Monday, June 25, 2012

တထွေးကြီးဗျ တထွေးကြီး

အဆက်ဆက် မခွဲလေရအောင်
အသက်စေ့ ဆီမီး၊ ပန်း၊ ကွမ်း
လှူဒါန်းခဲ့ပါ၏။ အမျှဝေသံ မိုးထိညံ...။


အကျိုးပေးကံ မပြန်ဟပ်သေးခင်
ဝေးဖို့ကံ ဖန်လာတော့သလား
ခွဲရပြန်လေပြီ။ ပူဆွေး၊ သောက အပ်နဲ့ဆွ။


ဝေးလေတော့၊ လွမ်းတာပေါ့
မှန်းချက်နဲ့၊ နှမ်းထွက်မကိုက်သမျှ
လွမ်းရ၊ တမ်းရတာပေါ့။ တစိမ့်စိမ့်တွေး တရေးရေး။


ငါ စနေသည် ကြမ်းတမ်း၏
ငါ့ဘဝသည်လည်း ကြမ်းတမ်း၏။
သို့သော်
လရောင်ဖြာလျှင်လည်းကောင်း
ကြယ်ရောင်လင်းလျှင်လည်းကောင်း
ပန်းရနံ့ သင်းလျှင်လည်းကောင်း
မြောက်ပြန်လေ  ညှင်းလျှင်လည်းကောင်း
မြေသင်းရနံ့ ပျံ့လျှင်လည်းကောင်း
အတိတ်ဟောင်းကို ပြန်တွေးတော့
အလွမ်းဓာတ်ခံကြောင့်လားမသိ
အလိုလေး
အလွမ်းတွေ တထွေးကြီးဗျ...။

1 comment:

အလွမ်းမြို့ said...

ငါ စနေသည် ကြမ်းတမ်း၏
ငါ့ဘဝသည်လည်း ကြမ်းတမ်း၏။
သို့သော်...


လာရောက်အားပေးသွားတယ်။ ကဗျာကောင်းလေးတွေ အမြဲရေးနိုင်ပါစေ


မိမိ

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။