Sunday, May 6, 2012

ဝါသနာကြောင့်ပါ

ကဗျာဆရာ ဟုတ်ပါဘူး
အရူးထတယ်ဆိုပါလော့
ဝါသနာပါလို့ပါဗျာ...။

ဆရာတွေဖတ်ရင်တော့
ရယ်ဘွယ်ပေါ့ ငါ့စာတွေ
ဝါးလို့မကြေ...။

ဝေဒနာတွေကို
သိုထားလို့မရတာကြောင့်
ပေါက်ကွဲရခြင်း ဖြစ်ရလေ။


ဟားလိုက ဟား
တားလိုက တား
စားလိုက စား
တရားဘယ်သူရှိသလဲ
မွေးခွန်းထုတ်မိတော့မှာပဲ...။

ဖြေချင်လည်းဖြေ
နေချင်လည်းနေ
အသုဘနဲ့ မသာ
ဘာတွေများ ကွာပါလိမ့်...။

ကျွမ်းလည်းမကျွမ်းကျင်
စမ်းကလည်းစမ်းချင်
လမ်းမှန်ကိုတော့မမြင်
မြင်ချင်စမ်းပါရဲ့
သင်ချင်စမ်းပါရဲ့
ကဲ့ရဲ့ပါနဲ့
သင်ပြကြပါ
ညွန်ပြကြပါ
ကျွန်ုပ် နာယူပါရစေ
ဆရာကြီးတို့ရေ...။


ဟေ- သူတော်ကောင်းတို့...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ