Thursday, May 31, 2012

သုံးနာရီဘဝများစွာ

ဒီတညအတွက်
ကျနော်ဘဝ သုံးနာရီ
ဘာမှ မခံစားရ
အသက်ကလည်း ငယ်သေးတာကိုး။


တနင့်တပိုးရှိုက်လိုက်တဲ့
စီးကရက်
ဆေးလိပ်ပြာခွက်ထဲမှာ အပြည့်
အသက်စေ့နေနိုင်ဖို့ တခါမှမတွေးမိခဲ့တာကိုး။


စစ်ကတော့ ဗျူဟာနဲ့
အချစ်ကတော့ ပျူငှာလို့
ဒါပေမဲ့
တို့နှစ်ယောက်အကြားမှာ
သကာပျားလိုမှ မချိုတာကိုး...။


ငါဖြစ်ချင်တာက ဒီလို
သူဖြစ်စေချင်တာ သည်ပုံ
အလိုလို မခွဲခြားဘဲ
ကွဲပြားနေရတဲ့ ဘဝမို့
ခြားနားခြင်းသည်သာ နိဂုံး
ငါ့အတွက်တော့ တဘဝလုံး...။

1 comment:

အလွမ်းမြို့ said...

ကဗျာတွေအကုန်ကောင်း၏...ကြိုက်၏.... အားပေး၏...


ခင်မင်တဲ့
မိမိ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ