Showing posts with label ဓမ္မလင်္ကာ. Show all posts
Showing posts with label ဓမ္မလင်္ကာ. Show all posts

Saturday, January 11, 2014

မာန်

ငါငါငါနှင့်
ပြာပြာသလဲ ရှေ့တန်းတင်
မိုးတိမ်ရိပ်ဆင်။

အတ္တရေပြင်
လှိုင်းလေတို့အကြား
သင့်ခန္ဓာ သင့်မာန
မြဲနိုင်ပါ့မလား။

Saturday, May 12, 2012

ဘလောင်ဆူနေတဲ့ ကမ္ဘာကို သံဃာများ ကယ်တော်မူပါ

နွေဟာ ပူတယ်။
ဆောင်းဟာ ချမ်းတယ်။
မိုးဟာ အေးတယ်။
ငါမှုစရာဘာရှိသေးလဲ။


လူတုတ်ကွေး
ကြက်တုတ်ကွေး
ငှက်တုတ်ကွေး
ဝက်တုတ်ကွေး
ဝေဒနာဟာ ဘာအရေးလဲ။


စမ်းရေအေးကိုသောက်
သစ်ရွက်စိမ်းကိုစား
ငါတရားပါသေးတယ်။


ဂဠုန်လက်မှ နဂါး
ခြင်္သေ့လက်မှ သား
မိကျောင်းပါးစပ်က ငါး
မြွေပါးစပ်က ဖား
ကြောင်လက်ထဲ ကြွက်
စွန်လက်သည်းထဲက စာ
ကြီးနိုင်ငယ်ညှင်း
လင်းရောင်မရှိ
တကယ်တော့ မှောင်အတိပဲ။

ဗုဒ္ဓပွင့်မှ
တရားရတယ်
တရားရမှ
နှလုံးလှတယ်...
ဘလာင်ဆူနေတဲ့ ကမ္ဘာနဲ့
ကမ္ဘာ့ပြည်သူတွေကို
သံဃာတော်များ
ကယ်တော်မူပါဘုရား။

Thursday, May 10, 2012

ဆုတောင်း

မှန်စွာယူလို့
တူနှင့်ထုခံရခြင်းသည်လည်းကောင်း။

မှန်တာကြံလို့
ပြည်နှင်ဒဏ်ပေးခံရခြင်းသည်ကောင်းလည်း။

မှန်တာပြောလို့ 
ရွာပြင်ထုတ်ခံရခြင်းသည်လည်းကောင်း။

မှန်တာလုပ်လို့
တကျွန်းပို့ခံရခြင်းသည်လည်းကောင်း။

မှန်တာပြုလို့
လုပ်ကြံခံရခြင်းသည်လည်းကောင်း။

မှန်တာရေးလို့
နရသိန်ကိုရောက်ရခြင်းသည်လည်းကောင်း။

မှန်စွာထူးလို့
အရူးထောင်ပို့ခံရခြင်းသည်လည်းကောင်း။

ဘဝများစွာ
နောင်ခါများဝယ်
မကြုံရသား၊
မကြားရစေ
မမြင်ပါလေနှင့်
မာန်မဝင့်ပါ
ချိုးနှိမ့်ခါဖြင့်
သခင့်ဘုရားထံ
ကျွန်တောင်းခံသည်
အမှန်တောင်းဆုပြည့်စေသား။

Wednesday, May 9, 2012

ပါရမီ

မိတ်ဆွေပေါင်းသင်း၊ မျိုးရောင်းရင်းတို့
ဖြည့်ဖို့ပါရမီ၊ ပါရမည်ဟု
ပညာရှိများ၊ မိန့်ဆိုထားသည်
သတိမကင်းကြပါစေနှင့်။


ကိုယ့်တာကိုယ်ဝန်၊ ကြေပွန်စေမှ
ဓာတ်အလှနှင့်၊ သတ္တိလည်းကြွ
ယခုမှသည်၊ နာဂါတ်ဆီထိ
ပါရမီဖြည့်ကြပါကုန်လင့်။

ဘဝဆက်ဆက်၊ ဓာတ်မပျက်ဘဲ
အာရုံမပြတ်၊ ကံဉာဏ်မြတ်တို့
သန္ဓေမှစ၊ ဘင်ဘဝထိ
သိဉာဏ်တို့မြင့်ကြစေလင့်။


ကိုယ့်ဝန်ကိုယ်ထမ်း၊ ပင်ပန်းသော်ရှိ
သတိမကြွယ်၊ စာသူငယ်တို့
စွန်ရဲမသုပ်၊ ကြောင်ခုပ်လွတ်ကင်း
ဘဝရှင်းစေချင်သောကြောင့်။


ဇာတိဇရာ၊ မရဏာထိ
သုခမရှိ၊ ဒုက္ခတိပင်
မဖြစ်ချင်လျှင်၊ ခုပင်ဘဝ
နိဗ္ဗာန်ရအောင်၊ သတိဆောင်
ဖြည့်ဆည်းမှပင် အောင်လိမ့်မည်။

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။