Thursday, April 19, 2012

အောင်ဇေယျတု

သူကောင်းရင် ကိုယ်ကောင်း
သူမကောင်းလည်း ကိုယ်ကောင်း
ပေါင်းရင် အဆင့်တက်ရမယ်
ကုသိုလ်ရယ် နိဗ္ဗာန်ရယ်
အဓိဋ္ဌာန်တယ်။
ပြည့်....။

ယုံ

သကြား ချိုမချို
မြည်းကြည့်ဖို့မလို
စုကိုသာ ယုံလိုက်ပါတော့။

အတူတူပါပဲ

ပင်မြင့်တွင် စံ
တော်ဝင်တဲ့ပန်း
နမ်းလို့မဝ
ကြည့်တိုင်းလည်းလှ
သဇင်ကလည်း သဇင်။

မြေမှာ ပြေးလျှောက်
ထက်မမြောက်ဘူး
ခူးလိုကခူး
စားသူမြူးစေ
အဆိပ်ပြေတဲ့
ကန်စွန်းကလည်း ကန်စွန်း။

ထွန်းပေါက်ကြခြင်းမတူ
စွန်းရောက်တာလည်းမဟူ
ချစ်ရသူတွေချည်းပဲ။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။