Sunday, June 10, 2012

ဘယ်သူရေသွန်းခဲ့ပါလိမ့်

ဘယ်သူ ရေသွန်းခဲ့လို့
ပွင့်ခဲ့သလဲ...
လှပဲလှလွန်းတယ်။

လှသူ ပန်းကလေးမို့
ပိတုန်းနှင့် ပျားတို့...
ဝေ့ကာ ဝဲကာတအားပေါ့။

ဝင့်ဝင့်ကြွားကြွား
စွင့်စွင့်ကားကား
အလှတရားဆိုတာ ငါမှငါပဲ။


နွေတနေ့ လေအဝေ့မှာ
တပွင့်လွှာ ကြွေ
တမြေသို့ ခ၊ 
နင်းခြေ ကျော်လွှား
စောင်းငဲ့လို့ပင် မကြည့်သွားတော့
သဘာဝတရားက
လွန်လွန်းလှပါတကား
ဘယ်သူ ရေသွန်းခဲ့ပါလိမ့်။

3 comments:

အလွမ်းမြို့ said...

လာရောက်အားပေးခဲ့တယ်။
ဘယ်သူမှ ရေမလောင်းပါ။
သဘာဝတရာက မိုးရွာထှာ...အဟီး


ခင်မင်တဲ့
အလွမ်း

စံပယ်ချို said...

ကြွေချိန်တန်တော့လဲ လာနဲ့မှတားမရလို့ကြွေတာပါ

စံပယ်ချို said...

ဘာနဲ့မှ တားမရလို့ရေးတာနော်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။