Thursday, March 10, 2011

ဗိုလ်မိုးကြိုးကို ကြောက်ပါတယ်

တစိတ်၊ တပြား၊ တပိုင်းနဲ့
ဒေါင်ချာစိုင်းနေတဲ့ငါ
မျက်လုံးဝါဝါနဲ့ ငါ့ကိုကြည့်ကြတယ်
အရူးလား၊ ဘီလူးလား
အာ... မဟုတ်ဘူး
ဒီကောင် ရေခြင်ကိုက်နေတာ...။

မှားပါပြီ မှတ်ပါပြီ
ကိုယ်လက်မအီမသာ
နံရံတွေက ပတ်လည်ချာ
လမ်းမကြီးက မိုးပေါ်ရောက်
ငါကလည်းဇော်ထိုး
တော်တော်ဆိုးတာပဲ
နောက်ဆို လုံးဝပဲ
အာ... မဟုတ်သေးပါဘူး
ငါ... မုသားသုံးပြန်ပြီ...။

"ဂျိမ်း" မိုးခြိမ်းသံ
ဒိန်းခနဲ ရင်တွေတုန်
ဖြန်းခနဲ ကြက်သီးထ
ငါမပါဘူးနော်
မှန်တာပြောသစ္စာ...။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။