Thursday, September 2, 2010

အာသာ ပြေစရာ ဘယ်မှာလည်း

ချိုးကူသံ
ဝါဝါဝင်းဝင်း
စပါးခင်းအလယ်
ပေါက်ပင်အိုထက်က
ပြောက်ပြောက်ကျားကျား
လောကကို လှဆင်နေတဲ့
လှဘုရင်တပါး...။

ဥသြတွန်သံ
စိမ်းဖန့်ဖန့်နဲ့
နှစ်ပင်ယှက်နေတဲ့
ကုက္ကိုလ်ပင်ထက်က
ဆွေးမြေ့စွာ
အဖော်ကွဲရှာနေတဲ့
နွေဘုရင်တပါး...။

ဆက်ရက်ကျူးသံ
သောင်းသောင်းညံနေတာပဲ
ပင်အိုထနောင်းထက်က
ခုန်ဆွဆွ၊ စာလုကြ
သီကျူးကြ၊ မြူးတူးကြ
နေဝင်ချိန် မှိန်ပြပြမှာ
အိပ်တန်းလုကြ
သြော်...
အာဂ လှဘုရင်များတကား..။

မကြားမမြင်ရတာ
နှစ်ချီကြာပြီပေါ့
တကျော့ပြန်
သည်တေးသံတွေ ကြားရဖို့
ငါ့ကံက မဟန်သေး
အာသာပြေဖို့
ဆန္ဒတွေဖြေဖို့
မျှော်လင့်ချက်ကမှုန်ဝါးဝါး
ကျိုးကြောင်းကား မညီ
အသက်က ဌီခဏကို
ရောက်လာပြီဆိုတော့
သည်တေးသံတွေ
ကြားရပါတော့မလား...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။