Tuesday, October 12, 2010

ဝေးသူရယ် လွမ်းတယ်ကွဲ့

ဝန်းပါလှ ထွန်းသာစွ ရောင်နီနီ
ဆေးပန်းချီ ရှုမအီ စီရင်ဘိအလား
လင်းအားဖြာ နှင်းသားကိုခွင်းလို့
အထင်းသားပင် မြင်ရပြီ။
ပရိရ်စည် နရီမခြား စက္ကန့်မမှားအောင်
တိတ်တဘောင်မှာ မင်္ဂလာရှိသမို့
ပြည်သာလို့ ဗိုလ်လူတို့ပျော်။
ဂါထာတော် မှန်းကော်ရော်သည်
ဗုဒ္ဓါဆီ ဦးတည်၍
မမေ့သတိရား အစဉ်ထား ဘာဝနာပွားကြတယ်
မန်းရွှေပြည် သာဆုံးပလေး။

လွမ်းပါလှ တမ်းပါရ ငံ့လင့်သည်၊
မင်းရွှေပြည် ဦးချီတောင်ရိုးနှင့်၊
ရိုကျိုးစွာ ပုဒုမ္မာ၊ လက်စုံဖျာ ထိပ်မိုးလို့၊
ပိုးသေ ရိုးမြေကျသည်ထိ၊
ဂွမ်းဆီဘိ အိလှတယ်၊
ပီတိနှယ် ဖြာကွန့်ကယ်လေး။

စုစုချွန်းချွန်းနှင့် မွန်းလစ်လစ် တင့်လှတယ်၊
ရင့်သံသာ သီကာကျူးလို့
ဝမ်းဘဲတို့က တကျော်ကျော်၊
ကန်ရေနော် ကြည်ကြည်ပသော်ကြောင့်
ဘဝင်တော် ပျော်ပါရတယ်၊
ခက်ကယ်လို့ မတွေ့ဘူး
ဖျထူးလို့ ကျေးကျွန်တော်
မျှော်သမျှ လှဂုဏ်ခတာ
လှူဒါန ကမ္မကြောင့်လေး။

မိုးတခွင် ငွေကြယ်စင် ယှဉ်ပြိုင်ဝန်းသည်၊
ရှစ်ခွင့်ဆီ ပလီဆွဲငင်လှ
ချစ်နှမ ခင်ကသို့နှယ်။
သင်းလှတယ် ငွေသဇင်ပန်း
တင့်ဆန်းကာ ကျူသာလှ၊
မြင်သမျှ ဗိုလ်လူက ဆင်သလိုတယ်၊
သခင်ရယ် သဇင်နှယ် လေနှင်ယိမ်းသလို
တိမ်းရက်သော် ခက်တော်မူပါဘိ
ကိန်းနိမိတ် မမြင်မိသော်ကြောင့်
မှောင့်ပယောဂ ကင်းရတယ်
သက်ပြင်းရယ် ချဖွယ်တော့လေး။

ပုစွန်ဆီ ရောင်နီယွန်းပ နေကျလှပြီ
ငှက်ပလီအစုံစုံတို့ အိပ်တန်းဆီ ပျံသမို့
တကျွီကျွီ စက်မှီရာလုကြတယ် ဖွဲ့တည်ရာသို့။
ကညာမျိုးတို့က ရေးအိုးကိုယ်စီနဲ့
လှတိုးသည့်သက်လယ်။
ချစ်ခွန်းရယ်ချွေ ဘဝလေဟပ်တော့
ကျော့မော့မော့ရယ် ချစ်ဦးကငယ်သူပါ
ခွင့်ထူးမှာ မေတ္တာမျှ နတ်ကြိုးကသွယ်
မဖြတ်ရိုးကောင်းမို့ ရိုးမြေကျပေါင်းစို့ကွယ်
မင့်ရယ်အခုတော့ ငယ်သေးပေါ့လေး။

ဘဝါဘဝေက နှစ်ဖြာရေစက် လက်နဲ့မကွာ
သာသနာ ရောင်ဖြာလင်းအောင်ပ
ကျင့်သီလ မြတ်ဒါနာ
ဘာဝနာတလီပွားပြန်တော့ ရောက်ပေါ့နတ်ရွာ…။
တမ်းကာသာ မှန်းဆပါသော်လည်း
လွမ်းရတာ ပမ်းလှပါပေါ့
ကျော့သခင် အစဉ်ခိုးမှီးရာ
ဘုဉ်းမောင့်မှာ ဝကွက်မချန်သာအောင်
အရောင်ရှိသမျှလင်း အလင်းရှိသမျှထိန်
ပရမေထံ သစ္စာခံကတိနှင့်
ဝန်းရံလို့ချုပ် မလှုပ်သာပေဘူး
မေ့အတွက် ထူးမြတ်ကဲ့လေး။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။