Sunday, December 26, 2010

ဖြစ်ကတတ်ဆန်း ဂါထာ

တနေကုန် ထိုင်တွေပြီး
တရေးရေးမြင်လာတဲ့
သောက်သုံးမကျ ငါ့ဘဝ
ကောက်ကောက်ကွေးကွေး
မလောက်လေးမလောက်စား
ငါ... စနေသား
မရဏဘွား
အလကားကောင်...။

နောင်တတွေ ရလွန်းလို့
ငါရေးတဲ့ ကဗျာ
တခါမှ ပြန်မဖတ်ဖြစ်ဘူး
ရူးရေးတဲ့ ရူးကဗျာ
အသုံးကျတာ ဘာမှမရှိ....။

တစိမ့်စိမ့်ကြည့်လည်း
ဘာမှမမြင်
ခွင် (ဂွင်) လည်းမသိ
ဘယ်လိုညှိမလဲ
ဘယ်လိုဆင်မလဲ
ဘယ်သိမလဲ ငတုံးပါဆို...။

တနေထွက် တနေဝင်
ဆန့်တငင်ငင်နဲ့
အသက်ရှင်လာတာ
ခုခါဆို တပတ်နွမ်းပြီ
သုံးပုံတပုံ
ကုန်မှန်းမသိကုန်လို့
ပညာရှာ... မရ
ဥစ္စာရှာ... သုည
သြော်... အနိစ္စ
ဒုက္ခ၊ အနတ္တ
သင်္ခါရတွေ မဟုတ်လား
လက်ကျန်ဘဝ
ဒီပင်စင်လစာနဲ့
မဝတဝ
မလှမပ
စဓဗဝ
ဥုံ... သွာဟ...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ