတယ်
ကဲ...
ကိုယ်တို့ရဲ့အချစ်က
အားကျဖို့မကောင်းဘူးလား..။

Tuesday, October 5, 2010

ကွင်းဆက်အနိဋ္ဌာရုံ

တော်လှန်သောစိတ်မှာ
အကုသိုလ်ကများတယ်
အချွင်းချက်နေနဲ့ သူလည်းပါဝင်ရတယ်
ရှေ့ခရီးကို တာစူနိုင်ဖို့
ချစ်တော်မြင်းဖြူကြီးလဲ အသက်ပေးရတယ်။

ပုန်ကန်သောစိတ်မှာ
ညစ်ခြင်းတွေကများတယ်
တပုလင်းနဲ့လဲ မလောက်နိုင်
ကိုယ်မယိုင်အောင်ထိန်းရင်း
ကလေးကိုလည်း ကျောင်းရတယ်။

တန်ပြန်စိတ်တွေမှာ
တဖန်ဆိုတဲ့ ဝိပါက်ရှိတယ်
အခုတော့ ဟန်အောင်လုပ်မယ်
ကြံရာပါတွေကို ဦးဆောင်ရင်း
ခံပြင်းရတာ ဘာထူးလဲ။

သန်မာတဲ့စိတ်ဟာလည်း
အကြင်နာတော့ လိုစမြဲ
ရည်သန်ရာရောက်အောင်
ဖော်ကောင်လဲ လိုတာပဲ
ရှေ့ဆက်ရင်း အမြဲကြင်နာပါ့မယ်။

ဝုန်းဒိုင်းကြဲနေတဲ့ မိုးပေါက်တွေ
ညီးတွား အော်ဟစ်နေတဲ့ အတ္တဘောတွေ
ကျိုးပဲ့ကြေမွသွားတဲ့ အသက်မဲ့မိတ်ဆွေတွေ
ဒါတွေက... သူ့အတွက်
အာဟာရတွေပေါ့
ပရမတ်က ၇၅ နှစ်
ဟောင်းရောပေါ့ နှစ်နှစ်ထောင်ကျော်
ဒီဖြစ်မျိုးတွေက
တကယ့်တော့
ဒါတွေဟာ တော်ရုံလို့ဆိုရမယ်...။

Friday, October 1, 2010

ရွှေပြည်ရောက်မှာ ခုလုပ်ပါ

နှစ်ကာလကျော်၊
လွတ်ကြောင်းဖော်လည်း
သဲတိုင်ငုပ်မိ၊
မြုပ်ဆင်းဘိပြီ
လွတ်သည့်အလား အောက်ခြေများ။

မွေးရပ်ကိုစွန့်၊
ရဲဝံ့သော်လည်း
ရှေ့ကိုမမျှော်၊
လွတ်ကြောင်းဖော်ပြီ
မြင်သည်အလား ဝေကာသွား။

မိဘကိုထား၊
တိုက်ဝံ့ငြားလည်း
အားကိုမတိုး
တစွတ်ထိုးပြီ
နိုင်သည့်အလား ခါးပိန်များ။

စွန့်စားလေ့ကျက်
ကံလည်းမက်၍
ဉာဏ်စက်မကွာ
ဝီရိယာထား
မနေနားဘဲ
ရှည်လဲကြည့်ကာ
လွတ်ကြောင်းရှာသား
ကျွတ်သည်မနှေး
မဝေးတော့သည်
ရွှေပြည်ဝင်းဝင်း
နတ်ဖန်ဆင်းသို့
ကွင်းကွက်မြင်သား
သင် ယောက်ျားတို့
ခုကစ၍ လုပ်ပါတော့…။

Wednesday, September 22, 2010

မုန်တိုင်းကိုဖိတ်ခေါ်ခြင်း

တည်ငြိမ်အေးချမ်းမှု
သာယာဝပြောမှု
ကျန်းမာချမ်းသာမှုတို့ကို
ရချင်လို့
ရစေချင်လို့
ငါ မိုက်မဲစွာ
မရှိသင့်ဘဲ ရှိနေတဲ့
အရှိတရားကို
ရန်ပြုခဲ့တယ်...။

တဖန်...ကိုယ်
ပြန်ထိုးနှက်ခံရပေမဲ့လည်း
ငါဟာ... နောက်မဆုတ်ပဲ
ဒီလမ်းကို လျှောက်မြဲလျှောက်
ဒီခရီးမှာ...
မရချင်ဘဲ ရမယ့် ရလာဒ်ကို
လက်ခံဖို့ အသင့်ပါပဲ...။
မရချင်တဲ့ ရတဲ့ ရလာဒ်ကိုလည်း
ငါ ဝမ်းမြောက်စွာ လက်ခံပြီးပြီ...။

အကျင့်ခြင်းမတူ
အဖြစ်ခြင်းမတူပေမဲ့
ရန်သူဟူ၍လည်း ငါမမှတ်ပါ
မိတ်ဆွေလို့လည်း မသတ်မှတ်လိုပါ
ကွဲပြားတာဟာ ပေါင်းစီးဖို့...။

ငါလုပ်တာဟာ ငါ့တွက်မဟုတ်
သို့ပေမဲ့..
ငါခံရဲပါတယ်။
တိုက်ပွဲဆိုတာ အောင်ပွဲအတွက်ပါ
တိုက်ရဲသူသာ အောင်ပွဲရပါမယ်
အဲဒီအခါ...
မင်းငါ့ကိုလာ မဖားနဲ့
ငါကသနားမယ့်လူမဟုတ်
ရက်စက်တဲ့နေမှာ
နှစ်ယောက်ရှာမရဘူး....။
နာဂါတ်မှာ
နေရာတခုလိုရှိရင်
ခုပဲ...
မင်းစိတ်ကူးကိုပြင်လိုက်တော့...။

Tuesday, September 14, 2010

ဒီခရီးက နီးသလား

အညစ်အထေးတွေ
အပုပ်အဟောင်တွေ
ဆေးကြောလိုက်ပါ
ပျော်စရာတွေ
ရွှင်စရာတွေ
စွန့်ပစ်လိုက်ပါ
ချစ်တာတွေ
မုန်းတာတွေ
မေ့ပစ်လိုက်ပါ။

ဒါတွေဟာ
ဝန်ထုပ်တွေပါ
လေးဖင့်တယ်
ချိန်စီးတယ်
ခရီးမရောက်ဘူး
ဉာဏ်မပေါက်ဘူး
ခေါက်ခေါက်ခါခါ
ဒုက္ခရောက်ရမှာ...။

ဖြစ်တွေများကြီးထဲမှာ
အပြစ်တွေကလည်း တထွေးကြီး
ရင့်ရင့်သီးသီးခံပေရော့
အဲ...
စံစရာရှိတော့လည်း မင်းပါပဲ
ဒါဟာ
သဘာဝကပေးတဲ့
အခွင့်အရေးပါပဲ...။

မသွားချင်လဲ သွားရမယ်
မနေချင်လဲ နေရမယ်
မခံစားချင်လဲ ခံစားရမယ်
ပြဘူးတဲ့ ကုသိုလ် အကုသိုလ်ကံက
စီမံလိုက်ပြီ
လျင်မီအောင် ရိက္ခာရှာ...။

Sunday, September 5, 2010

ငါ့မှာ အချစ်ဟာ ဝေဒနာဖြစ်

အရွယ်ကတူတူ
အသားဖြူဖြူ
မူယာမာယာမရှိ
ပကတိဖြူစင်
မနောရွှင်တဲ့
သူ့ကို...
ငယ်ကပင်ချစ်ခဲ့တယ်...။

တီတီတာတာ
ချိုချိုသာသာ
ပလီပလာနဲ့
ရီစရာစကားကို
ကိုယ့်မှာအတည်မှတ်လို့
ချစ်ဓာတ်တွေ
ပြင်းသထက်ပြင်း...။

ချစ်နိမိတ်တွေဖတ်
ချစ်ဗေဒင်တွေဟော
ချစ်သဘောတွေနှောကာ
သြကာသလောကကြီးက
အရမ်းကိုလှနေတော့တယ်
တာရာတွေ နက္ခတ်တွေ
စုံညီထွန်းလို့
ယှဉ်ပြိုင်ဝန်းလို့ပေါ့
ဒီလိုနဲ့...
ချစ်ခြင်းတွေ
ဖြေမရအောင်
ရစ်ပတ်ခြည်နှောင်ခဲ့ကြတယ်...။

. . . . . . . . .
. . . . . . . . .
. . . . . . . . ....။

နှုတ်ဆက်စကား
တခွန်းများတောင်
ပြောမသွားရှာဘူး
သူဆိုတဲ့...
ချစ်ဦးလေးတယောက်လေ...။

ဟိုအဝေးဝေးမှာ
ရိုးမတွေတားထားတယ်
ပင်လယ်ခြားထားတယ်
မတွေ့တာတောင်ကြာပြီ
ကာလတွေ အလီလီပေါ့
နှစ်တွေတော့ညောင်းပြီ
ချစ်တွေများ နှောင်းပြီးလား
ကိုယ့်ထံပါးမှာ
အခြား... ဘယ်သူမှမရှိ...။

ကာလတွေ ထုတောင်းတော့
ဘဝင်များလည်းထွေ
စိတ်တွေကားလေလို့
ရွက်ကြွေတောမှာ
လေနှင်ရာလွင့်ပါရင်း
သြော်...
အချစ်ဆိုတာဟာ
လွမ်းချင်းများသာ ပါတကား
တမ်းချင်းများသာ ပါတကား...။

Thursday, September 2, 2010

အာသာ ပြေစရာ ဘယ်မှာလည်း

ချိုးကူသံ
ဝါဝါဝင်းဝင်း
စပါးခင်းအလယ်
ပေါက်ပင်အိုထက်က
ပြောက်ပြောက်ကျားကျား
လောကကို လှဆင်နေတဲ့
လှဘုရင်တပါး...။

ဥသြတွန်သံ
စိမ်းဖန့်ဖန့်နဲ့
နှစ်ပင်ယှက်နေတဲ့
ကုက္ကိုလ်ပင်ထက်က
ဆွေးမြေ့စွာ
အဖော်ကွဲရှာနေတဲ့
နွေဘုရင်တပါး...။

ဆက်ရက်ကျူးသံ
သောင်းသောင်းညံနေတာပဲ
ပင်အိုထနောင်းထက်က
ခုန်ဆွဆွ၊ စာလုကြ
သီကျူးကြ၊ မြူးတူးကြ
နေဝင်ချိန် မှိန်ပြပြမှာ
အိပ်တန်းလုကြ
သြော်...
အာဂ လှဘုရင်များတကား..။

မကြားမမြင်ရတာ
နှစ်ချီကြာပြီပေါ့
တကျော့ပြန်
သည်တေးသံတွေ ကြားရဖို့
ငါ့ကံက မဟန်သေး
အာသာပြေဖို့
ဆန္ဒတွေဖြေဖို့
မျှော်လင့်ချက်ကမှုန်ဝါးဝါး
ကျိုးကြောင်းကား မညီ
အသက်က ဌီခဏကို
ရောက်လာပြီဆိုတော့
သည်တေးသံတွေ
ကြားရပါတော့မလား...။

Friday, August 27, 2010

သုညခေတ်

ဒီခေတ်၊ ဒီနှစ်မှာ
ပေးဆပ်ခြင်းရဲ့တန်ဘိုးဟာ
သုညဒီဂရီအောက်ကို ရောက်နေတယ်
ဒါပေမဲ့ ပေးဆပ်မြဲပေးဆပ်လျှက်
ကျေနပ်လျှက်၊ ပျော်ရွှင်လျှက်ပါ
အားလုံး... ရင့်ကျက်တဲ့တနေ့
(သို့) မရင့်ကျက်တဲ့တနေ့
သုညရဲ့ရှေ့ကို ရောက်ကောင်းပါရဲ့။

အနှစ်နဲ့ အကာကို မခွဲခြားခင်
အကာရဲ့နှစ်ကိုပဲ စာသုံးကြစို့လား
အကာမရှိရင် အနှစ်မရှိနိုင်ဘူးလေ
ဖြည်းဖြည်းပေါ့...
ငါတို့အတ္တဘောလည်း အကာတွေနဲ့
 ဖွဲ့စည်းထားတာပဲ။

အနှစ်ကိုလိုက်ရှာရင်း
တွေ့လိုက်ပါရဲ့ သုည
အော်...
သုညဟာ အနှစ်ဖြစ်နေပါပေါ့လား
ဒီခေတ် ဒီနှစ်တွေမှာလေ...။

Thursday, August 26, 2010

ချစ်သူနယ်မြေသည်သာ

ဒီနေ့ နေ့လည်
မီးပျက်တယ်ဗျာ
ဘာမှလုပ်လို့မရဘူး
တော်တော်ကြာတယ်...
နေမမြင် လေမဝင်
ခန်းကျဉ်းထဲမှာ
ထိုင်ရမလား ထရမလား
ငိုရမလား ရည်ရမလား
ကြားထဲ ဦးချစ်ဆွေရဲ့
ချစ်သူ့နယ်မြေ သီချင်းကို ထဖွင့်လိုက်တော့
အော်...
လွမ်းရမလား ဆွေးရမလား...။

အော်ဘာလိုလိုနဲ့
အတိတ်က ...
အဖြစ်စလောက် ပျော်စရာလေးတွေ
ဟောင်းကုန်ပြီ
ဆွေးကုန်ပြီ
စရှာလို့ပင်မရတော့...။

အပြုံးချိုချိုလေးက တပြည်ခြားလို့
နက်ဝပ်ဘ်မရှိ၊ ကွန်ယက်မရှိ
ဖုန်တလူလူ၊ ဗွက်ထူထူနဲ့
သက်လှယ်တို့ရွာ
ငါတို့ရွာ
အမေ့ရွာ
လွမ်းလိုက်တာကွယ်
လွမ်းလိုက်တာ...။

Wednesday, August 25, 2010

ထိုက်တန်ရာ

ဆင်ခြေများလွန်းတဲ့
ငါတို့အတွက်...
ပန်းသီးပုပ်တလုံးနဲ့သာ တိုက်တန်ကြောင်း
သဘာဝတရားက ဆုံးဖြတ်လိုက်တယ်
တွန့်တက်ခွင့်မရှိ
ယူခံဝင်ခွင့်မရှိ
ခြေပခွင့်မရှိပါ
ဒီမှန်တရားမှာ
ဘယ်လို ဝါဒ၊ ဒဿန
ဘယ်အဆုံးအမမှ
ရောစပ် ပေကြံခြင်းမရှိဘူး
ချွင်းချက်မရှိပါဘူး...။

Saturday, August 14, 2010

တောင်းဆိုချက်

အိုသခင်...
အစဉ်သဖြင့် ကြည်လင်မြဲ
ဝေဟင်မှ တိမ်လိပ်တိမ်စွယ်တို့ကို
အပြစ်မြင်မိသော
ငါ၏ မျက်လုံးအစုံအား
အလင်းအားများ
တိုးပွားအောင် သနားတော်မူပါ...။

အိုသခင်...
အစဉ်သဖြင့် သင်းပျံ့မြဲ
အရောင်စုံ မာလာအငုံအဖူးတို့ကို
ငြိုငြင်မိသော
ငါ၏ စိတ်ဘဝင်ကို
ဖြူစင်ဝင်းပအောင်
သနားသဖြင့် သန့်စင်လှည့်ပါ...။

အိုသခင်
အစဉ်သဖြင့် ကြည်လင်မြဲ
တောင်စဉ်ချောင်းကလေးအား
ဒေါသပွားမိသော
ငါ၏ နှလုံးသွေးတို့ကို
ခန္တီတရားထားနိုင်အောင်
ဓမ္မတေးများဖြင့် ဆေးကြောပစ်ပါ...။

အိုသခင်
ကျေးငှက်တို၏ တေးသံအား
ငါ နာကြားခွင့်ရလို၏
ဖြစ် တည် ပျက်
ခြားရဟတ်မောင်းတံကို
စက္ကန့်မျှ ရပ်နားပေးပါ
ဘဝ၏ အရသာကို ရှာဖွေပါရစေ
လောက၏ အလှကို ဖော်ထုတ်ပါရစေ
သဘာဝ၏ ဖြူစင်ခြင်းကို ချီးမွမ်းပါရစေ
စက်ဆုတ်ဖွယ် အတ္တဘောကို မြုပ်နှံပါရစေ
သနားသဖြင့်
မေတ္တာနှင့် ဆောင်ကျဉ်းပေးပါ... သခင်။

Thursday, August 12, 2010

မသေခင်က ပုပ်တဲ့ မသာ

ခေတ်ပျက်၊ ခေတ်ဆိုး
ခေတ်ညစ်၊ ခေတ်သိုးမှာ
လူရာဝင်မဝင်ချင်ဘူးဟေ့..
ရှက်တယ်...။

လူဆိုး၊ လူညစ်
လူပျက်၊ လူသိုး
လူသူခိုးတွေကြားမှာ
မချမ်းသာချင်ဘူးဟေ့...
ရှက်တယ်...။

မူးကိုမြစ်ထင်
နွားခြေရာခွက်ကို ပင်လယ်ထင်
ဝါးလုံးခေါင်းထဲ လသာ
ဟား.. ဟား.. ဟား..
ဒါတွေအကုန်လုံး
ငါ့ခြေဖျားမှာ
မြေမှုန် ပမာပဲ...။

သွားကြ...
မလာကြနဲ့
သွားဖားကြ
သွားစားကြ
ကျွန်ခံကြ
ဖင်လှန်ကြ
ပေါင်နှံကြ
နံဟောင်နေတာပဲ
သွား...
ချက်ခြင်း ထွက်သွား...။

အသပြာဆိုတာ တခဏ
ပကာသနဆိုတာ တဘဝ
ပျော်လိုက်ကြ
ရွှင်လိုက်ကြ
ချစ်လိုက်ကြ
မုန်းလိုက်ကြ
ရယ်လိုက်ကြ
ငိုလိုက်ကြ
----------
ဘယ်မှာလဲ သုခ
သုခဆိုတာ ဘာလဲ
သုခကို ဘာလုပ်လို့ရသလဲ
မင်းလည်းမသိ
ငါလည်းမမြင်
ဒါတောင်..
ထင်ရာစိုင်းကြတုန်း
ခေတ်ဆိုး ခါဆိုး
ဒီအဖြစ်မျိုးတွေက
ရင်ကျိုးစရာပါလားနော်...။

အကျိုးမသိ
အကြောင်းမမြင်
ဖြစ်ချင်တာဖြစ်
လုပ်ချင်တာလုပ်
အာဟာရအတွက်
ဂုဏ်မာနအတွက်
ပေါင်တံသွယ်သွယ်ကို အပ်နှံကြ
ခြေသလုံးဖြူဖြူကို ရင်းနှီးကြ
ဒစ္စကိုမီးရောင်ကြား ပျော်မြူး
အသူရာတွေနဲ့ ယစ်မူးကြ
ခွင့်ထူးခံတွေ
လူ့မလိုင်တွေ
ရေပေါ်ဆီတွေ
လူ့လွယ်အိတ်တွေ
ထွီး... ရွံလိုက်တာ
ဟင်း... နံလိုက်တာ
ဝေါ့... အံချင်လိုက်တာ
အော်.. မသာ
မသာတွေ
မသေခင်က ပုပ်တဲ့မသာတွေ...။

Saturday, August 7, 2010

ငတုံး

ငါ့ကိုယ်ငါ ချွန်မြဖို့
ဘယ်လိုစီမံရမလဲ
ငါမသိသေးဘူး
ငါသတိမထားမိဘူး
မစူးစမ်းခဲ့ဘူး....။

အာသီသလား
ဆန္ဒလား
မျှော်လင့်ချက်လား
ဝေးဝါးမကွဲပြားသေးပါ
ငါဟာ တုံးအဆဲ...။

ငါ ဘာဖြစ်ချင်လဲ
ဘာလုပ်သင့်လဲ
ဘယ်လိုလုပ်မလဲ
ငါ မသဲကွဲသေးပါ
ငါဟာ ညံ့ဖျင်းဆဲ...။

ဝဲလည်နေတဲ့ သံသရာထဲ
ငါလည်း ဂယက်ထဲမှာ
ဝဲလည်ဆဲပေါ့
ငါ ဘယ်လိုစီမံရမလဲ...။

Thursday, August 5, 2010

လက်မောင်းတောင့်ဖို့ လိုသလား

ရိုးမတောင်ပေါ်မှ
ကျော်နိုင်တဲ့လေဟာ
အညာမှာ မိုးကောင်းစေတယ်...။

ငါ့ရဲ့ ခန္တီတရားဟာလည်း
မိစ္ဆာတို့အတွက်
စုစည်းမှု အားကောင်းစေတယ်...။

ရှေ့တိုးဖို့
နောက်ဆုတ်တာလို့
မင်း... မြင်နိုင်တယ်ဆိုရင်
ငါ့ရှေ့ဒူးထောက်လိုက်ပါ
ကြေစေအေးစေ
ခွင့်လွှတ်နိုင်တယ်...။

တုံ့ပြန်မှုခြင်းတူရင်တော့
သရေဆိုတာမရှိ
အရှုံးအနိုင်ပေါ်အောင်
ကစားရမယ်...။

ခွင့်ကောင်းတခါ
လစ်ချောင့်ရိုက်တာမျိုး
မလိုဘူး
ခူးဆွတ်နိုင်တဲ့ အောင်ပွဲဆိုတာ
တရစပ်တိုက်မှ
မိုက်ရင်ထွက်ခဲ့တော့... ဟေ့ ....။

Tuesday, July 27, 2010

ကိုင်းပင်မဟုတ်

အပြုံးမပျက်
ရှေ့ဆက်ဖို့ဆိုတာ
လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး...။

လမ်းမှာက ဆူးတွေနဲ့
ကျော်ရ၊ ခွရ
ရှောင်ရ၊ တိမ်းရနဲ့
ပန်းတိုင်က
ဘာမှန်းမသိဖြစ်သွားနိုင်တယ်...။

တကယ်တော့
ခူးချင်လို့သာ
မြူးကြွနေရတာရယ်
ဆူးမြင်ရင်
ဘာထူးမလဲ စောင့်ကြည့်အုံးပေါ့...။

ထူးချင်တာတော့ ထား
ကျူးကျူးလွန်လွန်မဖြစ်ဖို့
အရေးကြီးတယ်
ရွှေထီးတွေ၊ ငွေထီးတွေ
ရွေးမနေနဲ့
နေရိပ်ခိုဖို့၊ မိုးမယိုဖို့ပဲလိုတယ်...။

လမ်းတဝက်မှာ
အိမ်ပြန်ချင်တာလောက်
အတိဒုက္ခရောက်တာ
ဘယ်ရှိမလဲ
နွမ်းလဲနွမ်းနေပြီ
ပန်းလဲပန်းနေပြီကိုး
ဆီးစာမခမ်းခင်တော့
တခါလောက် လင်းချင်သေးရဲ့
ဘာပြောပြော
အသက်ကတော့ တဝက်ကျိုးပြီ..။

Sunday, July 25, 2010

ဘာထူးလဲ

ငါ့ကို ပြုံးပြတယ်
ခိုးခိုးပြီးလည်း ကြည့်တယ်
တိုးတိုးလေးလည်း ပြောနေတတ်တယ်
အဲဒီတုန်းက
ပီတိတွေ ဝေလို့
သူရော ကိုယ်ရော...။

ငါတို့ ကကြတယ်
ခုန်ကြတယ်
မြူးကြ ပျော်ကြတယ်
အတူတူသောက်ပြီး
အတူတူမှောက်တယ်
လမ်းကတူတူ
ပန်းတိုင်ကလည်း အတူတူ
အဲဒါကို တွေးပြီး
ဆွေးကြတယ်
သူရော ကိုယ်ရော...။

မြှောက်တယ် ပင့်တယ်
ကုန်းတိုက်တယ်
မဲ့ပြ ရွဲ့ပြလို့
ပုံကြီးတွေချဲ့
ဒေါက်တိုင်ဖဲ့
စိတ်ပျက်ရတယ်
သူရော ကိုယ်ရော...။

ဆဲတယ် ဆိုတယ်
အော်ဟစ်ကြတယ်
ထိုးကြ ကြိတ်ကြတယ်
ရိုက်ကြ ရမ်းကြ
သတ်ပုတ်ကြတယ်
ငိုယိုကြတယ်
အော်... အခုတော့
မုန်းတရားတွေနဲ့
သူရောကိုယ်ရော...။

Tuesday, July 20, 2010

ဆီပြန်သူ

ထွင်လုံးတွေနဲ့
ဂွင်သမားတွေ
ဆင်ခြေပေးခဲ့တာ နှစ် (၂၀)
မဟာမျိုးတွေ
ထင်သလောက်မပေါက်တော့
ခေါင်းလည်းမမော့နိုင်ကြ
ခါးကော့အောင်ခံ...။


ကျမ်းဂန်တွေနဲ့
အံထွက်လာတဲ့စကား
ရက်သမားအတိုင်းပဲ
ခိုင်းနှိုင်းမှု အစုံစုံ
ဆင်ခြေတွေ အထပ်ထပ်
မင်းဟာ...
ခုထိ သူငယ်နှပ်စားပဲ။

ရေစီးနဲ့ကြီးပွား
ရာသီအလိုက် လုပ်စား
မင်းဗိုက်လဲ
ဖောင်းကားလာပြီ
သတိတော့ထား
အောက်မှာငရဲပြည်...။

Sunday, July 4, 2010

ဆိပ်အတုရဲ့ ပြင်းအား

ပါးစပ်ဆိုင်းတီးပြီး
ဘီလူးသိုင်း ကတာတောင်
ကြောက်စရာကောင်းသား
တကယ့်
ဘီလူများဖြစ်ခဲ့ရင်...။

သစ်သားသေနတ်နဲ့
ဗျူဟာမဲ့ စစ်ဆင်တယ်
လှိုက်လှိုက်ဖို
ရင်ခုန်စရာတော့ကောင်းသား
တကယ့်
ကောင်းစားသေနတ်ဆိုရင်...။

မမြင်ဖူးတော့ မူး
မကြင်ဖူးတော့ ရူးရတာပေါ့
ကျူးကျူးလွန်လွန်တော့မဟုတ်...။

ဖြစ်ချင်တာမဖြစ်
မဖြစ်ချင်တာဖြစ်
ဘဝက
ဂွင်ကျဂဏန်းလောက်
မလှပါဘူး...။

ဆူးစူးမှာကြောက်လို့
မခူးချင်ပေမဲ့
ဘီလူးစီးတော့
ရင်ကခုန်နေပြန်ရော
နာနာကျင်ကျင်တော့မဟုတ်
တရုတ်ထုတ် ပစ္စည်းလောက်ပါပဲ
ကံစမ်းမဲမပါ
ဉာဏ်စမ်းစရာမရှိ
ဖောက်စရာ
ကြည်တတောင့်မရှိပေမဲ့
သတိတော့ထားရမှာပဲ...။

တသက်မက ဝေးရပါစေ...

သန့်သန့် ရှင်းရှင်း
ခန့်ခန့် ညားညား
နူးနူး ညံ့ညံ့
သိမ်သိမ် မွေ့မွေ့ပါပဲ
ဒါပေမဲ့
ကျုပ်နဲ့မတည့်ဘူး...။

မပု မရှည်
ပြည့်ပြည့် ဖြိုးဖြိုး
ဝင်းဝင်း ပပပါပဲ
ဒါပေမဲ့
မိတ်ဘက်မဟုတ်ဘူး..။

ရည်ရည် ငံငံ
ပြုံးပြုံး ပျော်ပျော်
မော်မော် ဖူးဖူး
ကြည်ကြည် နူးနူးပါပဲ
ဒါပေမဲ့
ဆက်ကြောင်းမရှိဘူး...။

သူ့နဲ့...
ဝေးလည်း ကောင်းတယ်
နီးလည်း မပေါင်းဘူး
စောင်းလည်း မကြည့်ဘူး
ကောင်းလည်း မပြောဘူး
လာလည်း မကူနဲ့
ငါလည်း မကူဘူး
ကိုယ့်ဆူး ကိုယ်နုတ်
ကိုယ့်ကြံ ကိုယ်ထုတ်
ကိုယ့်ကြောင်း ကိုယ့်သိ
ကိုယ်ဖြစ် ကိုယ်ခံ
ငါ...
မင်းနဲ့ပတ်သက်လို့
ပြတ်သားခဲ့ပြီ...။

ခေါင်းနဲ့ပန်းလို
မင်းမှန်တယ်ဆိုရင်
ငါလည်းမှန်တာပဲ
အမှန်နှစ်ခုကို
တရားက စီမံလိမ့်
ခံရမှာတော့ မကြောက်နဲ့
ငရဲက ဘက်မလိုက်ဘူး...။

မုန်းသူတို့ သက်ရှည်သလို
ချစ်သူတို့ သက်တိုတယ်
ကံတို့က ခေဆဲပါ
ထားပါလေ
ငါ့အတွက်
ရေကြည်တပေါက်သာ
သောက်သုံးခွင့်ရရင်...။

Thursday, July 1, 2010

ဒုက္ခလုတဲ့ လူ့ဒုက္ခ

ကမ္ဘာမြေ
ဗဟိုချက်မ
အစမှ အဆုံးထိ
သိဉာဏ်ရှိ လူသားတို့ရဲ့
ဖောက်လွဲတဲ့ ငါတကောတို့ကြောင့်
ရင်ဘတ်စည်တီး
မြည်ဟီး ငိုညဉ်းသံတို့ကို
မကြားလေရော့သလား...။

သမုဒ္ဒရာ
ခက်မသုံးဖြာမှ
ပင်လယ်ပြာအဆုံး
တိုးတက်တဲ့ လူသားတို့ရဲ့
လောဘဦးဆောင်တဲ့
နေ့တဓူဝတို့ကြောင့်
ကရုဏာမဲ့
လှိုင်းဂယက်တို့
သက်ပြင်းချသံကို
မကြားလေရော့သလား...။

ညစ်ဆိုး ပုပ်သိုး
အကျင့်ပျက်မှုမျိုးကို
သက်မဲ့တို့ပင် မလိုလား...။

လောဘသား
မောဟများ
ဒေါသပွား
ငါတို့လူသား
ဉာဏ်ကစား ဖောက်ပြားလျှက်
နင်း, ခြေ, ဖျက် ချောက်ခြားလျှက်
ခိုး, လု, ဝှက် ကျင့်ပျက်လျှက်...။

ဘုရားရှိလျှက်
တရားမသိသူတွေ
ဘုရားလည်းမရှိ
တရားလည်းမသိသူတွေ
ဗာလ, အန္ဓ, အမနုဿတွေ
ဒူဝေဒူဝေဒူဝေ
ဒုက္ခသံသရာမှာ
ခံကြလေဦး...။

Sunday, June 27, 2010

သူ့လမ်းနဲ့သူ

လူ့ဗာလတို့
ပြုသမျှ ဖြောင့်စွသည်
ပြုံးပန်းတွေစီ...။

သေရမည်ကိုမေ့
တကွေ့ဆိုတာ မသိ
ငါဟဲ့ မိစ္ဆာဒိဋ္ဌိ...။

မဟုတ်တာပြော
မမှန်တာကို ကြံ
ခံမပြောနဲ့
ပြန်မဟောနဲ့
ငဲ့ညှာမှာ မဟုတ်...။

ငါတကောတွေ
လမ်းပြေပြေမှာ ပန်းတွေဝေလို့
ချွေရံကပေါ
တနပ်စားဉာဏ်တွေနဲ့
ဖောက်ပြားနေကြတယ်...။

မိုးထက်အာကာ
သွန်းခါ ညံမစဲ
ရွှေခဲ ငွေခဲ
မျက်ရွဲ ပုလဲ
ကိုးဖြာ နဝရတ်
မိုးရွာလတ်သော်
ပြုံးပျော်မဆုံး...။

အကျိုးပေးချိန်တန်
ငိုညဉ်းသံတွေနဲ့
ရငဲပွက်အလား
ဓားမိုး၊ လှံမိုး
ပြာပူမိုးတွေနဲ့
အတုန်းအရုန်း
ကပ်ဆိုးကြီးဆိုက်ပြီ...။

မကောင်းမှုဒဏ်ဟာ
အဟောသိကံမဖြစ်ဘူး
တန်ပြန်ဆိုတာ ရှိစမြဲ
ဘုရားလဲ မကယ်နိုင်ဘူး
သိကြားလဲ မကယ်နိုင်ဘူး
တရားသူသာ နိုင်စမြဲ
အောင်ပွဲနီးပြီ
ကဲ သူငယ်ချင်း
လုပ်သင့်တာလုပ်...။

Friday, June 25, 2010

ဗမာပြည်မှ မွေးပြီး ဗမာမဟုတ်သူများ

သီအိုရီတွေကို စားသုံးပြီး
အရသာခံတတ်သူ
ဦးနှောက်တွေကို ဖောက်ပြီး
မြည်းကောင်းရှာသူ
ဘဝတွေကို စုပြီး
မာဆတ်ထောင်သူ
ဝေါဟာရတွေ ပုံပြီး
မြှီးထောင်သူ
မြွေလို ရေခွံလဲပြီး
ပုတ်သင်လို ခေါင်းညိတ်သူ
လက်မထောင်ပြီး
အဝိစိ၌ ပျော်မွေ့သူ...။

ဒင်းတို့... ဒင်းတို့အတွက်
ခိုစရာ တင်းကုတ်မရှိပြီ
မှေးစက်ရာ ခြေသုတ်ခုံမရှိပြီ
ပုန်းခိုစရာ ဖွတ်တွင်းမရှိပြီ
မြိုဆို့စရာ အန်ဖတ်မရှိပြီ
ထွီ.. ထွီ.. ထွီ..။

ဗမာ ဆိုတာ
ကြိုးစားတယ်ကွ
ဘယ်တော့မှာ ခိုးမစားဘူး
အကျင့်ကောင်းတယ်ကွ
ဘယ်တော့မှာ တောင်းမစားဘူး
ကူညီတယ်ကွ
ဘယ်အဖြူကိုမှ အထင်မကြီးဘူး
တရားရှိတယ်ကွ
ဘယ်အင်ဂျီအိုကို မဖားဘူး
မျိုးရိုးနဲ့ကွ
ဘယ်ပြည်ပကိုမှ အားမကိုးဘူးကွ
မှတ်ထား.. မှတ်ထား.. မှတ်ထား..။

ဖောက်ပြားသူဟာ ဗမာမဟုတ်ဘူး
အင်ဂျီအိုမှာ ပိုက်ဆံတောင်းတာ ဗမာမဟုတ်ဘူး
ရဲဘော်ချင်း ချောက်ချတာ ဗမာမဟုတ်ဘူး
ဒေါ်လာမက်တာ ဗမာမဟုတ်ဘူး
ရွေးကောက်ပွဲ ထောက်ခံတာ ဗမာမဟုတ်ဘူး
မသေမချင်မှတ်ထား
ဗမာဆိုတာ ဘယ်တော့မှာ
ခွေတိုးပေါက်က မဝင်ဘူး
အရိုးမကိုက်ဘူး
ငွေမမက်ဘူး...။

ကိုယ့်စကားကိုယ်တည်
ကိုယ်ယဉ်ကျေးမှုကို တန်ဘိုးထား
လူကြီးသူမကို လေးစား
တရားကို မြတ်နိုး
အဓမ္မကို ဆန့်ကျင်
မဟုတ်ရင် မခံ
ဒါ ဗမာရဲ့ စံကွ...။

လာခဲ့စမ်း
နအဖ (နဝတ)
လာခဲ့စမ်း
အရင်းရှင်
လာခဲ့စမ်း
ကိုလိုနီ
လာခဲ့စမ်း
နယ်ချဲ့
လာခဲ့စမ်း
ဖက်ဆစ်
သေချင်ရင် သတ်ပြမယ်
လောင်ချင် ရှို့ပြမယ်
မြောချင်ရင် မြှောပြမယ်...။

ဗမာကွ
ဒါ... ဗမာ...။

မှတ်ချက်။ ။ ဗမာဟုဆိုရာ၌ တနိုင်ငံလုံးကို ဆိုလိုသည်။ မြန်မာဟူမှာကား မြေပြန်နေ လူမျိုးတမျိုးကိုဆိုလိုသည်။

Saturday, June 19, 2010

မွေးနေ့ ဆန္ဒ

အများတကာတွေ
သစ်ပင်စိုက်ကြသတဲ့
အမေ့မွေးနေ့ ဂုဏ်ပြုဖို့တဲ့လေ
နွေအပူမှာ ရေလှူသူ လှူသတဲ့
ထောင်သောင်းမက ကုန်ကျတဲ့ ခန်းမတွေငှားလို့
ဘတ်ဒေးကိတ် စားသူစားကြပေါ့

ပထွေးကို ဖအေတော်ချင်သူတွေက
ရှိသမျှ သယံဇာတ ပေါက်ဖော်ကို ဆက်သနေမှတော့
သစ်ပင်စိုက်တာ ဘယ်အလျဉ်မှီပါ့

မိုးကြိုးကို ထန်းလက်နဲ့ကာတဲ့အဖြစ်
ဒင်းရို့ဖြုန်းသမျှ ကုန်းဆပ်ရတဲ့အဖြစ်
ရေလှူသူ၊ မြေလှူသူ
အသွေးလှူ လှူ၊ အသားလှူ လှူ
လှူသမျှ သာဓုအခါခါချမယ်
ပကာသနခြယ်တဲ့ ခန်းမလယ်က
ဘတ်ဒေးကိတ် ခပ်မဆိတ် တိတ်တိတ်ပေါ့
အဟောသိကံကို အဟောဝတ ကောင်းလေစွလို့ သြမချလောက်
ဟောဒီ သားတယောက်ဖြင့်
အကျဉ်းစံ အမေ့အတွက်
လူ့အန္ဓ၊ လူ့ဗာလတွေနဲ့ ဘ၀ဆက်တိုင်းဝေးလို့
ဝိမုတ္တိရသကို ခံစားစေချင်လိုက်တာ အမေရယ်။ ။

အောင်ဟိန်း (မုံရွာ)

(၁၉) ရက်၊ ဇွန်လ၊ ၂၀၁၀

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၅) နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုစပ်ဆိုပါသည်။

Friday, June 18, 2010

ပဋိသန္ဓေမှ စပြု၍

ဒီနေ့နေသာတယ်
တိမ်တောင် အရောင်တောက်နေတယ်
သစ်ခက်လေးတွေ ယီးလေးလွှဲကာ
မြူးတူးနေတယ်
ကျေးငှက်ကလေးတွေ
သီကျုးနေတယ်
ပန်းမာလ်တွေ
သင်းပျံ့မွေးကြူနေတယ်
လေပြည်များက
ညင်ညင်သာသာ တိုက်ခတ်နေတယ်
သကာများက
ဆွံ့ပျံ့ချိုသာနေတယ်
လွန်ခဲ့တဲ့ ၆၅ နှစ်ကလည်း
ဒီအတိုင်းပဲ...။
လွန်ခဲ့တဲ့ ၃၁ နှစ်ကလည်း
ဒီနေ့လိုပဲ...။

လူထုကြားမှာ
တိုးဝှေ့သွားလာ
လူထုစကားမှာ
ဝဲကာလွင့်ကာ
လူထု နှလုံးသားမှာ
ကွန်းကာခိုကာ
ထွန်းပမယ့်သူကိုး
ဖိုးထိုက်တဲ့သူကိုး
အမျိုးနဲ့ အရိုးနဲ့လေ...။

ဒီလိုနေ့မျီုးတွေ ထောင်ချီ
ဒီလိုသက်မျိုး ရာထောင်ရှည်
မြေမဟီ သိမှတ်ပြု
အာကာဗွေက ဆီးကြိုလှည့်
ငါတို့က နှုတ်ခွန်းဆက်
နေ့ရက်မြတ်ကို
ကြိုဆိုကြလေ...။

Thursday, June 17, 2010

လူ့မဟာ

အလင်းရောင်ကို မြင်ခွင့်မရသူတို့
လင်းရောင်ရဖို့ ကြိုးကုတ်တယ်။
သာယာတဲ့အသံကို ကြားခွင့်မရသူတို့
အသံကြားရဖို့ ကြိုးစားတယ်။
သင်းပျံ့တဲ့ အနံ့ကို ရှူရှိုက်ခွင့်မရသူတို့
အနံ့ရဖို့ ဝီရိယထားတယ်။
ချိုမြိန်တဲ့ အရသာကို စားသုံးခွင့်မရသူတို့
စားခွင့်ရအောင် သဒ္ဓါတရားပွားတယ်။
ညင်သာတဲ့ အထိတွေ့မှုကို မခံစားရသူတို့
ခံစားရအောင် ဥပဒေသတွေ လေ့လာကြတယ်။

ကျားရဲဆိုတာ သူတို့ပဲ
သီလလည်းလုံတယ်
စိတ်လည်း တည်ကြည်တယ်
ဉာဏ်နဲ့ ဆုံးဖြတ်ကြတယ်
ကမ္ဘာ့မြေကြီးကို ဆက်စပ်ဖို့
မြစ်ချောင်းရေတို့ ကြည်လင်ဖို့
မိုးကောင်းကင်ကြီး စင်ကြယ်စေဖို့...။

လောကကြီးက ချီးကြူးတယ်
ကြယ်စင်တွေက ဂုဏ်ပြုတယ်
်လဝန်းကြီးက ထောက်ခံတယ်
နေမင်းကြီး ဖေးမတယ်
လူသားတွေက ကြိုဆိုနေကြတယ်...။

ဆုတ်ခေတ်မှာ
ဗီဇကောင်းဆုံး လူတဦးဟာ
မဟာလူသားပါပဲ...
ယုံကြည်မည့်လူရှိတယ်
ကိုးစားမည့်လူရှိတယ်
ကိုင်းရှိုင်းမည့်သူရှိတယ်
ပါရမီဖြည့်ဖက်တွေလေ
အရိုးတွေကြေ
အသွေးတွေချောက်
အချွေးတွေခန်း
သူတို့ဟာလည်း
နောက်ဆုံးခန်းထိ
ဖြည့်ကြမှာပါ...။

Wednesday, June 16, 2010

ဝေတုန်း ဒါပေမဲ့ ကြွေတော့မယ်

အချိန်တွေ
အားကောင်းကောင်းနဲ့ ရွေ့နေတယ်
အသက်တွေ
အရှိန်အဟုန်နဲ့ ရင့်ရော်လာတယ်
အချစ်တွေ
ကြွကြွရွရွ ချစ်နေတုန်း...။

မိုးသောက်ယံ တရေးနိုး
ပြိုးပြိုးပျက်ပျက် မျက်လုံးထဲ
ကွင်းကွင်းကွက်ကွက်မြင်
ဒီချိန်ထိ
ကိုယ့်စိတ်ထဲမှာ
ထင်ထင်လင်းလင်း
ချစ်စိတ်တွေ ဝင်းပတုန်း...။

တုန်းဖိလိုက် ဘဝ
မြုံးမိလိုက် ဘဝ
ရှိုက်သံတွေနဲ့ ခလုတ်တိုက်နေတယ်
ပွန်းပဲ့၊ ရှစင်း
ဟင်းလင်းပြင်ထဲ လမ်းပျောက်
ဘဝဟာ ခေါက်ရိုးမကျိုးသေး
ခြေတဖက် သင်္ချိုင်းဖက် ယွန်းနေပြီ
ကျွန်းကခံတုန်း...။

မုန်အားကောင်းစဉ်က
ဝင်းပတော့မလို ဘဝ
ခဏပါ...။
ထိုက်သင့်တဲ့ကံ
ရိုင်းပဲရိုင်းနိုင်လွန်းတယ်
မေတ္တာတွေဖြတ်၊ အချစ်တွေကိုစွန့်
မိခင်ကိုထား၊ တိုင်းပြည်ကိုပစ်
စံနစ်တခုရဲ့သားကောင်
တောင်ပံကျိုးတဲ့ငှက်
ဒုက္ခတွေ ပင်လယ်ဝေ
သောက ဗျာဗွေမှာ
ကမ်းမရှိ၊ လမ်းမသိ
အင်း...
ချစ်စိတ်တွေ ဝင်းပတုန်း...။

Sunday, June 13, 2010

အချည်းအနှီးပဲဖြစ်ခဲ့တယ်

ပေါက်ကရငါးဆယ်တွေ ပြောပြီး
နေဝင်နေထွက်တွေကို မှတ်တမ်းတင်လိုက်
လရောင်မှိန်မှိန်တွေကို ကျော့ကွင်းထောင်လိုက်
ညဥ့်ငှက်ကလေးတွေနဲ့ သံစဉ်ညှိလိုက်
ကော်ဖီခါးခါးကို ကျိတ်မှိတ်လိုက်နဲ့
ခြေမညွန်ရာ လွင့်ပါသွားတာ
ဆယ်စုနှစ်များ လွန်သွားပြီ...။

သူ့ကျွန်မခံသီချင်းကိုဆို
မွေးဋ္ဌာနေသီချင်းကိုညဉ်း
အောင်ပါစေသီချင်းကိုနားထောင်
ကြံတိုင်းအောင် ဣစ္ဆာအိုးကိုနှိုက်
လက်တဆုံး ခါးအကုံး
သုညတလုံးပဲရလိုက်တယ်...။

ဖွတ်လည်းမရ
ဓားမလည်းဆုံး
ကျားကိုကြောက်ရ
ရှင်းကြီးကို ရွံ့ရနဲ့
မွှေးကျွတ်တာတောင်
ဒီဘဝက
လွတ်မယ်မထင်ဘူး...။

စံနစ်ဆိုးထဲမှာ
ဒုက္ခကအမျိုးမျိုး
တောင်လိုပုံတဲ့ ရိုး
မြစ်လိုစီးတဲ့ သွေး
မိုးလိုရွာတဲ့ ချွေးတွေ
ပေးဆပ်ပြီးပြီ
ရင်းနှီးပြီးပြီ
ဘယ်မှာလဲ လှပတဲ့အနာဂါတ်
ဘယ်မှာလဲ တောက်ပတဲ့ အလင်းရောင်
ဘယ်မှာလဲ ဖြောင့်ဖြူးတဲ့ လမ်း
အောင်မြင်မှုတွေက
ကုလားသေ ကုလားမော
ဘယ်နားသွားသေနေတယ်မသိ
ဘယ်မှာလဲ...
ဘယ်မှာလဲ...။

ကျောက်စရစ် အသည်း

ငါ့ရဲ့
ချစ်ခင် မြတ်နိုးမှု မေတ္တာ
ယုံကြည် ကိုးစားမှု သစ္စာ
ပေးဆပ် စွန့်လွှတ်မှု အနန္တတွေကို
ကျောခိုင်းသွားပေမဲ့
ခိုင်းနှိုင်းပုံသဏ္ဍန်တွေဟာ
တည်မြဲနေတုန်းပါပဲ...။

ရိုးအပြိုင်းပြိုင်းနဲ့
ဝေစည်မှုကင်းမဲ့နေတဲ့
ပင်အိုရဲ့ သဘာဝ အလှကို
မင်းပျက်ရယ်ပြုခဲ့တယ်
ဒါကလည်း...
လူတိုင်းမှာ ပျောက်ကွယ်လုဖြစ်နေတဲ့
နိယာမတခုပဲ ဆိုပါတော့...။

အသက်ရှိတွေရဲ့ ကျင့်ကြံမှုက
အန္တရာယ်တွေ ဝိုင်းနေတော့
ကမ္ဘာပျက်သည်အထိ
မှန်ကန်နိုင်တဲ့
ကျီးကန်းရဲ့ ညစ်ထေးမှုတောင်
အရောင်ပြောင်းလာပြီလေ...။

ပျောက်ကွယ်နေတဲ့
သင်း..ရဲ့အပြုံး
ချောက်သွေ့နေတဲ့
သင်း..ရဲ့ ဟဒယ
တည်ငြိမ်မာကျောနေတဲ့
သင်း..ရဲ့ အာဃာတ
ငါ...
ဖက်တွယ်ဆဲ
ရင်ဆိုင်ဆဲ
အံတုဆဲ
မြတ်နိုးမြဲ
ယုယမြဲ
နှစ်သက်မြဲ
ဝက်ဝက်ကွဲ ရယ်ချင်ရယ်နိုင်တယ်
စွဲချက်တွေ ထပ်တိုးနိုင်တယ်
လက်စောင်း ပစ်ချင်ပစ်နိုင်တယ်
အချစ်တွေဟာ တည်မြဲတုန်း...။

Thursday, June 10, 2010

မှန်းစားမယ်လော၊ ရေးချိုးမယ်လော

စီးစီးစိုစို
တွန်ပျိုဝန်းပတ်လည်
တောပန်းဟားလေး ပွမ့်နေဝီ
လိပ္လာလေလဲ ပ္လျံနေဝဲနေ
ငှပ်ဟားလေလဲ ချင်းဆိုနေဂေ့ဟယ်...။

တွန်က္လျ ခ္လွန်းစပ်မာ
သစ်ဝပ်ဝါဟားလေ ဝဲနေဝီ
ခေမျစ်စိ ရေတီတီဟလဲ
အေးစဝဲ့...။

နိရယ်ဟလဲ သျှိုသျှို
ရေဟ တပ်တပ်
ဖျားရေချိုးဂေ့စို့ဝေး
ဖန်းသီးလည်း ကွတ်စားဂေ့မယ်လယ်...။

အီ ပ္လျန်
ဂန်းသီးပိဖျော်န
ညင်းသီးနုဖတ်ဖတ်ဟားန
ငါးချွတ်ဖုန
မှန်း မ္လီ မ္လီ စားမယ်လော့ဝေး...။

ဘူပန္းမြီးမြီး
ပလိပန္းပန္းမြီးမြီး
ရေစီးမှန်းလဲ စားမယ်
မတ်သီးပိချော်န လိုက်ဇ...။

မွန်းဂံမာ အောင်းရယ်ဟားသွပ်
ရှပ်သီးဟာစား
ရေးပူးဝိုလည်းချိုး
ဘော်လောင်းကန်
ခြင်းခတ်
ပျော်စလဲ...
လာဂေ့ပါလော်...။

စေ..များ

ကိုယ်ကြီးပွားဖို့
သူတပါးတွေ ဆင်းရဲစေ
ကိုယ်အသက်ရှည်ဖို့
သူတပါးတို့ အသက်တိုစေ
ကိုယ်လွတ်လပ်ဖို့
သူတပါးတို့ ကျဉ်းကျစေ
ကိုယ်နေရာမြဲဖို့
သူတပါးဖို့ ပြောင်းရွှေ့စေ
စေ..စေ..စေ...စေ...။

ကိုယ်သေဖို့အတွက်
တပါးသူတို့ တွင်းတူးစေ
ကိုယ်ငရဲသွားဖို့အတွက်
တပါးသူတို့ လမ်းခင်းစေ
ကိုယ်လောင်မြိုက်ဖို့အတွက်
တပါးသူတို့ မီးမွှေးစေ
စေ..စေ..စေ..စေ...။

အတ္တတွေ၊ မာနတွေ၊
ဒေါသတွေ၊ အာဃာတွေ
လောဘတွေ၊ တက်မက်မှုတွေ
ပျက်စေ၊ ပြုန်းစေ၊ ကြေစေ၊ မွစေ
ကျိုးစေ၊ ကြေစေ...
တစစီ...တစစီ...။

သက်ပြင်းတချက်ရဲ့ အရသာ

ရောင်ခြည်ဦးကနေ
ဆည်းဆာအထိ
နာရီလက်တံတွေကို ဖက်တွယ်ရင်း
မောဟိုက်နေခဲ့
သက်မဲ့ဒြပ်တို့ ခုန်ပေါက်စရာ
မြေနေရာတို့မရှိပြီ
အတိတ်ဆီ... ပြန်တွေးရင်
ထီးကျန်မှုများပဲ...။

အဖန်ဓာတ်များတဲ့
ခါးရည်ကို ကျိတ်မျို
ဘဝလိုပဲ ချိုဓာတ်မဲ့
သကြားမစွက်ခဲ့ရသလို...။

လွမ်းစရာ
တမ်းစရာ
ဆွေးစရာ
ရှိပါ၏
ဟိုအဝေးမှာ
တောင်ဘက်စွန်းမှာ
ကမ္ဘာတဖက်မှာ
--------------- မှာ..။

ရောင်နီ
ယွန်းလေပြီ
ဒီနေ့တွေ....ဟာ
ဒီနေ့ပဲ အတိတ်ဖြစ်သွားပြီ
ငါ့မှာ ဆွေ့ဆွေ့ခုန်လို့ကျန်ရစ်
အနှစ်ဆိုလို့..
သက်ပြင်းတချက်ပဲ...
ဟင်း......။

Monday, June 7, 2010

ရွာလိုက်ပါ့ မိုး

မိုးမွားတို့သည် တဖွဲဖွဲကျလျှက်ရှိ၏
အလင်းရောင်မှာ အားကောင်းလျှက်ပင်ရှိသေး၏
မနက်၏ အေးမြသော လေညင်းတို့သည်လည်း
ကြည်နူးစရာပင်
ထို့အတူ
မြရည်တို့ သွန်ပက်အပ်သော
စိမ်းစိုစို ရွက်နုတို့သည်လည်း
ဖူးကြွလျှက် ရှိချေ၏...။

၇ အိမ်ခြားမှ
လွင့်ပျံ့လာသော
ရေဒီယို တေးသီခြင်းမှာလည်း
ချိုချိုသာသာ...။
ကြေးစည်သံ
ခွေးအူသံ
တုံးမောင်ခေါက်သံတို့လည်း
ဆက်မပြတ်
နာရီလက်တံတို့အား
ဂုဏ်ပြုလျှက်...။

ဝါဆိုလ၏
ပေါင်းကူးမှုတို့၌
လူ၊ တိရိစ္ဆာန်
သစ်ပင်၊ ပန်းမာလ်တို့သည်
မြူးပျော်လျှက် ရှိကုန်၏...။

ဝမ်းဘဲက အော်
ဆက်ရက်က ဆော်
ကြက်က ကတော်လို့
ဘဲ့က ကျော်လို့...။

လယ်ထွန်၊ ယာစိုက်၊
ပျိုးနုတ်၊ နှမ်းကြဲ
မြေကြီးက ရွှေသီးလို့
ငွေထီးကိုဆောင်း
ရှင်လောင်းလှည်မယ့်နှစ်
ထမင်းရေ ချောင်းစီး
လှူကြီးပေးမယ့်နှစ်
ချစ်မိုးရယ် ငြိုးတကြီးနဲ့
ရွာလိုက်ပါ့ မိုး
သွန်လိုက်ပါ့ မိုး
ထွန်လိုက်ကြ ဗျိုး...။

ကိုခင်မောင်တို့သည်
မျိုးရိုးစဉ်လာကို ထိန်းသိမ်းလျှက် ရှိချေ၏...။

အဖေမခေါ်ခံရတဲ့ အဖေ

အဖေကောင်းဆိုတာ
သားသမီးတို့ရဲ့ အကျိုးဆောင်မှလား
တိုင်းပြည်ရဲ့ အကျိုးဆောင်နေရလို့
အဖေကောင်းဘဝမှ စွန့်ပစ်ခံရတာ
တရားပါသလား..
သားသမီးကောင်းတို့ရယ်...။

အဖေတို့လိုလားတာက
အဖေဆိုတဲ့ သံလွင်လွင်တခုရယ်ပါ
အဲဒီအတွက် အဖေမပေးနိုင်ခဲ့တဲ့မွေပေါ်
ချိန်ထိုးကြည့်ရင် ...
အဖေဘဝကနေ ပင်စင်ယူရတော့မှာပေါ့...။

ဝမ်းနည်းစရာတော့ကောင်းပါတယ်
စွန့်လွှတ်တာက
အကျိုးမဲ့တွေလား..
ကြောင်းကတော့ နည်းပါးတယ်
နည်းပါးလွန်းလို့
မဲ့တယ်လို့တောင်ဆိုနိုင်တယ်
သားတို့ကိုတော့
အပြစ်ရယ်လို့ မဆိုသာဘူး...။

Sunday, June 6, 2010

ရွှေပြည်အမရ

ကျွန်းညိုညို၊ ရွန်းစိုစို၊
ကွန်းခိုဖို့ရာ
သာယာအေးမြ၊ မသေရာဒိဋ္ဌ
မြို့အမရ... မှာ။

အေးမြမြ၊ စိမ်းလှလှ၊
ရွန်းပပစင်
တောင်သမန်အင်း၊ သင်ဖြာခင်းလို့
တစင်းတည်းသာ၊ ဦးပိန်မှာ။

ရောင်ဝါဝါ၊ သာသနာ
ထွန်းပကာ
ပုထိုးစေတီ၊ စီစီရီရီ
မြို့အမရ.. ရွှေပြည်။

ပျို့မယ်မယ်၊ ရွှေချည်ထည်
ငွေချည်ထည်
ယက်ကန်း ခတ်မယ်၊ စင်စင်ကြယ်ကြယ်
ချိတ်ထည် ဝတ်ကြမယ်။

လှမ်းကြကွယ်၊ ပန်းပြေစေမယ်
ဇေယျာဦးဝယ်
မယ်ဇယ်ပင်တန်း၊ မြင်မယ်တင့်ဆန်း
ကမ်းလင့်ပါတယ်။

Wednesday, June 2, 2010

ဒုတိယ ဇရပ်

နွေ...
ကြည်းပင်တွေ အပြိုင်းပြိုင်း
ကိုင်း၊ ခက်၊ လက်...
လေကသွက်သွက်ရယ်
တောရောက် တောင်ရောက်ပြော
ညနက်အောင်ထိုင်ကြတယ်...။

စစ်ကိုင်းတောင်ရိုးက
မိန္မိန္ပ်ပ်
မီးလုံးလှလှလေးတွေ
နှစ်စင်းပြိုင် သက်ခြင်းကွာလှတဲ့
ညီကိုမောင်နှမတွေ
မီးလေးတွေ အစီအရီထွန်းလို့...။

ဟို... အရှေ့က
ဂျုံးဂျုံး ဂျဂျ... မီးရထားကောင်
မြောက်နဲ့ တောင်ကိုပြေးလို့
ညို့ညို့သာ မြင်ရတဲ့
ရှမ်းတောင်က အရောင်လဲ့လဲ့
လင်းတချက် မလင်းတချက်တွေ
ညရဲ့အခင်းအကျင်းမှာ
ဇွန်ပန်းနံ့တွေ သင်းလို့...။

အမှောင်ကိုခွင်းလာတဲ့..
တွံတေးရဲ့ သီချင်းသံ
ပေါက်ပွင့်ကျသံနဲ့ ခွေးအူသံ
မယ်ဇယ်တန်းရဲ့ ရွက်ခြင်းယှက်သံ
တိုင်ခြေရင်းက လှိုင်းကြက်ခွတ်သံ
ဂျက်ကလေးလဲ ပျံလို့
မှိတ်တုတ်မှိတ်တုတ်နဲ့ပေါ့...။

လေပြေက ပိုသွက်လာသလို
ညကလည်း ပိုနက်လာတယ်...
မိုးသောက်ယံတောင် ကျော်ပြီးကိုး
တရေးတော့ သိုးကြအုံးပေါ့...။

လွမ်းတယ်ကွယ့်

ထန်းလက်တဲမှာ
ထန်းညက်ခဲကာ
ဝါသနာတူရာ တူရာ
စာပေ၊ ဂီတ.. ရသတွေအကြောင်း...
အာညောင်းခံကြတဲ့
ရောင်းရင်းတို့နဲ့ဝေးပြီ...။

ညအခါ လသာတာကို
ရွှေယုန်များ မြင်လေမလား
ခါးထောက်လို့ကြည့်ကြတယ်
အဓိပ္ပါယ်တော့ မသိပါ..
လွမ်းစရာတော့ ကောင်းသား...။

ဆောင်းအကုန် နွေပေါက်ပြီ
တောပန်းလေးတွေ စီရရီ
မြေနီလမ်းဘေး သီလို့
ဟိုအဝေးဝေးဆီ
ရောက်ချင်ရာရောက်
ပေါက်ချင်သလိုပေါက်
လမ်းလျှောက်သွားကြတာတွေ
ဝေပါတယ်တယ် ပန်းတွေ... လွမ်းတွေ...။

လွမ်းတယ်နော့်

လဟာ တို့ရွာမှာ ပိုသာခဲ့တယ်ဆိုတာ
မိတ်ဆွေ မန္တလေးမှာ
ငါသိပွားမိခဲ့တယ်...။

လဟာ တို့ဗမာမှာ ပိုသာခဲ့တယ်ဆိုတာ
ငါ ...
ခန်းကျဉ်းမှာ မနေခဲ့ရရင်
သိမယ်မထင်ဘူး...။

ဒီနေ့ညမှာ
ရွာကိုရော၊ ညာကိုရော လွမ်းမိတယ်
ပေါင်းသင်းတွေရှိရာ၊
ရောင်းရင်းတွေ ရှိရာလေ...။

ညကလနဲ့ ထိန်ထိန်သာလို့
မယ်ဇလီဖူးသုပ်နဲ့
တကယ့်ကို ဆေးဘက်ဝင်သဗျာ
ဆေးဖက်လို့ ဆိုသကိုး
လက်ဖက်ရိုးလေး ထောင်လို့...။

အကြောင်းစစ်တော့
ရင်းမြစ်ကပေါ်
လွမ်းတော်မူပါဘိတယ်
ညလယ်သန်းခေါင်အထိ...။

Monday, May 31, 2010

စောင့်စားသင့်တဲ့ သင့်မြတ်ချိန်

ဒေါသတွေ...
ဒေါသတွေ တခါတခါမှာ
လှိုင်းထန်သလိုပဲ
ရိုင်းရိုင်းစိုင်းစိုင်းကို ထန်တာပါ
အဆုံးမှာ ရတာက
ကမ်းစပ်တွေ အမုန်း...။

သူမှာက အိနြေ္ဒတခွဲသားနဲ့မို့
သဲတပွင့်တောင်
လွင့်ထွက်မသွားအောင် ထိန်းနိုင်တယ်
တကယ်ထန်သလောက်
ခံရတာက ကိုယ်ပါပဲ...။

အုန်းပင်များဆို
ယီးလေးလွှဲကာ
သရော်တော်တော် ပြုလိုက်သေး
မင်းဟာ ခွေးလေးပါတဲ့
ဖုန်တောင်မှ မထတာကိုး...။

ကျိုးစားမှုမှာ ဒေါသပါရင်
ကိုယ်ရရှိမှာက သောကပါ
ဉာဏ်တချက် သင့်မြတ်မှာ
မွေးရာပါတခုသာ
ခွဲခြားရာ တခုဖြစ်တာမို့
ကျန်တဲ့အရာ အားလုံး (အားလုံး)
တံပိုးတွေ သယ်ဆောင်သွားလေတော့...
ကျော့စရာရှိရင် နင်ပဲကျော့
ငါဆီ လုံးဝ (လုံးဝ) ပြန်မလာတော့
သုညလောက် အဖိုးတန်တာ မရှိဘူး...။

လူ့ကဗျာ

တချို့ကဗျာတွေက
တောင်ပေါက်နေကြတယ်...
တချို့စာတွေကြတော့
ချိုပေါက်နေတယ်...
သူ့အဓိပ္ပါယ်သူပါပဲ
ဒါပေမဲ့
လူ့အဓိပ္ပါယ်က မဲ့နေတယ်...။

လူရေးတဲ့စာဟာ
မာယာတော့ ပါကြတာပဲ
ရည်ရွယ်ချက်ပဲ မပျောက်ဖို့လိုတယ်
ဆဲခံရလည်း
မြတ်တာပဲလေ...။

သဲနာတော့
ကာရံတွေက ကော့ပျံလာတတ်တယ်
ကျော့တိုင်းလဲ လှသပေါ့
ဒါပေမဲ့
ခေါင်းတော့ မမော့လေနဲ့
အိမ်နောက်ဖေးက လူတွေနဲ့ သိပ်တည့်တာမဟုတ်ဘူး...။

ဝတ်ကျွေးရယ် ကုန်စေတော့...

ဘဝရဲ့ စိတ်ပိုင်းများစွာကို
ဖြာကြည့်လိုက်ပါ...။
ဘယ်အပိုင်းမှာ ဝေဒနာပါသလဲပေါ့...
ရိုင်းခဲ့ဖူးသလား
သို့မဟုတ် ကိုင်းရှိုင်းခဲ့တာလား
တောကစားတာလား
မုဆိုးလုပ်ဖို့သွားတာလား
သားကောင်မရလေတော့
လေပွေတချက် အရိုက်မှာ
မုသားတခုပါလာတယ်
တောကစားတာပါတဲ့...။

အမျိုးနဲ့အရိုးနဲ့ဆိုတော့လည်း
ခွင့်လွှတ်ရမလို
တကယ့်အဖြစ်က ပိုနေပြန်တော့
တကျော့တော့ ခံဖို့သင့်တာပေါ့
စံခဲ့တာလည်း မင်းတို့ပဲလေ...။

ငါတို့မှာ ဆုံးရှုံးစရာဆိုလို့
ဖုန်ထူထူမှာ
ခြေဖဝါးအရာ တခုတည်းပါ
ဒါတောင် ခပ်ပါးပါးရယ်ပါ
ခြေခဏာကိုတော့
အတော့်ကိုကျွမ်းကျင်မှ
အဖြေရှာလို့ရလိမ့်မယ်...။

အမေဆိုတာကတော့
နာရီလက်တံ တချက်ဝှေ့တိုင်း
ခိုင်းနှိုင်းမှု ပုံစံမျိုးစုံနဲ့
အိပ်ရာဝင်ပုံပြင်တခု ရေးထုတ်နေလေရဲ့
ခပ်သဲ့သဲ့ ငိုသံလေးတောင်ပါပါသေး...။

အကျွေးဆိုတာက
ဆပ်မှရမယ်ဆိုတာ
အမေမှာတမ်း ချွေခဲ့တယ်လေ
ကျွန်တော် မပန်းပါဘူး
ဘာဆုထူးကိုမှ မပန်ပါဘူး...
ကြေအောင်ဆပ်ပါ့မယ်
နောက်ဘဝကို သယ်မသွားတော့ပါဘူး...။

Friday, May 28, 2010

ဖိုးမထိုက်တဲ့ ထုတ်ကုန်များ

လမ်းတိုင်းကို လျှောက်တတ်ဖို့ဆိုတာ
အရည်အချင်းဟာ ရှိရတယ်
အရည်အချင်းရှိပြီး အတ္တကြီးရင်
နယ်ပယ်တခုမှာပဲ လသာနိုင်မယ်...။

နွားခြေရာကွက်လား
မူးလား
ဝါလုံးခေါင်းလား
ကွဲကွဲပြားပြား သိဖို့လိုတယ်
ဒီထက်ပိုပြီး
ငါမဟုတ်တဲ့ ငါများအတွက်
သင့်ရဲ့ အရောင်ဟာ
တောက်ပဖို့လိုတယ်
မဟုတ်ရင် ထင်တလုံးနဲ့ပဲ
ငါစွဲတွေနဲ့ ပိုးဖလံဖြစ်သွားနိုင်တယ်...။

တခဏမှာ
မျိုးစားငါးရာထုတ်နိုင်တဲ့ လုပ်ငန်း
သင့်ရဲ့ ပင်ပန်းခံမှုကို
ချီးကြူးလိုပါတယ်။
ဒါပေမဲ့...
ငါးနှစ်မှာ တမျိုးထုတ်တဲ့
ကုန်မျိုးလောက်တော့
သုံးခံနိုင်မှာ မဟုတ်ပါဘူး...။

ဘယ်အတတ်ပညာမဆို
ကိုယ့်တွက်လား၊ သူ့တွက်လား
တန်ဘိုးထားမှုက
ဈေးနှုန်းနဲ့သတ်မှတ် လိမ့်မယ်။
ဘယ်အသိပညာမဆို
ကိုယ်ကျိုးတွက်လား၊ များကျိုးတွက်လား
သင့်ရဲ့ ခံယူချက်က
မျှတတဲ့ ဈေးနှုန်းနဲ့ သတ်မှတ်လိမ့်မယ်
တန်ဘိုးဆိုတာ
သုံးစွဲသူတို့က သတ်မှတ်တာဖြစ်တယ်...။

အနာဂါတ် ကလေးများ

ဆရာမကြီး ကျောင်းကိုလာ၊
ခြင်း၊ ဂျိုက်များကို ကူဆွဲပါ။
တန်းကိုရောက်လာ မတ်တပ်ထ၊
မင်္ဂလာပါ ဆရာမ။

မှိုက်သရိုက်တို့ ရှင်းကြမယ်၊
ခုံရှည်စားပွဲ မကျန်ကွယ်။
သင်ပုန်းပေါ်မယ် ဖျက်ကာထား၊
သန့်ရှင်းစင်ကြယ် ကျန်မားသား။

ကျောင်းတခွင်လုံး သန့်ရှင်းမယ်၊
ပေါင်းထိုး မြက်နှုတ်ကွယ်။
စည်းရိုးပတ်လည် ပန်းပင်တန်း၊
စိမ်းလန်းစေမယ် ကျောင်းသင်္ခန်း။

သောက်ရေအိုးကို ရေဖြည့်မယ်၊
ညီညီညာညာ ပုံးကြီးငယ်။
သောက်သုံးသူတွေ အေးစေကြောင်း၊
သားတို့ ကံလည်းကောင်း။

ဘုရားရှင်ကို လက်အုပ်ချီ၊
ကန်တော့ချိုးနဲ့ သံညီညီ။
ရန်မျိုးငါးပါး ကင်းစေကြောင်း၊
မေတ္တာလောင်းလို့ တို့ဆုတောင်း။

ဗမာ့သမိုင်း သင်ကြမယ်၊
သေသေချာချာ နားထောင်ကွယ်။
သူရဲကောင်းကို စံမူထား၊
ဗိုလ်အောင်ဆန်း မျိုးကောင်းသား။

လေ့ကျင်းခန်းများ ကျင့်ကြမယ်၊
ဖြည့်ကွက်အများ မကျန်ကွယ်။
စာသင်ချိန်ဝယ် စိတ်ဝင်စား၊
ပျင်းရိစိတ်တို့ ဖျောက်ကာထား။

စားစရာများ စုပေါင်းမယ်၊
ပျော်ပျော်ပါးပါး စားကြကွယ်။
ချစ်ချစ်ခင်ခင် ကူညီကြ၊
ကျောင်းတော်သားများ ပီအောင်ပ။

အလံတော်မြတ်ကို အလေးပြုမယ်၊
မတ်မတ် ရပ်ကာကွယ်။
ဇာနည်များကို လေးစားတု။
ခေါင်းညိတ် အလေးပြု။

ကျောင်းဆင်းရင်လဲ အိမ်ကိုပြန်၊
ထီး၊ ဖိနပ်တို့ မမေ့ရန်။
ကိုယ့်ပစ္စည်းကို ကိုယ်ယူသွား၊
မမှားအောင်လဲ သတိထား။

ဖြူသန့်စင်ကြယ် ကလေးငယ်

လူကလေးက အရွယ်ငယ်
နို့ချိုစို့ကာ ရယ်တတ်တယ်။

မေမေ့ချစ်က ပိုပြန်တော့
တခစ်ခစ်နဲ့ ရယ်လို့ပေါ့။

ငါးနှစ်ရောက်တော့ ကျောင်းကိုပို့
ကကြီးခခွေး စာအံလို့။

တစ်နှစ်သုံးလေး ဂဏာန်းသင်
ပညာရှိကြီး မောင်မောင်ထင်။

နေ့ညအိမ်စာ ရအောင်လုပ်
ပုစ္ဆာတွေကို အဖြေထုပ်။

အကြွေးမထား ကြိုးစားတာ
စာဖြေခန်းမှာ ပျော်လို့ပါ။

အောင်စာရင်းကို ပြေးကြည့်ကြ
မောင်မောင်ထင်တို့ ပထမ။

ငယ်စဉ်အခါ ပညာရှာ
လူတော်ဖြစ်ဖို့ ခွင့်ရေးပါ။

ခွင့်ရေးတွေကို မလွတ်တန်း
ဂျိုးထောင်နည်းလို့ ဖမ်း။

စိတ်ကောင်းရှိပြီး စေတနာ
လူကြီးမိဘ ရိုသေပါ။

လုပ်သင့်ရာ အောင်စေကြောင်း
မေတ္တာတွေ ခညောင်း
ကလေး သူတော်ကောင်း။

Wednesday, May 26, 2010

တရားမရှိတဲ့ ညီညွတ်မှု

ဆွဲဆွဲငင်ငင် အူသံတွေနဲ့
အလင်းချို့တဲ့ ညမှာ
ပရလောကသားတို့
လက်ချင်းချိတ်လို့
ညီညွတ်နေကြတယ်...။

စကားပြောတဲ့ အသံက
မပီသပေမဲ့ ညီမျှနေကြတယ်
ဝူးဝူးဝါးဝါးနဲ့ပေါ့...။
ခြောက်ခြားစရာတော့ ကောင်းပါတယ်
မိစ္ဆာတွေရဲ့သွေးဟာ
ဘာအရောင်လဲ...။

အောက်လမ်းဆရာတို့
ဂွင်ကိုကျလို့ပေါ့
ပြည့်တန်ဆာတို့နဲ့ မြူးတူးပျော်ပါး
ဆေးဝါးအပြည့်အစုံနဲ့
အားတိုးဆေးတွေလဲ သောက်လို့
ရပ်ကတို့များကလည်း
ကိုးစားနေဆဲပါ...။

အမေနို့ကို သောက်စို့ပြီး
ကြီးလာသူများ မဟုတ်လေတော့
တခါစားတွေ သိပ်ကြံကြတယ်
စားတာများတော့ စာမကြေ
စူးစူးဝါးဝါးအော်ပြီး
ဆိုးဆိုးရွားရွား ဇာတ်သိမ်းလိုကြတယ်
အော်
ဘုရားမှ မရှိတာကိုး
တရားမှ မသိတာကိုး
အကြောင်းအကျိုး ဘယ်သိနိုင်ပါ့မလဲ
ပရမိစ္ဆာများတော့ ညီညွတ်နေဆဲ...။

Monday, May 24, 2010

ဗမာ့ငရဲ

ညဆိုပေမဲ့
မီးပျက်ရင် ချွေးထွက်တော့တာပဲ
အလူးလဲ ခံရကြရတယ်
အဲဒါလဲ ငရဲတခုပဲ...။

ခြင်တွေကတုပ်
ချွေးတွေကယား
ကုတ်လိုက်ရတာ တဂုတ်ဂုတ်
ပေစုတ်နေတာပဲ
အဲဒါလဲ ငရဲတခု...။

ပူပူလောင်လောင်နဲ့
အိပ်ယာလဲ မဝင်နိုင်
ထိုင်ရမလို ထရမလို
ငိုတောင် ငိုချင်လာတယ်
လမ်းထွက်လျှောက်မှပဲလို့
အိမ်ထဲကထွက်
ဂျုံးဂျုံး ဂျက်ဂျက် အင်ဂျင်သံတွေ
ဆူညံဝေ... လို့
ရှူစရာလေက မီးခိုး
လျှောက်စရာမြေက နှစ်ပေလောက်
စိတ်ပေါက်ပေါက်နဲ့
တောက်...
ငါဆဲလိုက်ရ
ငရဲဟ... ငရဲ...။

မိုးကခေါင်၊ ခွေးကဟောင်

ရောဂါ...
ရှင်သန်လာကတည်းက ရရှိလာ
ဝေဒနာထပ်ဆင့်လိုက်တော့
ကုန်ပေါ့ ပိုက်ဆံ...။

ညစ်တယ်
ရွယ်က ငယ်ပါသေး
ဘဝပေးက မကောင်းတော့
သောက်ကျိုးတွေနည်း
သောက်တိုင်းလဲမကောင်းတော့
လူတိုင်း...
နဲနဲတော့ ညစ်တယ်
ညစ်ကြယ်မဖြစ်တာ တော်ပါသေး...။

အလုပ်က မယ်မယ်ရရမရှိ
အသိတွေ သုံးမ၀င်
သတိနဲ့ ဆင်ခြင်တော့ မထူးခြား
ညဏ်ကူလည်းပဲ ခပ်ပါးပါး
ကံကတော့ ခပ်ဝါးဝါးရယ်ပါ...။

မိုးကခေါင်
ဖုန်ကထ
သောက်ရေက မရ
ဘောက်တွေလဲထနေပြီ...။

နွားမတော့ ပိန်နေပြီ
နေပူကတော့ ရှိန်တုန်းပဲ
ကန်တွေလည်း ပက်ကြားအက်
ဝမ်းတွေကပျက်
သက်ထွက်သွားတာ တနေ့တယောက်
ခေါင်းတွေလည်း ချောက်လှပြီ
သောက်ကျိုးနည်းပြီ
တိုင်းပြည်ပျက်နေပြီ
ဘ၀ပျက်နေပြီ
ရပ်ကတော်တို့ရေ...။

ဒို့ရွာ (နို့ဝါ)

လူတိုင်းမှာ...
ရွာကလေးတရွာစီ ရှိနေကြတယ်
ချစ်စရာ့နာမည်လေးတွေနဲ့
တချို့ရွာက စည်ကားတယ်
တချို့ရွာက နေချင့်စဖွယ်
တချို့ရွာကတော့ပျင်းစရာပါ...။

ယံမင်္ဂလံ စာအံသံတွေရှိတယ်
ဖော်ရွေတဲ့ သူငယ်ချင်းတွေရှိတယ်
ပေတေတဲ့ အရူးငဖေ တယောက်ရှိတယ်
ထုံးဖြူစေတီလေးနဲ့ ရွာဦးကျောင်းလေးရှိတယ်
အရသာစုံတဲ့ ချိုချိုတို့ လက်ဘက်ရည်ဆိုင်ရှိတယ်
ခြကိုက်နေတဲ့ စာတိုက်ပုံးလေးရှိတယ်
အခု အကုန်လုံး ပြတိုက်လေးလို ငြိမ်သက်နေတယ်လေ...။

ဝက်အော်သံ
ဝတ်လျှော်သံ
ကြက်ကတော်သံ
ရွာဆော်သံ
အမြဲညံနေတဲ့
သံစုံတီးဝိုင်းလေးလည်း ရှိတယ်...။

လွမ်းစရာတွေပါ
စားလို့မရတဲ့ အရသာတွေ
မေ့လို့မရတဲ့ ဓလေ့တွေ
အဖိုးဖြတ်လို့မတဲ့ မေတ္တာဓာတ်တွေ
မွှေးပျံနေတဲ့ ပန်းရနံ့တွေ
ငါလေ...
ဒါတွေကို
ဘယ်ချိန်ပြန်ရမလဲ...။

Sunday, May 23, 2010

ဆိပ်နေ့၊ ည

နေပျောက်လိုက်
ညရောက်လိုက်ပေါ့
စက္ကန်များ ပြေးလွှားနေတယ်
ကြာညိုအနံတွေ အမြဲသင်းနေတယ်
ပိုးဟပ်မည်းတွေက နေရာအနှံ့
ခန်းပတ်ပတ်လည်မှာလည်း ၀ိုင်ယာတွေနဲ့
အသက်ဆက်ခဲ့တာ နှစ်နှစ်ပြည့်တော့မယ်
ဒီခန်းပတ်လည်မှာ ဒီတိုင်းခြည်းပါပဲ...။

လောင်စာတွေ ထည့်သွင်းတယ်
နောင်မှရပါစေ
နောင်တတွေတန်းလန်း
ရမ်းတယ်လို့တော့ မထင်ပါနဲ့
ဘယ်လူကိုမှ ခွေးမထင်ဘူး
ပုလင်းတူ ဘူးဆို့တွေ ထွက်သွား...
ကောင်းတူ ဆိုးဘက်တွေ ထွက်သွား...
ဒိုးတူ ပေါင်ဖက်တွေ ထွက်သွား...
ဒါဟာ
၂၀၀၉ မှာ မရလိုက်တဲ့ နောင်တတွေပါ...။

ဆေးလိပ်တွေ မသောက်နဲ့တဲ့
ဆိပ်တောက်တွေဆိုပဲ
ခေါက်ခေါက်ခါခါ ဒီစကားတွေ
ငါမကြားချင်တော့ဘူး
ဒီအသက်က
မဟုတ်လည်း ထွက်ခွာမှာပဲ
နေပါလို့ တားပိုင်ခွင့်မရှိ
ငါသိပါတယ်..
ငါ့လုပ်ရပ်တွေအတွက် ငါကြေနပ်ပါတယ်
တကယ်ဆို
အဲဒါ ဆိပ်မဟုတ်ဘူး
လူကြားမှာ ဘီလူးရှိနေတာက
အဆိပ်ကွ...။
အဓမ္မကို ဆိပ်လို့ခေါ်တယ်ဟ
မှတ်ထားကွ မှတ်ထား...။

မြုံးမိတဲ့ငါး ပြုံးစိစိရယ်တဲ့လား

စောကျောမှ မသိတာ
တောကစား ထွက်ချင်သေးတာ အံ့ပါ့
ငါဟေ့... လူ့ဗာလလို့
အဝေးဝေး မစိုးမပို့သံ
လျှံကျလာတဲ့ လောဘ
သမင်ရရင်ရ
မရရင် မင်းကိုသတ်မယ်...။

သခင်အားရအောင်
အတ္တတွေ အရောင်ပြောင်း
ပုပ်နံ့က တထောင်းထောင်း
ဈေးကောင်း ဖာသည်မ
ဘယ်လောက်လှလှ
အဖိုးတန်ရင် တမတ်ပေါ့...။

ကိုယ့်ကိုကိုယ် အမြုံးထောင်
လောင်ကောင်တွေ ဗလပွ
သူ့တွက်တော့ အနှစ်သာရပဲလေ
ကြည့်စမ်း...
တနေ့တခြား ၀လာလိုက်တာ
သြော်....
ဖားလည်း ဖားနိုင်သကိုး
စားလည်း စာနိုင်မှာပေါ့...။

Saturday, May 22, 2010

သင်္ခါရ နံနက်ခင်း

နုနယ်သည့် ရောင်ခြည်ဦးတို့သည်
နှင်းထု သိပ်သည်းမှုကို အံမတုနိုင်သေး
တေးတကျော်ကျော်နဲ့ ဈေးသည်မကို
သူယောင်မယ်လို့ ထင်မှားစေနိုင်တဲ့ အချိန်ပေါ့...။

အမည်မသိ ငှက်ကလေးတွေ
တေးတွေသီနေကြပြီ
အချင်းချင်း ပလီနေလိုက်တာ
အားကျဖို့တော့ ကောင်းတယ်
မွေးစားသား တောင်ဝှေးကိုထောက်ရင်း
ဦးကျောက်မောင်းတောင် ပြုံး...လို့...။

တဖြည်းဖြည်းရင့်ကျက်လာတဲ့
နေ၀န်းဝိုင်းဝိုင်းဟာ
ရွက်စိမ်းဖလ်တွေ အပေါ်မှာ ဖြာကျလို့
လေဝှေ့လို့
တရှပ်ရှပ်နဲ့ ရင်ခြင်းထပ်နေကြတာ
လောကရဲ့ အလှတမျိုးပေါ့
ထာဝရတည်နေရင် ကောင်းမှာပဲနော်
တော်ပျော် သူတော်မဟုတ်သေးလို့...။

ရုပ်နာမ် နှာစေးပုံ

ဒီကနေ့ဟာ
လေးကျွန်းပိုင်တို့ရဲ့
အိနြေ္ဒပျက်ရတဲ့နေပေါ့
ဒီတပွဲက
ကျော့စရာမရှိလေတော့
အသော့နှောပေမယ့်
တိုက်ကွက်ကမမိ...။

နောက်ဆုံးခရာတချက်ဟာ
ပြောင်းပြန်စီးသောမြစ်မှာ
ပေါ်လိုက်မြုပ်လိုက်
တိုက်ရိုက်သွေးတို့ မစီးဆင်းတော့...။

ကျယ်လောင်လာတဲ့
လက်ခုတ်သံတွေဟာ
ငါ့အတွက်
အနှစ်သာရမပါလေတော့
ထိချက်ကနာတယ်
အရောင်တွေ လွင့်ပျယ်သွားတာ တကယ်ပဲ...။

ဒီတည အိပ်လို့မရခဲ့ဘူး
အရူးတပိုင်းဆိုလည်း မှန်ပါတယ်
မူးသမားတို့ သမိုင်းထဲ
အမြဲရောက်ချင်နေတော့တယ်
မိုးသည် မစဲ ရွာနေတုန်း...။

ရိုးစင်းတဲ့ စစ်တုရင်

ကိုယ်ကျိုးစွန့်သူ တယောက်ရဲ့
လှုပ်ရှားခဲ့တဲ့
အေးစက်တဲ့ နေ့ရက်တွေမှာ
ဆေးလိပ်တဖွာကိုသာ
မက်မောတယ်...။

ကျော်ဖြတ်ရတဲ့
ညရက်တွေမှာ
လမ်းပြဆိုလို့
ပိုးစုန်းကြူးတကောင်သာ
အဖော်ပါခဲ့တယ်...။

ငါတို့ထုတဲ့ ရုပ်လုံးဟာ
ငိုးချင်းသံတို့ ပျံ့လွင့်ခိုက်မို့
ပီပြင်ဖို့ နေ့တွေဟာ
ကြာခဲ့ရတာ မဆန်းပါဘူး...။

မပဋာမြေလူး
အရူးတပိုင်းတောင်မှ
တရားရသေးတာပဲ...။
ဤကိုတောင် ကျွဲဖြစ်ရသေးတာ
ညီညွတ်မှုပဲလိုတာ မဟုတ်လား...။

ရန်သူ့နယ်မြေမှာ
မွေးတဲ့ ပန်းရယ်လို့ မရှိပါဘူး...
မုန်းသူတို့နယ်မြေမှာ
လိပ်ပြာတို့...
ဝတ်ရည်ကို
သောက်စို့ခွင့် မရခဲ့ကြဘူး
တကယ် ကြူးကျော်တာက
ဘယ်သူလဲ...။

အမေးရှိတယ်
အဖြေသိတယ်
ကြားနေသူသာ မဖြစ်ပါစေနဲ့
ဒီချိန်ဟာ...
စွန်းကိုပဲထွက်သင့်တယ်
ပွန်းကို ရှေ့တကွက်တိုး...။

Friday, May 21, 2010

ခြင်ထောင်ဇာတ်လမ်းကို ရှင်းတမ်းထုတ်ခြင်း

သမိုင်းဆိုတာ
အုဋ္ဌ်တံတိုင်းများနဲ့
ကာရံ ပိတ်ဆို့ထားလို့မရပါ
ပြာပုံဘ၀ရောက်ခဲ့တဲ့ ပြဇာတ်တောင်
မှန်ဘောင်တပ်ပြီး
ဂုဏ်ပြုခံရသေးတယ်မဟုတ်လား...။

မှန်တရားဆိုတာ
ဆိုးကျိုးသာ ဖြစ်စေတယ်ဆိုရင်
ငါ့နံရိုးများ ကျိုးသွားပါစေ
ဆိုးထုတ်ကြီးကို ထမ်းသွားမယ်...။

မှန်တာပြောလို့
ရွာပြင်ထွက်ရရင်လည်း
ဒီဝဠာထဲက
လက်ပြနှုတ်ဆက်ပြီး
ထွက်သွားရုံပါပဲ...။

ကွန်မြူနစ်ကို မကောင်းဘူးလို့ပြောရင်
ငါ့ကို...
အရူးလို့ခေါ်တာ လက်ခံတယ်
လီနင်ဟာ
ငါ့အတွက်
ထူးမြတ်တဲ့ သူရဲကောင်းပဲ...။

ဗိုလ်ချုပ်ကစ
ဘသိန်းတင် အဆုံး
လမ်းပြကြယ်တွေဟာ
ကွန်မြူနစ်တွေပါပဲလို့ပြောရင်
တွန့်တက်ခွင့်
မင်းတို့မှာ မရှိဘူး...။

မင်းတို့ဟာ...
ခွေးတိုးပေါက်ကို ဖလ်ဂူထင်
မစင်ပုပ်ကို သကာလိုမြင်
မင်းတို့ရဲ့ ကယ်တင်ခြင်း မခံရတာ
တို့ပြည်သူတွေ ကံကောင်းကြပါတယ်
ခြင်ထောင်ဇာတ်လမ်း
ရှင်းတမ်းထုတ်ရင်
------------------
တကယ်ဆို
ယမမင်းဟာ ရန်သူမဟုတ်ဘူး


မှတ်ချက်။ ။ ပြည်ပ၌ တော်လှန်ရေးဗန်းပြပြီး ကိုယ်ကျိုးရှာနေကြသော ဖောက်ပြန်နေသူများကို ရည်ရွယ်၍ ရေးဖွဲ့ခံစားသည်။

ဘ၀ ဖွင့်ဆိုချက်

ဗိုင်း... ကနဲ
လဲကျသွားတာဟာ
စက္ကန့်မှာ တချက်တည်း
ပြန်မတ်ဖို့ ကျိုးစားတဲ့အခါ
တံတိုင်းများက အထပ်ထပ်
ငါ့တွက်...
ကွက်လပ်တနေရာ ကျန်သေးလား...။

အမေတော်သလောက်
သားကဖျင်းပါတယ်
တကယ်ဆို
အမေ နို့ချိုမတိုက်သင့်
စံနစ်တွေများ ပြောင်းပြီလား...။

ငါက...
မေတ္တာကို မခံယူတတ်သူကိုး
ချုပ်ရိုးတောင် မကျက်သေးတာ
ငါ့အတွက် သစ္စာဟာ
ဘာများ အဓိပ္ပါယ်ရှိမလဲ...။

လူတိုင်းလျှောက်နေတဲ့
ခရီးလမ်းကို
ငါက ကြမ်းတမ်းတယ်လို့ နားနေခဲ့
တကယ်တော့...
ဘ၀ရဲ့ အဓိပ္ပါယ်ကို မသိလို့...။

အောင်ကသိုဏ်း

အောင်ပါစေသီချင်း ကြားရတိုင်း
အောင်ဘာလေ ထီထိုးလိုက်ရတာ
ဘုရားစင်အောက်မှာ အထပ်ထပ်...။

မှားတာကို မြင်တိုင်း
အမှန်တိုင်း ပြောမိတဲ့အခါ
ဆဲဆိုခံရတာ အခါခါ...။

ဝေးကွာတဲ့ ကောင်းကင်ကို တွေ့တိုင်း
ခြေဖျားထောက်ခံရတဲ့ ပထ၀ီမြေကြီးဟာ
ရိုင်းစိုင်း မာကျောနေလေရဲ့...။

ငါ့ရဲ့ဘ၀ဟာ
ဘယ်တော့မှ ဌာန်ကရိုဏ်းမကျ
သံသရာကလွတ်အောင်
ဘယ်ကသိုဏ်း ရှုရပါလိမ့်မလဲ...။

နှစ်လိုဖွယ် ဝေဒနာ

နုနယ်စဉ်က
ကြီးမားတဲ့ ဝေဒနာတခုဟာ
ကံ၏ စီမံရာဖြင့်
မလွှဲတောင်ကြားမှာ
မြုပ်နှံခဲ့ရတယ်...။

ဝေဒနာ သက်သာရုံ
တခဏမှာ
ငါရဲ့ မှန်တရားတခုကြောင့်
တောချောက်ခံခဲ့ရတယ်...။

တောချောက်လို့
လမ်းပျောက်နေတုန်း
ဝေဒနာဆိုးတခု
လန့်နိုးလာပြန်တယ်...။

အဲဒီဝေဒနာကြောင့်
ဖောက်ပြန်နေတဲ့
လောက်ကောင်တွေကို
ပြန်မြိုမကောင်းတဲ့ ထွီဖွယ်လို့
မြင်နိုင်ခဲ့တယ်...။

အဲဒီအချိန်ဟာ
မကွဲပြားတဲ့
သူယောင်မယ်တွေကြားမှာ
ဗလာမဲတွေကို
ဆွဲထုတ်ပြနိုင်ခဲ့တယ်...။

အဲဒီဗလာမဲတွေဟာ
ဖန်တရာမကတဲ့
ဘ၀တွေမှာ
ကြံရာမရတဲ့အခါ
အသုံးပြုနိုင်လိမ့်မယ်လို့ ယုံကြည်တယ်...။

အခုတော့
ဆုံချက်များ အံချော်တိုင်း
စိတ်ရိုင်းတွေ မထွက်ကျအောင်
နွေခေါင်ခေါင်မှာ
စောင်ခြုံလို့ အိပ်နေဆဲပါ...။

ဘ၀ ရော်ရည်

သစ်ရွက်တို့သည်
ကြွေလွင့်လျက်ရှိ၏...။

ထိုအခါ၌
ငါ၏ မျက်ဝန်းတို့သည်
ဆယ်လံမျှသော ပကတိအရာတို့အား
မမြင်စွမ်းတော့...။

သူမ၏
ဖျော့တော့သော
နှုတ်ခမ်းစင်းကြောင်းတို့ကို
ခေတ်မီ နှုတ်ခမ်းနီတို့ဖြင့်
လှဆင်ခြင်းကို မလိုလားတော့သည်မှာ
ဝမ်းမြောက်ဖွယ်ပင်...။

ရေပြင်ကြယ်သည်
တည်ငြိမ်လျှက်ရှိ၏
လှိုင်းကြက်ခွက်တို့၏
ဆော့ကစားပုံများကို
နွေးထွေးသော ရောင်ခြည်တို့ တန်ဆာဆင်ထား၏...။

သို့သော်
ငါ့အတွက် တီးခတ်ရန်
သံစဉ်များမရှိ
ငါ့အတွက် တေးသီရန်
လင်္ကာတို့သည် မချောတော့...။

ကိုယ့်ရဲ့ အနာဂါတ်အလား
ဘာဝနာပွားစရာ
ရောင်ခြည်မှာ ဖျော့တော့စွာ
ငါ့အား
လက်ပြနှုတ်နေ၏
မနက်ဖန်တွက် ဖြစ်ပေမည်
ငါသည်လည်း
မနက်ဖန်အတွက် အသက်ဆက်ရပေဦးမည်
ဟဒယတို့သည်
တည်ငြိမ်စွတကား....။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ