Monday, December 27, 2010

ရိုင်းကောင်

ကျွန်တော်က မိုက်ရိုင်းတယ်
                     ခါးသီးတယ်
                     ရင့်မာတယ်
                     ခက်ထန်တယ်
                     မာကျောတယ်
                     မာနလည်းကြီးတယ်
                     အာဃတလည်းထားတယ်

ခြောက်ပေးမှ ရတဲ့သူကို
မိုက်ရိုင်းပေးရမယ်၊
ဒါကြောင့် ဒီမိုက်ရိုင်းမှုဟာ ကုသိုလ်ဖြစ်ပါတယ်။

နားထင်သွေးရောက်နေတဲ့သူကို
ခါးခါးသီးသီး ပြောရမယ်
ဒါကြောင့် ဒီခါးသီးမှုဟာ ကုသိုလ်ဖြစ်တယ်။

ခြေဖျားထောက်၊ ခေါင်းမော့၊
ရင်ကော့သူကို ရင့်မာစွာပြောမယ်
ဒါကြောင့် ဒီရင့်မာမှုဟာ ကုသိုလ်ဖြစ်တာပဲ။

ရပ်တကာ၊ ရွာတလျှောက်
သောင်းကြမ်းသူဆိုရင်
ခက်ထန်စွာ ဆုံးမရမယ်
ဒါကြောင့် ဒီခက်ထန်မှုဟာ ကုသိုလ်ဖြစ်တယ်။

မည်သူ့ကိုမှ ထီမထင်
ထင်တိုင်းကျဲနေရင်
မာမာကျောကျော
ဒါကြောင့် မာကျောမှု ကုသိုလ်ပါပဲ။

အများစုက အနည်းစုကို
ဘာသာရေး၊ လူမျိုးရေး၊
နိုင်ငံရေးတွေမှာ လူမဆန်စွာ
စော်ကား အနိုင်ကျင့်လျင်
ကမ္ဘာတည်သရွေ့
အာဃာတထားပြီး
ချေမှုန်းရမယ်
ဒီအာဃာတကလည်း
ကုသိုလ်ဖြစ်တာပဲ။

လူတွေက
သီးခံတာကို
ငတုန်း၊ ငအ၊
ငထုံ၊ ငဖျင်း
မသိနားမလည်တဲ့
ဦးနှောက်ချောင်
ရူးကြောင်ကြောင်လို့
ထင်တတ်ကြသည်...။

တကယ်တော့
ရူးတာလဲကောင်းတယ်
ကိုယ်လုပ်ခဲ့တဲ့
အပြစ်မှုလို့ ထင်ရတဲ့
မထင်မှတ်၊ မရွယ်ပဲ
ကုသိုလ်တရားတွေ
ရသွားတာပါ
မထင်မှတ်တဲ့
မရည်ရွယ်တဲ့
ဒုစရိုက်တွေ
ပြေသွားစေနိုင်ာပေါ့...။

ဒါကြောင့်
လူတွေဟာ မိုက်ရိုင်းကြရမယ်
ခါးခါးသီးသီး ပြောဆိုရမည်
ရင့်မာစွာ စကားနိုင်ထိုးရမည်
ခက်ထန်စွာ တုံ့ပြန်ရမည်
မာကျောစွာ ခုခံကြရမည်
မာနနဲ့ အလုပ်ရမယ်
အာဃာထားပြီး ပြန်လည်ခြေရမယ်။

ဒါတွေဟာ ကုသိုလ်တွေ
မဂ္ဂင်ဖောင်တွေ
နိဗ္ဗာန်းလမ်းတွေ....။

ယူတတ်ဖို့ပဲ လိုတယ်
ဖောက်ထွက်စီးနိုင်ဖို့
ကုသိုလ်ရိက္ခာနဲ့
ကဲ.......
သွားကြမယ်....။

1 comment:

Anonymous said...

ကဗျာလေးဖတ်၇တာ ရာဇသံလိုလို ဇာတိမာန်လိုလို
ခေါင်းစဉ်မပေးတတ်တော့ဘူးဗျာ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ