Tuesday, July 24, 2012

မလွမ်းပို

ဘယ်သူတွေ ဘယ်လိုလွမ်း
ဘယ်သူက ဘယ်လောက်လွမ်း
ဘယ်လိုလွမ်းလွမ်း သူ့ထက်မပို
ဘယ်လောက်လွမ်းလွမ်း သူ့ထက်မပို
နာမည်ကကို မလွမ်းပို။


လွမ်းသီချင်းနားထောင်
လွမ်းသတင်းဖတ်
လွမ်းကဗျာရေး
လွမ်းစာလေးတွေနဲ့
သူ လွမ်းနာကျနေတယ်။


သူ့အလွမ်းက
သားနားတယ်
ခမ်နားတယ်
ကြီးကျယ်တယ်
ပြီးစလွယ်မဟုတ်
မမုန်းမမေ့ မုန်းမမေ့။


သြော်...
ဘဝကိုက လွမ်းဘွယ်
လွမ်းသယ်ကမွေး
လွမ်းလူကကျွေး
သူက လွမ်းကလေးပေကိုး။

1 comment:

စံပယ်ချို said...

လွမ်းသီချင်းနားထောင်
လွမ်းသတင်းဖတ်
လွမ်းကဗျာရေး
လွမ်းစာလေးတွေနဲ့
သူ လွမ်းနာကျနေတယ်-----
တူတူပါပဲရှင် ကိုယ်ကိုများရေးထားတာလား ထင်ရတယ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။