Sunday, October 10, 2010

ချစ်စစ်ချစ်မှန်

ညကသူလာတယ်
ရုပ်ကလည်း ဆိုးပါ့
သဘောကတော့ ကောင်းပါတယ်
ပြောကလည်း ညက်ပါတယ်
ဒါနဲ့ပဲ.. သူ့ကို
အခန်းထဲဝင်ခွင့်ပြုလိုက်တယ်...။

အခန်းထဲကထွက်လာတော့
ပုံမကျတဲ့ အဝတ်ကိုစွပ်ပြီး
ကျေးဇူးပဲနော်တဲ့...
အလား...
နတ်သမီးတပါးလား
နာနာဘာဝလား
လှပကားတွေ
လှပကားတွေ...။

ငါကသူ့ကိုသိပ်ချစ်တာ
မြတ်နိုး၊ ယုံကြည်မှု၊
ကိုးစားမှု၊ ခင်တွင်မှု၊
ယုယမှု၊ ကြင်နာမှုတို့နဲ့အတူ
တန်ဘိုးလည်းထား၊ လေးစားတယ်
သူ့ကြောင့် ကိုယ်အမြဲစိတ်ချမ်းသာရတယ်
ကိုယ့်ကြောင့် သူအမြဲအေးချမ်းနေတယ်
ဒုက္ခဘုံလေးတခုကို တည်ဆောက်တော့လည်း
ကူဖော်လောင်ဖက်
သုခ အသိုက်အမြုံလေး ရလာတော့လည်း
ထိန်းဖော် သိမ်းဖက်ပဲ...။

သူနဲ့ကိုယ့်အချစ်က
တဏှာမပါဘူး
လောဘမရှိဘူး
ဒေါသဆိုတာ ဘာမှန်းကိုမသိ
အဲလောက်အေးချမ်းတာ
ငြိမ်းချမ်းတာ
နှစ်ယောက်လုံးက
သင်္ခါရအကြောင်းသိတယ်
တခဏအကြောင်းသိတယ်
ကဲ...
ကိုယ်တို့ရဲ့အချစ်က
အားကျဖို့မကောင်းဘူးလား..။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။