Monday, November 26, 2012

ဘယ်ဆီဘယ်ဝယ်


ခနဲ့တဲ့တဲ့ ရိသက်သက်
အမုန်းတွေဖက်ပြီး
တားဆီးမရ ထွက်ပြေးသူ။

ငါတို့တွဲလက်တွေ
ကမ္ဘာတည်သမျှ
ရိုးမြေကျအောင်
ထာဝရခိုင်မြဲဖို့
ငါတို့ပြောခဲ့ကြစကားတွေ
လေပွေတချက်နဲ့ပဲ လွင့်ပျယ်ခဲ့ရတယ်။

မေတ္တာယှက်လို့ တွေ့ခဲ့ကြသလို
ပေါင်းဖက်နိုင်ဖို့ သစ္စာထားခဲ့ကြတယ်
ဝေးဖို့ဆိုတာ မတွေးခဲ့ဖူးတာ အမှန်ပါ
မမုန်းကြေး၊ မမေ့ကြေး
ကတိတွေ အခါခါပေးခဲ့ကြတာ
ဖန်တရာမကပါဘူး
အခုတော့ ကံစေရာတဲ့လား။

ဘယ်လိုဖြစ်ဖြစ်
ဘာတွေဖြစ်ဖြစ်
အကြောင်းသင့်ရင် ပြန်လာခဲ့ပါ
ငါ့ကမ္ဘာမှာ မင်းအတွက်သာ နေရာရှိတယ်။

1 comment:

မိုးနတ်ကြယ်စင် said...

ပြန်လာမှာပါ....လောင်စာက စောင့်နေမှာသေချာလို့လား..(စတာနော်)
ကဗျာလေး ခံစားသွားပါတယ်.....
ခင်တဲ့...မိုးနတ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။