Saturday, May 12, 2012

ဝေး

ငါ ဆွေးနေတယ်
တို့ ဘာကြောင့်ဝေးရတာလဲ။

မိဝေး၊ ဘဝေး
ဆွေဝေး၊ မျိုးဝေး
ရပ်ဝေး၊ ရွာဝေး
မြို့ဝေး၊ နယ်ဝေး
တိုင်းဝေး၊ ပြည်ဝေး
နိုင်ငံနဲ့....ဝေး
ဝေး... ဝေး... ဝေး...
ဝေးချင်သလောက်ဝေး။

နေရတာ မတော်မတန်ပေမဲ့
သေရမှာတော့ လျှော်ကန်တယ်။
ငါမှ မလွန်ဆန်နိုင်တာကိုး။

1 comment:

အလွမ်းမြို့ said...

မိမိကတော့ ကဗျာလေးတွေ ဖတ်ပြီး ပြုံးသွားတယ်။
ချီးကျူးသွားတယ်။ ကြိုက်လို့


ခင်မင်တဲ့
မိမိ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ