Wednesday, May 9, 2012

ပါရမီ

မိတ်ဆွေပေါင်းသင်း၊ မျိုးရောင်းရင်းတို့
ဖြည့်ဖို့ပါရမီ၊ ပါရမည်ဟု
ပညာရှိများ၊ မိန့်ဆိုထားသည်
သတိမကင်းကြပါစေနှင့်။


ကိုယ့်တာကိုယ်ဝန်၊ ကြေပွန်စေမှ
ဓာတ်အလှနှင့်၊ သတ္တိလည်းကြွ
ယခုမှသည်၊ နာဂါတ်ဆီထိ
ပါရမီဖြည့်ကြပါကုန်လင့်။

ဘဝဆက်ဆက်၊ ဓာတ်မပျက်ဘဲ
အာရုံမပြတ်၊ ကံဉာဏ်မြတ်တို့
သန္ဓေမှစ၊ ဘင်ဘဝထိ
သိဉာဏ်တို့မြင့်ကြစေလင့်။


ကိုယ့်ဝန်ကိုယ်ထမ်း၊ ပင်ပန်းသော်ရှိ
သတိမကြွယ်၊ စာသူငယ်တို့
စွန်ရဲမသုပ်၊ ကြောင်ခုပ်လွတ်ကင်း
ဘဝရှင်းစေချင်သောကြောင့်။


ဇာတိဇရာ၊ မရဏာထိ
သုခမရှိ၊ ဒုက္ခတိပင်
မဖြစ်ချင်လျှင်၊ ခုပင်ဘဝ
နိဗ္ဗာန်ရအောင်၊ သတိဆောင်
ဖြည့်ဆည်းမှပင် အောင်လိမ့်မည်။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ