Sunday, July 8, 2012

ဝှက်ဖဲများ ပိတ်ဆို့မှု

အာရုံတွေ ဖြန့်ကျက်ပေမယ့်
ထွက်မလာသော ဝေါဟာရများ
ဘယ်အနှောင့်တရားတွေက
ပိတ်ဆို့ထားသလဲ။


လေးဖက်လေးတန်
အခန်းနံရံထဲမှာ
ဇီးကွက်တွေနဲ့ ဆေးလိပ်တို
ရှာပုံတော်ဖွင့်နေကြတယ်
ဂျိုကာ၊ ကွင်း၊ ကင်း၊ ဒေါင့်
တန်ဘိုးရှိတဲ့ ဖြတ်လမ်း
ကြီးပွားရေးနဲ့ လွတ်လမ်း
ရမ်း... မှန်းရတာကိုက အရသာ။


အမနာပတရားတွေကိုနာပြီး
၁၁ မီးငြိမ်းဖို့ ကြိုးစားနေတာ
ငါဟော၊ ငါနာ
ငါကြား၊ ငါငြိမ်း
အပြုံးလေးတွေ တရိပ်ရိပ်
အနိစ္စတောင် မေ့သွားတယ်။


ဓလေ့ကိုက ဒီလိုပဲ
နိယာမ ပြောင်းပြန်တွေနဲ့
ဘယ်လိုအာရုံဖြန့်ကျက်မလဲ
ဝှက်ဖဲတွေများလွန်တယ်
တကတည်းကွာ....။

1 comment:

အလွမ်းမြို့ said...

ဝှက်ဖဲတွေများလွန်တယ်
တကတည်းကွာ....

ဂလိုလား။ နေကောင်းကျန်းမာပါရဲ့လား။
ဝှက်ဖဲများတာတွေးပြီး ခွက်ဖဲကို မမြင်တော့ဘူးလား။

လာရောက်အားပေး လက်ခုပ်တီးသွားပါကြောင်း



မိမိ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။