Sunday, June 13, 2010

ကျောက်စရစ် အသည်း

ငါ့ရဲ့
ချစ်ခင် မြတ်နိုးမှု မေတ္တာ
ယုံကြည် ကိုးစားမှု သစ္စာ
ပေးဆပ် စွန့်လွှတ်မှု အနန္တတွေကို
ကျောခိုင်းသွားပေမဲ့
ခိုင်းနှိုင်းပုံသဏ္ဍန်တွေဟာ
တည်မြဲနေတုန်းပါပဲ...။

ရိုးအပြိုင်းပြိုင်းနဲ့
ဝေစည်မှုကင်းမဲ့နေတဲ့
ပင်အိုရဲ့ သဘာဝ အလှကို
မင်းပျက်ရယ်ပြုခဲ့တယ်
ဒါကလည်း...
လူတိုင်းမှာ ပျောက်ကွယ်လုဖြစ်နေတဲ့
နိယာမတခုပဲ ဆိုပါတော့...။

အသက်ရှိတွေရဲ့ ကျင့်ကြံမှုက
အန္တရာယ်တွေ ဝိုင်းနေတော့
ကမ္ဘာပျက်သည်အထိ
မှန်ကန်နိုင်တဲ့
ကျီးကန်းရဲ့ ညစ်ထေးမှုတောင်
အရောင်ပြောင်းလာပြီလေ...။

ပျောက်ကွယ်နေတဲ့
သင်း..ရဲ့အပြုံး
ချောက်သွေ့နေတဲ့
သင်း..ရဲ့ ဟဒယ
တည်ငြိမ်မာကျောနေတဲ့
သင်း..ရဲ့ အာဃာတ
ငါ...
ဖက်တွယ်ဆဲ
ရင်ဆိုင်ဆဲ
အံတုဆဲ
မြတ်နိုးမြဲ
ယုယမြဲ
နှစ်သက်မြဲ
ဝက်ဝက်ကွဲ ရယ်ချင်ရယ်နိုင်တယ်
စွဲချက်တွေ ထပ်တိုးနိုင်တယ်
လက်စောင်း ပစ်ချင်ပစ်နိုင်တယ်
အချစ်တွေဟာ တည်မြဲတုန်း...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ