Thursday, May 10, 2012

ဆုတောင်း

မှန်စွာယူလို့
တူနှင့်ထုခံရခြင်းသည်လည်းကောင်း။

မှန်တာကြံလို့
ပြည်နှင်ဒဏ်ပေးခံရခြင်းသည်ကောင်းလည်း။

မှန်တာပြောလို့ 
ရွာပြင်ထုတ်ခံရခြင်းသည်လည်းကောင်း။

မှန်တာလုပ်လို့
တကျွန်းပို့ခံရခြင်းသည်လည်းကောင်း။

မှန်တာပြုလို့
လုပ်ကြံခံရခြင်းသည်လည်းကောင်း။

မှန်တာရေးလို့
နရသိန်ကိုရောက်ရခြင်းသည်လည်းကောင်း။

မှန်စွာထူးလို့
အရူးထောင်ပို့ခံရခြင်းသည်လည်းကောင်း။

ဘဝများစွာ
နောင်ခါများဝယ်
မကြုံရသား၊
မကြားရစေ
မမြင်ပါလေနှင့်
မာန်မဝင့်ပါ
ချိုးနှိမ့်ခါဖြင့်
သခင့်ဘုရားထံ
ကျွန်တောင်းခံသည်
အမှန်တောင်းဆုပြည့်စေသား။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ