Wednesday, September 22, 2010

မုန်တိုင်းကိုဖိတ်ခေါ်ခြင်း

တည်ငြိမ်အေးချမ်းမှု
သာယာဝပြောမှု
ကျန်းမာချမ်းသာမှုတို့ကို
ရချင်လို့
ရစေချင်လို့
ငါ မိုက်မဲစွာ
မရှိသင့်ဘဲ ရှိနေတဲ့
အရှိတရားကို
ရန်ပြုခဲ့တယ်...။

တဖန်...ကိုယ်
ပြန်ထိုးနှက်ခံရပေမဲ့လည်း
ငါဟာ... နောက်မဆုတ်ပဲ
ဒီလမ်းကို လျှောက်မြဲလျှောက်
ဒီခရီးမှာ...
မရချင်ဘဲ ရမယ့် ရလာဒ်ကို
လက်ခံဖို့ အသင့်ပါပဲ...။
မရချင်တဲ့ ရတဲ့ ရလာဒ်ကိုလည်း
ငါ ဝမ်းမြောက်စွာ လက်ခံပြီးပြီ...။

အကျင့်ခြင်းမတူ
အဖြစ်ခြင်းမတူပေမဲ့
ရန်သူဟူ၍လည်း ငါမမှတ်ပါ
မိတ်ဆွေလို့လည်း မသတ်မှတ်လိုပါ
ကွဲပြားတာဟာ ပေါင်းစီးဖို့...။

ငါလုပ်တာဟာ ငါ့တွက်မဟုတ်
သို့ပေမဲ့..
ငါခံရဲပါတယ်။
တိုက်ပွဲဆိုတာ အောင်ပွဲအတွက်ပါ
တိုက်ရဲသူသာ အောင်ပွဲရပါမယ်
အဲဒီအခါ...
မင်းငါ့ကိုလာ မဖားနဲ့
ငါကသနားမယ့်လူမဟုတ်
ရက်စက်တဲ့နေမှာ
နှစ်ယောက်ရှာမရဘူး....။
နာဂါတ်မှာ
နေရာတခုလိုရှိရင်
ခုပဲ...
မင်းစိတ်ကူးကိုပြင်လိုက်တော့...။

3 comments:

Anonymous said...

မုန်တိုင်းကိုတောင် ဖိတ်ခေါ်ရဲတယ်ဆိုတော့
အမြန်လစ်မှ တော်ကြာ ကိုယ်ပါ ရေကြီးနေမယ်.;P

Anonymous said...

အကျင့်ခြင်းမတူ
အဖြစ်ခြင်းမတူပေမဲ့
ရန်သူဟူ၍လည်းငါမမှတ်ပါ
မိတ်ဆွေလို့ လည်း မသတ်မှတ်လိုပါ။
ကွဲပြားပေမဲ့ ပေါင်းစီးဖို့ ။ Great...။ ကောင်းလွန်းတယ်။
:)...ခင်မင်လျှက်..ခင်မာလာအောင်။

ဒေါင်းမင်း said...

မုန်းတိုင်းကိုမဖိတ်ခေါ်ချင်ပါနဲ့..စက်ကွင်းလွတ်အောင်ရှောင်မယ်ရှားမယ်။။
ခင်မင်လျှက်
ဒေါင်းမင်း

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။