Wednesday, June 2, 2010

လွမ်းတယ်နော့်

လဟာ တို့ရွာမှာ ပိုသာခဲ့တယ်ဆိုတာ
မိတ်ဆွေ မန္တလေးမှာ
ငါသိပွားမိခဲ့တယ်...။

လဟာ တို့ဗမာမှာ ပိုသာခဲ့တယ်ဆိုတာ
ငါ ...
ခန်းကျဉ်းမှာ မနေခဲ့ရရင်
သိမယ်မထင်ဘူး...။

ဒီနေ့ညမှာ
ရွာကိုရော၊ ညာကိုရော လွမ်းမိတယ်
ပေါင်းသင်းတွေရှိရာ၊
ရောင်းရင်းတွေ ရှိရာလေ...။

ညကလနဲ့ ထိန်ထိန်သာလို့
မယ်ဇလီဖူးသုပ်နဲ့
တကယ့်ကို ဆေးဘက်ဝင်သဗျာ
ဆေးဖက်လို့ ဆိုသကိုး
လက်ဖက်ရိုးလေး ထောင်လို့...။

အကြောင်းစစ်တော့
ရင်းမြစ်ကပေါ်
လွမ်းတော်မူပါဘိတယ်
ညလယ်သန်းခေါင်အထိ...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ