Tuesday, May 8, 2012

ဆဲလိုကဆဲ၊ ကျနော်ငရဲမရောက်ချင်ပါ

များတကာတို့က
ကျနော့်ကိုလေ
စေတနာကြောင့်လား
ဝေဒနာကြောင့်လား
ခွေးမသားလေးတဲ့...။


ကျနော်ကြားမိတယ်
ရင်ထဲမယ်
ယုန်ကလေးရယ်
ဖြူဖွေးတယ်
ချစ်စရာလေးကွယ်...လို့။


ဝက်ဝက်ကွဲအောင်
ဘယ်သူဆဲဆဲ
ဘယ်လိုဘဲ ဆိုဆို
ကျနော့် နားရွက်ကို
လိမ္မာလိုစေတာကြောင့်ပါ...။

ဟေ့ကောင်လို့ခေါ်လည်း
ဗျာထူးပါတယ်။
ခွေးကောင်လို့ခေါ်လည်း
ယုန်ကလေးလို့ ကြားမိတယ်
ကျေးဇူးတင်ပါတယ်
ကျေးဇူးရှုင်တို့....။

2 comments:

သံစဉ်ဖြူဖြူ said...

ယုန်ကလေးရေ လို့ ခေါ်ရင်ရော ဘယ်လိုကြားမလဲကွယ် ♦♦

လောင်စာ said...

ချိုချို၊ အေးအေး၊ မွှေးမွှေး စားဦးမလားဟေ့... (ခါကြက်ဥ) လို့ ကြားမှာ အစ်မရဲ့

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ