Sunday, July 25, 2010

ဘာထူးလဲ

ငါ့ကို ပြုံးပြတယ်
ခိုးခိုးပြီးလည်း ကြည့်တယ်
တိုးတိုးလေးလည်း ပြောနေတတ်တယ်
အဲဒီတုန်းက
ပီတိတွေ ဝေလို့
သူရော ကိုယ်ရော...။

ငါတို့ ကကြတယ်
ခုန်ကြတယ်
မြူးကြ ပျော်ကြတယ်
အတူတူသောက်ပြီး
အတူတူမှောက်တယ်
လမ်းကတူတူ
ပန်းတိုင်ကလည်း အတူတူ
အဲဒါကို တွေးပြီး
ဆွေးကြတယ်
သူရော ကိုယ်ရော...။

မြှောက်တယ် ပင့်တယ်
ကုန်းတိုက်တယ်
မဲ့ပြ ရွဲ့ပြလို့
ပုံကြီးတွေချဲ့
ဒေါက်တိုင်ဖဲ့
စိတ်ပျက်ရတယ်
သူရော ကိုယ်ရော...။

ဆဲတယ် ဆိုတယ်
အော်ဟစ်ကြတယ်
ထိုးကြ ကြိတ်ကြတယ်
ရိုက်ကြ ရမ်းကြ
သတ်ပုတ်ကြတယ်
ငိုယိုကြတယ်
အော်... အခုတော့
မုန်းတရားတွေနဲ့
သူရောကိုယ်ရော...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။