Monday, November 26, 2012

ချိုမိန်မိန်


ပြစ်မှုတခုကြောင့်
တဘဝလော၊ တသံသရာလော
အဟောသိကံ မချိန်တန်
တခါလောက်တော့ ခံသင့်တယ်
ခံလည်းခံရမယ်။

ကျူးလွန်သူတိုင်း
ပြစ်ဒဏ်မခံ ဝန်မခံရဲ
ပုန်းမြဲပုန်းနေချင်ကြတယ်။

မုနှ်င်းစေ့ကမ္ဘာမှာ
ဒုက္ခတွေက ချိုမြမြ
ပြုံးကြ ပျော်ကြ ကြည်နူးကြ။

ငါသာလူချော ဥစ္စာပေါ
ငါပညာတတ် ငါသာမြတ်
ငါသာသခင် ငါဘုရင်
ငါနှင့်ငါသာ နှိုင်းစရာ
ငါ့ဟုမော်ကြွား ငါတကားနှင့်
ဘုရားကိုပယ် တရားကွယ်
ဘယ်လမ်းကိုလျှောက် ဘယ်ဆီရောက်
ဘယ်လမ်းပေါက်မှန်းငါမသိ
လမ်းပျောက်ခဲ့ပြီ ပျောက်ခဲ့ပြီ။

ငါကားဘယ်သူ ဘယ်လိုလူလည်း
ငါဘယ်သို့ပြု ဘာအမှုလည်း
ငါ့ကိုစွပ်စွဲ ဘာသက်သေလည်း
စစ်လားဆေးလား ဘာတရားလည်း
ဖမ်းကာဆီးကာ ဘယ်နေရာလည်း
ချုပ်ကာနှောင်ကာ ဘာလုပ်မှာလည်း
ပညာရှိကြီး မဖြေနိုင် လက်မှိုင်ချလို့ထိုင်ရပြီ
ငါသိငါတတ် မဖြေနိုင် တွေဝေငေးမှိုင်နေရပြီ
တတ်နိုင်သေးလား ငရဲသား
ပုန်းနိုင်ရဲ့လား ငရဲသား
တရားဆိုတာ ညာလို့မရ၊ှာလို့မရ
သာစေနာစေမရှိ၊ ပကတိသဘော
မင်းအတွက် ဟောဒီမှာ အဝိစိ
ဝဋ်ရှိသမျှ ခံပေတော့…။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။