Monday, June 4, 2012

ငါဟာ ငါမဟုတ်

အခု အရုဏ်တက်
အခု နေကွယ်သလို
နေဖြာဖြာလေးတောင် ထွက်ခွင့်မရ
ဆည်းဆာက ခုလေးတင်ဖြစ်သွားတယ်။


အမှောင်ဘဝမှာ
ညဆိုတာ ကြောက်စရာလည်းမဟုတ်
ချစ်စရာလည်း မဟုတ်တော့။
ဒါပေမဲ့
လမင်းကြီးကို ချစ်မိပါရဲ့။


အောက်ဆုံးကလူ
ဗမာ့ (မြန်မာ့) ကူလီ
ထူထူပူပူ
ပွက်ပွက်ဆူနေပါစေ
ဖိနပ်မပါ ခြေဗလာနဲ့တောင်
သည်မောင် ထမ်းပါ့မယ်။


ခြားနားခြင်းမရှိတဲ့ စည်းထဲမှာ
လွမ်းခွင့်ရှိလည်း...
တမ်းခွင့်ရှိလည်း...
ဗလာမဲတွေပဲလို့ ထင်နေမိတော့တယ်။


နေကွယ်ခဲ့ပြီ
မှောင်ရီဆည်းဆာ
လှကမ္ဘာမှာ
ငါဟာဘာလဲ...
ငါဘယ်သူလဲ...
တွေးကမ္ဘာထဲ
ဆွေးစရာမရှိ
ပကတိ...
ငါဟာ ငါမဟုတ်ပါလား...။

1 comment:

စံပယ်ချို said...

အမှောင်ဘဝမှာ
ညဆိုတာ ကြောက်စရာလည်းမဟုတ်
ချစ်စရာလည်း မဟုတ်တော့။
ဒါပေမဲ့
လမင်းကြီးကို ချစ်မိပါရဲ့
အဲဒီစာသားလေးတွေကိုကြိုက်တယ်
ကဗျာတွေဆက်ရေးပါ----အချိန်ရတိုင်းလာဖတ်ပါ့မယ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။