Tuesday, July 27, 2010

ကိုင်းပင်မဟုတ်

အပြုံးမပျက်
ရှေ့ဆက်ဖို့ဆိုတာ
လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး...။

လမ်းမှာက ဆူးတွေနဲ့
ကျော်ရ၊ ခွရ
ရှောင်ရ၊ တိမ်းရနဲ့
ပန်းတိုင်က
ဘာမှန်းမသိဖြစ်သွားနိုင်တယ်...။

တကယ်တော့
ခူးချင်လို့သာ
မြူးကြွနေရတာရယ်
ဆူးမြင်ရင်
ဘာထူးမလဲ စောင့်ကြည့်အုံးပေါ့...။

ထူးချင်တာတော့ ထား
ကျူးကျူးလွန်လွန်မဖြစ်ဖို့
အရေးကြီးတယ်
ရွှေထီးတွေ၊ ငွေထီးတွေ
ရွေးမနေနဲ့
နေရိပ်ခိုဖို့၊ မိုးမယိုဖို့ပဲလိုတယ်...။

လမ်းတဝက်မှာ
အိမ်ပြန်ချင်တာလောက်
အတိဒုက္ခရောက်တာ
ဘယ်ရှိမလဲ
နွမ်းလဲနွမ်းနေပြီ
ပန်းလဲပန်းနေပြီကိုး
ဆီးစာမခမ်းခင်တော့
တခါလောက် လင်းချင်သေးရဲ့
ဘာပြောပြော
အသက်ကတော့ တဝက်ကျိုးပြီ..။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။