Monday, December 10, 2012

အချစ်ရဲ့ သင်္ကေတ


ရာဇဝင် ရိုင်းလိုက်တာ
ဒီလောက်ရိုင်းရာဇဝင်ကို
ငါ… မေ့ပျောက်ဖို့ ကြိုးစားတိုင်း
သတိရစိတ်နဲ့ ဒေါသလှိုင်းပဲ ထွက်ထွက်လာတယ်။

မုန်းတရားတွေ များလိုက်တာ
ဒီလောက်မုန်းတဲ့ တရားကို
ငါ့… ဖြေသိမ့်ဖို့ ကြိုးစားတိုင်း
ဆွေးစိတ်တွေနဲ့ လွမ်းနေ့တွေကိုပဲ သတိရမိတယ်။

အာဃာတတွေ ထားလိုက်တာ
ထားသမျှ အာဃာတတွေကို
ငါ… မေ့ပျောက်နိုင်ဖို့ ကြိုးစားတိုင်း
ထိုင်ခဲ့ဖူးတဲ့ မြက်ခင်းစိမ်းနဲ့ ယိမ်းနွဲ့နေတဲ့ ကိုင်းပင်တွေကို မြင်ယောင်လာတယ်။

မာနတွေ ထားလိုက်တာ
ထားလိုက်တဲ့ မာနတွေကို
ငါ့… လျော့ချဖို့ကြိုးစားတိုင်း
ရှူခဲ့ဖူးတဲ့ လေပြေညှင်းနဲ့ ပန်းသင်းရနံ့တွေကို သတိရမိတယ်။

မာန်မာန အာဃာတနဲ့ အမုန်းတရားရာဇဝင်တွေဟာ
ဘယ်ချိန် ဘယ်ကာလမဆို ရှိခဲ့ဖူးပေမယ့်
ငါ့အချစ်ရဲ့ အမှန်တရားကို နင်သာသိရင်
သစ္စာလည်း ခိုင်မြဲလာမယ်၊ မေတ္တာလည်း ယိုင်မလဲတော့ဘူး
အချစ်ဆူးဆိုတာ မနာကြင်ဘူး အချစ်ရဲ့
အဆိပ်လူးထားတယ် ဆိုရင်တောင်
တသက်မခွဲ ခိုင်မြဲဖို့ဘဲ ဖြစ်လိမ့်ထင်။

2 comments:

စံပယ်ချို said...

မာန်မာနကင်း အာဃာတကင်းပြီး
ကဗျာလေးကိုခံစားဖတ်လျှက်ပါ လောင်စာရေ..........

မိုးနတ်ကြယ်စင် said...

မာန်မာန အာဃာတနဲ့ အမုန်းတရားရာဇဝင်တွေဟာ
ဘယ်ချိန် ဘယ်ကာလမဆို ရှိခဲ့ဖူးပေမယ့်
ငါ့အချစ်ရဲ့ အမှန်တရားကို နင်သာသိရင်
သစ္စာလည်း ခိုင်မြဲလာမယ်၊ မေတ္တာလည်း ယိုင်မလဲတော့ဘူး
အချစ်ဆူးဆိုတာ မနာကြင်ဘူး အချစ်ရဲ့
အဆိပ်လူးထားတယ် ဆိုရင်တောင်
တသက်မခွဲ ခိုင်မြဲပို့ဘဲ ဖြစ်လိမ့်ထင်...

good ပါလောင်စာရေ...ကဗျာတွေလာဖတ်ချင်ပေမဲ့
ဟိုရက်က မိုးနတ်ဘလော့လေးဖွင့်လို့မရလို့ စိတ်သွားတိုင်း
ကိုယ်မပါနိုင်ခဲ့ဘူး...ခုတော့ စိတ်သွားတိုင်းကိုယ်ပါနိုင်ခဲ့ပြီ...ဟိ
အဲဒါကြောင့်ရောက်လာခဲ့ပြီလေ.....မှန်ထှာ....:)
ပြောချင်တာက ကဗျာလေးကောင်းတယ်လို့ပါ...
ကဗျာရူးမိုးနတ်မ လောင်စာဆီကို ကဗျာတွေလာလာဖတ်နေမှာမို့
များများရေးပါ...ဆက်လက်ထုဆစ်နိုင်ပါစေလို့.....
ခင်တဲ့...မိုးနတ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။