Thursday, July 5, 2012

ကန်ထုတ်ပစ်လိုက်

ကြားနေဝါဒတွေ ကြီးစိုးနေသမျှ
အမှားတွေက တိုးပွားလာမှာပဲ။


ကြားနေဝါဒတွေ တိုးပွားလာမျှ
အမှန်တွေက ဆုတ်ယုတ်ကုန်မှာပဲ။


ဖြူတာနဲ့ ဖွေးတာ
နီတာနဲ့ ရဲတာ
မည်းတာနဲ့ မှောင်တာတွေက
ပုံမှားရိုက်လို့ရတယ်...။


အမှန်နဲ့ အမှား
ကွဲကွဲပြားပြားသိမြင်ဖို့
ခွဲခွဲခြားခြားကို ဆက်ဆံရမယ်။


ကံမကောင်းရင်
မကောင်းတာတွေ ကန်ထုတ်ပစ်လိုက်။


ကံကောင်းချင်ရင်
ကောင်းတာတွေ ကန်ထုတ်မပစ်နဲ့။


ကံရဲ့အကြောင်း
ကောာင်းကောင်း သိကြပါစေ။

ပုံမှားရိုက်ချင်ကြတဲ့
ကြားနေတွေကို 
ကန်ထုတ်ပစ်ဖို့လည်း  မမေ့ကြနဲ့
ဒါပဲ။

2 comments:

အလွမ်းမြို့ said...

အယ်... ဘယ်သူ့ကိုပြောတာနော်နော်။. မိမိတော့ ကြားလည်းမနေဘူး ရှေလည်းမသွား နောက်ကလည်းမလိုက်ဘူး. (ရပ်နေမြဲ)ပေါ့။ ဘာမှမတတ်တော့ ဘာမှမသိ သို့သော် ဖတ်တွား၏

စံပယ်ချို said...

ကြားနေဝါဒတွေ ကြီးစိုးနေတာအတော်ကြာခဲ့ပါရောလား
ဘယ်ဖက်ကသာမလဲစောင့်ကြည့်နေသူတွေ ဒုနဲ့ဒေး
သာတဲ့ဖက်ကိုကူးဖို့ဟန်ပြင်သူတွေ သိန်းနဲ့သောင်းပါပဲ လောင်စာရေ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။