Tuesday, July 3, 2012

လေတယ်၊ ထွေတယ်

အခုတလော စိတ်ကလေပြီး၊ ထွေနေတယ်ဆိုရမလားပဲ။ ဖြစ်ချင်တာ၊ လုပ်ချင်တာတွေကိုလည်း ဖြစ်ဖြစ်မြောက်မြောက် မလုပ်ခဲ့သလို ဖြစ်သင့်တာ၊ လုပ်သင့်တာတွေကို မလုပ်ခဲ့ပါဘူး။ ဒီအတွက် နောင်တတော့ ရသားပဲ။ မနှောင်းသေးပါဘူး။ ဒါပေမယ့် စိတ်တွေက တကယ်လေးလံနေတာ။ လုပ်ချင်ကိုင်ချင်စိတ် ကုန်နေသလိုပဲ။ ဘာကြောင့်လဲ။ အဖြေမရှိဘူးဗျို့။ အဖြေမရှိဘူး။

ကြားရ၊ ကြုံရ၊ မြင်ရ၊ သိရတာတွေကလည်း စိတ်မကောင်းစရာ၊ စိတ်ကုန်စရာ၊ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်လေစရာ၊ စိတ်ဆိုးစရာက များတယ်ဗျ။ ဘာတွေလဲလို့တော့ မမေးနဲ့ဗျို့။ အကုန်လုံး... အကုန်လုံးပဲ။ မကြားချင်လဲ နားထောင်ချင်ချင်၊ ပြောတဲ့လူက လာလာပြောကြတာပဲ။ မကြုံချင်လဲ ဆုံချင်သလိုလို တွန်းတဲ့လူကလည်း တွန်းတာပဲဗျ။ မမြင်ချင်လည်း ကြည့်ချင်တယ်။ သိရပြန်တော့လည်း ရိချင်တယ်။ ဒါတွေက မကောင်းမှန်းလည်း သိသားပဲ။ ဒါပေမယ့် သိလည်း သိရုံပဲ၊ မထူးဘူးဗျ။ 

ပြောလိုက်ရင်လည်း ဘုနဲ့ဘောက်၊ ထော်လာကန့်လန့်၊ တည့်တည့် တန်းတန်းကြီး။ အပြောခံသူကတော့ တသက်လုံး မေ့နိုင်မှာဘူး။ အဲလိုကောင်။ တကယ်တော့ ကျုပ်က အပြောအဆိုကို တော်တော်ထိန်းသိမ်းထားတာဗျ။ ဒီကြားထဲ လွှတ်ခနဲ ထွက်သွားတာတော့ မတတ်နိုင်ဘူးဗျ။ ဒါပေမဲ့ ကျနော့်အကြောင်းကောင်းကောင်းကြီး သိသူတွေကတော့ သိပ်ချစ်ခင်တာဗျ။ ရိုးတယ်၊ ဖြောင့်တယ်နဲ့။ ဟုတ်လားတော့ မသိဘူး။ ကြွားတာမဟုတ်ဘူး။ တကယ်။ အထင်လွဲတဲ့သူတွေကတော့ ကျနော့်အကြောင်း ကောင်းကောင်း မသိသေးလို့ပဲ။ ကြွားတာမဟုတ်ဘူး။ တကယ်။

တော်ပြီဗျား။ ညဥ့်လည်းနက်နေပြီ။ လူအိပ်ချိန်တောင် လွန်နေပြီ။ ရေးစရာတွေတော့ ရှိသေးတယ်။ တပုံကြီး။ မရေးတတ်တာကခက်တာ။ ဒါကြောင့်ပြောတာပေါ့။ ကျုပ်ကို သင်ပေးပါ၊ ညွန်ပြပါ၊ တည့်ပေးပါလို့။ လူအိပ်ချိန်တောင်လွန်လို့ ညဥ့်လည်းနက်နေပြီ။ တော်ပြီဗျား။

2 comments:

အလွမ်းမြို့ said...

မကြားချင်လည်း နားထောင်နေရ
မပြောချင်လည်း ပြောနေရ ။။။

ဒီလိုလား... စိတ်လေတာချင်းတူနေတယ်။
အဖော်ရှိတာပေါ့။ အားမငယ်နဲ့။

လာရောက်အားပေးခဲ့တယ်။

စံပယ်ချို said...

(ကြားရ၊ ကြုံရ၊ မြင်ရ၊ သိရတာတွေကလည်း စိတ်ကုန်စရာ၊ စိတ်ညစ်စရာ၊ စိတ်ပျက်စရာ၊ စိတ်လေစရာ၊ စိတ်ဆိုးစရာက များတယ်ရှင့် အကုန်လုံး... အကုန်လုံးပဲ။ မကြားချင်လဲ နားထောင်ချင်ချင်၊ ပြောတဲ့လူက လာလာပြောကြတာပဲ။ မကြုံချင်လဲ ဆုံချင်သလိုလို တွန်းတဲ့လူကလည်း တွန်းတာပဲရှင့် )
အင်း ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူး
အဖြစ်ခြင်းတွေအတော်ကိုတူနေတယ်
ဒါကြောင့် ခုတလော မတွေ့ရဖြစ်နေတာကိုး

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။