Saturday, November 10, 2012

ကျေးဇူးပါဗျာ

ဘဝခရီး ရေစီးမှာ
အမှိုက် ဒိုက်သရောတွေနဲ့
ဂယက်ထဲမှာ
နွမ်းလျစွာ ကူးခတ်ခဲ့ရတယ်။

ကြမ်းတမ်းပြီး အသက်စွန့်ကြိုးပမ်းရတဲ့
ကစားပွဲတခုရဲ့ ရလာဘ်ဟာ
ဝေဒနာအရောင်တောက်နေတဲ့
နာကျင်ခြင်းသရဖူတခုသာ။

တလအကြာလောက်
လျှောက်ခဲ့ရတဲ့ခရီးကတော့
ရေပြင်မှာဆိုရင်လည်း
သင်ဖြူးဖျာလို ငြိမ်းငြိမ်သက်သက်
ကျနော်တော်တော် ပျော်ခဲ့ပါတယ်။

စေတနာ မေတ္တာနဲ့
အနုပညာ ဖလှယ်ခဲ့ရတာ
သြဘာသံ ချိုချိုမှာ
ငါ ကျီးမိုက်ဖြစ်ခဲ့တယ်။

ပေးသလောက်ယူ
ကျွေးသလောက်စားမိငါ
နိဂုံးမှာ ငါဟာဒေဝဒတ်
တဖက်သတ်လူမိုက်ပေါ့။

ဒဏ်ရာမမြင်ရတဲ့
နာကျင်မှုတွေဟာ
ကုရာနတ္ထိ ဆေးမရှိခဲ့ဘူး။
အဲဒီအတွက်
ကျေးဇူးအထူးတင်ပါတယ်။

3 comments:

စံပယ်ချို said...

လောင်စာရေ ပျောက်ချက်ကောင်းလိုက်တာ ခုမှပေါ်လာတော့တယ်
စေတနာ မေတ္တာနဲ့
အနုပညာ ဖလှယ်ခဲ့ရတာ
သြဘာသံ ချိုချိုမှာ
ငါ ကျီးမိုက်ဖြစ်ခဲ့တယ်။................
လောင်စာက ကျီးမိုက်မဖြစ်ပါဘူး
ခင်တဲ့ sis jasmine

မိုးနတ်ကြယ်စင် said...

လောင်စာက ကျီးမိုက်လဲ ဟုတ်ဘူး...
တဖက်သတ်လူမိုက်လဲ ဟုတ်ဘူး...
ကဗျာရေးကောင်းတဲ့..သာမန်လူတစ်ယောက်ပဲ...
အဲဒါပဲကောင်းပါတယ်..လောင်စာရယ်...
ခင်တဲ့..မိုးနတ်

Unknown said...

ဟမ် ... ဒေ၀ဒတ်နဲ့ နှိုင်းစာလားအေ

လွတ်လပ် ပျော်ရွှင်စွာ နေနိုင်ပါစေ

အာဂတကင်းပြီး ဖြူစင်စွာ ရှင်သန်ခွင့်ရပါစေ ...

ဘာလို့လဲဆို အဲ့ဒါမှ နှလုံးသားက ပေါ့ပါး လတ်ဆတ်မှာလေ ...

အားပေးသွားပါတယ် ...

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။