Tuesday, September 18, 2012

နှလုံးအားတိုးဆေး

ဘယ်အမှောင့်ပယောဂတွေက
မာယာများကို သကာပျားလို ချိုစေနိုင်သလဲ
ကျနော်...
မယိုင်မလဲအောင် ထူထောင်ခဲ့ဖို့
တပက်လောက်သာ ချတာပါ။
 

လူတိုင်းနဲ့ ပြိုင်ဆိုင်ချင်တယ်
ဒါပေမယ့်...
အနိုင်မလိုချင်ဘူး

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ရင်
သူ စိတ်ညစ်မှာစိုးလို့....။
 

မနိုင်ချင်ဘဲ နိုင်တယ်ဆိုရင်လည်း
မြို့ပြရဲ့ အလှကမ္ဘာဟာ
အလိုအပိုတွေ များတာကြောင့်
တထောင့်တနေရာမှာ ကွေးနေမယ်။
 

ဒါပေမယ့်...
သေချာတဲ့ ဇာတ်လမ်း
ရေရာတဲ့ မှတ်တမ်းနဲ့
သေလမ်းတော့ဖြောင့်ချင်တယ်။


ဒါပေမယ့်
ဘဝက ဝိုးတိုးဝိုးတား
ကိုးယိုးကားယားရယ်။
ကြိုက်တယ် မကြိုက်တယ် အပထား
ဒါဟာ... ကျနော်ကိုယ်တိုင်
ကဗျာလား၊ လင်္ကာလား မခွဲခြားနိုင်

ကာရန်ဆိုတာ ဝေလာဝေး
ဒါကြောင့်မို့ အရှုံးပေးတာလို့တော့ မထင်လိုက်နဲ့။

အရှုံးပေးလိုက်မယ်

အပြုံးလေးနဲ့ပဲ
နှလုံးအေးအောင်လို့လေ။

2 comments:

စံပယ်ချို said...

ဒါပေမယ့်
ဘဝက ဝိုးတိုးဝိုးတား
ကိုးယိုးကားယားရယ်။
ကြိုက်တယ် မကြိုက်တယ် အပထား
ဒါဟာ... ကျနော်ကိုယ်တိုင်
ကဗျာလား၊ လင်္ကာလား မခွဲခြားနိုင်
ကာရန်ဆိုတာ ဝေလာဝေး
ဒါကြောင့်မို့ အရှုံးပေးတာလို့တော့ မထင်လိုက်နဲ့။

အရှုံးပေးလိုက်မယ်
အပြုံးလေးနဲ့ပဲ
နှလုံးအေးအောင်လို့လေ--------
ဝါး------------------စာသားလေးတွေ ရှယ်ပဲဗျို့

မိုးနတ်ကြယ်စင် said...

အဟွတ်..အဟွတ်..စာသားတွေကတော့လန်းတယ်နော်...
တပိုဒ်လုံး မိုက်တယ်...ကြိုက်တယ်..
အားပေးသွားတယ်နော်
ခင်မင်နေတဲ့..မိုးနတ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။