Sunday, May 6, 2012

မိရယ်၊ ဘရယ် မြင့်မိုရ်တောင်ကြီးနှယ်

ခေါ်လို့လာတာမဟုတ်
လာတော့လည်း လက်ဗလာ
မိဘညှာတာသား
သနားစိတ်တွေ တဖွားဖွား
သားသားနားနား ဖြစ်စေချင်
ဝတ်ကောင်းစားလှဆင်
ပညာတတ်အောင်သင်
မြင့်မိုရ်ပင် ဆီးသီးစေ့
ကြီးဇူးကြီးပါပေ့...။

မှန်းချက်နဲ့ နှမ်းထွက်မကိုက်တော့လည်း
သားဆိုတာ သားပဲ
အသည်းစွဲအောင် ချစ်ကြတယ်။
မလိမ်မာလည်း ချစ်
လိမ်မာရင် အနှစ်
ဘယ်သားကိုမှ ပစ်မထား
မိဘမေတ္တာများ...။

တဲအိုပျက်မှာနေနေ
ထမင်းရေပဲသောက်ရသောက်ရ
စိတ်ဓာတ်မကျ
ငါ့သားလှတွက်
ကိုယ့်ခံစားချက်
လုံးဝမငဲ့ဘဲ
ပိုးလည်းမကြောက်ပေါင်
အမှောင်ထဲလည်း ကြိုးကုတ်တယ်...။


တောင်ပံများပေါက်
ရင်ခွင်ဆောင့်ပြီး
ကိုယ့်ထီးကိုယ့်နန်း
ကိုယ့်ကြငှန်းနဲ့
ပြုံးပန်းတွေညီ
ရီ (ရယ်) သံစည်ပို
ဘမိကိုလေ 
ပစ်ထားပေလည်း
မိဘကတော့ ချစ်နေဆဲ...။


သားဘယ်လောက်ကြီးကြီး
သမီးဘယ်ရွယ်ရောက်ရောက်
မိဘအချစ်ဟာ တောက်ပဆဲ
ရင်ခွင်နွေးထဲက
သားငယ်လေးပါပဲ...။
သမီးငယ်လေးပါပဲ...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ