Saturday, November 10, 2012

အလင်းအောက်မှာ လမ်းပျောက်သူ

စေတနာကျင့်စဉ်ကြောင့်
ဝေဒနာထွက်ရပ်ပေါက်ခဲ့တယ်။
တွဲလက်တွေ ဖြုတ်ချခဲ့လို့
ပြုတ်ကျသွား ငါ့အသဲတွေ
လှလှပပ ကြေမွခွင့်မရခဲ့ဘူး။

အာဟာရပြတ်တဲ့ နှလုံးသား
သွေးခုန်နှုန်းများ ပြောင်းပြန်
အသက်ရှူသံမှ မမှန်တော့တာ
ဘယ်လိုငါ ဖြစ်ပျက်ရှုမလဲ
ဝေဒနာပဲ အဖတ်တင်မယ်။

ငါ့ရယ်မောသံတွေဟာ
သန်းခေါင်ယံ ငှက်ဆိုးထိုးသံအလား
ငါ့အသံကိုတောင် ငါမကြားချင်
ဝေဒီခင် ရှင်ကွဲခွဲရက်တယ်
သက်ရှိသရွေ့ မမေ့နိုင်ဘူး။

ငါမာန ပလွှားမှုနဲ့
သူတို့ရဲ့ ထက်မြက်မှုတွေဟာ
ချစ်လျက်နဲ့ ခွဲရခြင်းသာ
ပုရပိုက်မှာ မှတ်တမ်းတင်
ဒေဝီခင် ကြင်နာတွေ မပေးပါနဲ့
တသက်လုံး နာကျင်မှာ မို့လိုပါ
..........
လရောင်သာတိုင်း ငါမပျော်တော့ပါဘူး။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။