Sunday, July 4, 2010

တသက်မက ဝေးရပါစေ...

သန့်သန့် ရှင်းရှင်း
ခန့်ခန့် ညားညား
နူးနူး ညံ့ညံ့
သိမ်သိမ် မွေ့မွေ့ပါပဲ
ဒါပေမဲ့
ကျုပ်နဲ့မတည့်ဘူး...။

မပု မရှည်
ပြည့်ပြည့် ဖြိုးဖြိုး
ဝင်းဝင်း ပပပါပဲ
ဒါပေမဲ့
မိတ်ဘက်မဟုတ်ဘူး..။

ရည်ရည် ငံငံ
ပြုံးပြုံး ပျော်ပျော်
မော်မော် ဖူးဖူး
ကြည်ကြည် နူးနူးပါပဲ
ဒါပေမဲ့
ဆက်ကြောင်းမရှိဘူး...။

သူ့နဲ့...
ဝေးလည်း ကောင်းတယ်
နီးလည်း မပေါင်းဘူး
စောင်းလည်း မကြည့်ဘူး
ကောင်းလည်း မပြောဘူး
လာလည်း မကူနဲ့
ငါလည်း မကူဘူး
ကိုယ့်ဆူး ကိုယ်နုတ်
ကိုယ့်ကြံ ကိုယ်ထုတ်
ကိုယ့်ကြောင်း ကိုယ့်သိ
ကိုယ်ဖြစ် ကိုယ်ခံ
ငါ...
မင်းနဲ့ပတ်သက်လို့
ပြတ်သားခဲ့ပြီ...။

ခေါင်းနဲ့ပန်းလို
မင်းမှန်တယ်ဆိုရင်
ငါလည်းမှန်တာပဲ
အမှန်နှစ်ခုကို
တရားက စီမံလိမ့်
ခံရမှာတော့ မကြောက်နဲ့
ငရဲက ဘက်မလိုက်ဘူး...။

မုန်းသူတို့ သက်ရှည်သလို
ချစ်သူတို့ သက်တိုတယ်
ကံတို့က ခေဆဲပါ
ထားပါလေ
ငါ့အတွက်
ရေကြည်တပေါက်သာ
သောက်သုံးခွင့်ရရင်...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။