Saturday, May 5, 2012

တို့လယ်သမား

လယ်ပြင်ကကျယ်ကျယ်
အာကာပြင် မှိုင်းလို့ကွယ်
လေကလေးရယ် ဝှေ့လိုက်တော့
မိုးဖြိုက်လာတော့မယ်။

ဥဿဘညီနောင်မွန်
ယက်ထွန်မယ်ကွယ်
ပုဆိုးရယ် တိုတိုဝတ်လို့
လယ်သမားတို့
အားခွန်မယုတ်
ဝီရိယထုတ်
ကြိုးကုတ်ကြလေတယ်။


စားမယ်နော်ကွယ်
ငရုတ်သီးထောင်းရယ်၊ ငါးပိရယ်
အင်တုံလေးထဲ နယ်ဖတ်တယ် 
ကျွေးသမျှ၊ မဝတဝ
လွေးကြရလေတယ်။

ဝါးခေါင်တိုင် ဓနိမိုး
ယိုင်ကာက ကျဲ
အခင်းကလဲ ကွဲနေတယ်
လေတိုးသမျှ မလုံတယ်
ခြုံစောင်ဖျင်း
ကွေးလို့ ကွေးလို့ ဟင်းထ ငြီးရပါလေတယ်။

ဒါ... ငါတို့ ကျေးဇူးရှင်များ
လယ်သမားတွေပါကွယ်။
ကျေးဇူးကြီးလွန်းလို့
ယနေ့တိုင် မမေ့နိုင်ပါတယ်။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ