Friday, August 27, 2010

သုညခေတ်

ဒီခေတ်၊ ဒီနှစ်မှာ
ပေးဆပ်ခြင်းရဲ့တန်ဘိုးဟာ
သုညဒီဂရီအောက်ကို ရောက်နေတယ်
ဒါပေမဲ့ ပေးဆပ်မြဲပေးဆပ်လျှက်
ကျေနပ်လျှက်၊ ပျော်ရွှင်လျှက်ပါ
အားလုံး... ရင့်ကျက်တဲ့တနေ့
(သို့) မရင့်ကျက်တဲ့တနေ့
သုညရဲ့ရှေ့ကို ရောက်ကောင်းပါရဲ့။

အနှစ်နဲ့ အကာကို မခွဲခြားခင်
အကာရဲ့နှစ်ကိုပဲ စာသုံးကြစို့လား
အကာမရှိရင် အနှစ်မရှိနိုင်ဘူးလေ
ဖြည်းဖြည်းပေါ့...
ငါတို့အတ္တဘောလည်း အကာတွေနဲ့
 ဖွဲ့စည်းထားတာပဲ။

အနှစ်ကိုလိုက်ရှာရင်း
တွေ့လိုက်ပါရဲ့ သုည
အော်...
သုညဟာ အနှစ်ဖြစ်နေပါပေါ့လား
ဒီခေတ် ဒီနှစ်တွေမှာလေ...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။