Thursday, July 5, 2012

ဓာတ်သက်

ငါ့အိပ်မက်တွေ
တဝက်တပျက်နဲ့
အသက်ထွက်ခဲ့ရတယ်....။


ငါ့ပင့်သက်တွေ
ထိန်းချုပ်ခဲ့ပေမဲ့
ဟာရီကိန်းထက်
သွက်လက်နေတယ်....။


ရက်စက်မှုတွေနဲ့ ကမ္ဘာကြီးကို
မပတ်သက်လိုပေမဲ့
အကြောင်းပေါင်းများစွာကြောင့်
လက်ဆက်ခဲ့ရတယ်။

ဓာတ်သက်ကျလေသလား
ပြစ်မဲ့တွေက
ကမ္ဘာရဲ့ ရက်စက်မှုတွေအကြောင်း
မပတ်သက်လိုတဲ့အကြောင်းတွေပြောရင်း
ထောင်သောင်းမက အတ္ထုပ္ပတ်တွေ
ရုပ်ဓာတ် နာမ်ဓာတ် ပရမတ်တွေ
ပြုန်းပြုတ်ကြွေကျနေပေမဲ့...

အိပ်မက်ကလှနေတုန်း
တရေးမှ မနိုးပါရစေနဲ့...
ဘဝဆိုးချင်ဆိုးပါစေ...။

1 comment:

အလွမ်းမြို့ said...

အိပ်မက်ကလှနေတုန်း
တရေးမှ မနိုးပါရစေနဲ့...
ဘဝဆိုးချင်ဆိုးပါစေ...။


ဒါ့ကြောင့် အိမ်မက်ကလှတယ် ဘဝကရုပ်ဆိုးတယ် ပြောနေတာကိုး။
အိမ်မက်လှချင်သူလည်း အိမ်မက်လှနိုင်ပါစေကွယ်။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။