Saturday, May 12, 2012

သန္ဓေမကောင်းခဲ့သူ

အိပ်ချိန်မမှန်
စားချိန်မမှန်တာဘာကြောင့်လဲ။
အိပ်ချိန်မတန်
စားချိန်မတန်သေးလို့ပါဘဲ။


သေလိုသေ
ရှင်လိုရှင်
ငါဟာ စည်းပြင်ကလူ။


လုပ်ချင်တာလုပ်
ဟုတ်ချင်ရင်ဟုတ်
သန်းခေါင်ထက် ညဥ့်မနက်ဘူး။


ထူးဖို့ ခေါ်မဲ့သူမရှိ
ခေါ်ဖို့ ထူးမဲ့သူမရှိ
ငါဟာ အောက်ဆုံးကလူ။


ပူလောင်နေတဲ့ဆောင်း
ချမ်းစိမ့်နေတဲ့နွေ
ငါဟာ သန္ဓေမကောင်းဘူး။

3 comments:

Digital Marketing For Myanmar SMEs said...

အကိုကဗျာလေးတွေ Facebook ပေါ် ကးပီးတင်ခွင့်ပြုပါ အကို......အကို ၀က်ဆိုဒ်ကို အောက်ကနေ ထည့်ပေးပါမယ်..ခွင့်ပြုပါ အကို....

Digital Marketing For Myanmar SMEs said...

အကိုရေ အကိုကဗျာလေးတွေ Facebook ပေါ်ကူးပီးတော့ တင်ခွင့်ပြုပါ...အောက်ကနေ အကိုဆိုဒ် နာမည် ထည့်ပေးပါမယ်....ကူးခွင့်ပြုပါဗျာ........ကြိုက်လို့ပါ.......

လောင်စာ said...

ဟုတ်ကဲ့ ရပါတယ်ခင်ဗျာ့။ ကျနော် အချိန်မီ အကြောင်းမပြန်နိုင်လို့ တောင်းပန်ပါတယ်ခင်ဗျား။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။

ရေးခဲ့တာတွေ