Saturday, June 23, 2012

တမ်းတမ်းတတ လွမ်းဆွေးမိတယ်

လွမ်းမိပါရဲ့
ငယ်စဉ်ကလေ
စာအံသံတညံညံနဲ့
ပထဝီ၊ သမိုင်း
ဂဏန်းတွေ သေချာတွက်
လွမ်းလောက်ပါရဲ့။


ဆွေးမိပါရဲ့
ငယ်စဉ်ကလေ
ခရေကိုကုံး
စံပယ်ကိုခူး
သူဦးငါရင်
ဆရာမကို ပလူးခဲ့တာလေ
ဆွေးလောက်ပါရဲ့။


တမ်းမိပါရဲ့
စမ်းချောင်းကလေး
အေးအေးမြမြမှာ
ကူးကြ၊ ခတ်ကြ
ဆော့ကြ၊ ကစားကြ
စကြ၊ နောက်ကြ
ပျော်လိုက်တာမှ....
လက်ရှိဘဝကို သတိရတော့
တမ်းလောက်ပါရဲ့။

3 comments:

စံပယ်ချို said...

ဒီကဗျာလေးဖတ်ပြီးငယ်ငယ်က အဖြစ်အပျက်လေးတွေကို
ကွင်းကွင်းကွက်ကွက်ပြန်မြင်မိပါရဲ့

အလွမ်းမြို့ said...

ငယ်ဘဝကို ပေါ်လွင်အောင် ရုပ်ဖော်ပေးတဲ့ ကဗျာလေး
သတိရစိတ်တွေကို နှိုးထအောင်လုပ်ဆော်ပေးတဲ့ ကဗျာလေးကို
ရင်ဘတ်ထဲက နှလုံးသားနဲ့ လာရောက်ခံစား အားပေးသွားတယ်။


ခင်မင်တဲ့
အလွမ်း

Anonymous said...

ငယ်ငယ်ကအကြောင်းတွေကို အမြဲသတိရစေနိုင်တဲ့ကဗျာလေးပါ
သိပ်ကောင်းပါတယ်ဗျာ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။