Sunday, April 6, 2014

ညအမှား

ဒုတ်ဒုတ်အသံရယ်က
ရုတ်ရုတ်ညံလို့ကာပ
မော်တော်ဘုတ်က ကပ်ခဲ့ပြီ။

ညိုရောင်သန်းပါလို့
ထင်ရောင်ရမ်းကာ သူငါခေါ်ကြနှင့်
သူဇာက အမောင်သတယ်
ဗျိုး ဟစ်ချင်ဖွယ်။

တကယ်မဟုတ်ပါဘူး
တနယ်စီ နဂိုရ်ဝေးတာပ
တဖြေသာ ပြေရာကြောင်းပေမို့
လာလာနှင့် သူကခေါ်
တိုးတိုးသာနော်။

မှားပါပြီကွယ့်
သည်ကျားကို စင်ပေါ်တင်ရလို့
အထင်အမြင် လွဲကာသာဘဲရယ်နှင့်
မကြင်ချင် ထိပ်တင်ထားရယ်က
ဟေ့... ငတက်ပြား
ဆင်းတော့ချက်ချင်း။

2 comments:

စံပယ်ချို said...

ဆင်းရင်တော့ကောင်းတာပေါ့နော်
မဖတ်ရတာကြာခဲ့ပြီ-------ဒီလိုကောင်းလှတဲ့ကဗျာလေးတွေ

လောင်စာ said...

အစ်မစံပယ်ချိုက ပျောက်ချက်သားကောင်းနေတာ :D

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။