Thursday, August 22, 2013

ခဝါချ

ပန်းဆိုတာ
လန်းပြီးတော့ ညှိုးရတယ်
ဆူးဆိုတာ
စူးပြီးတော့ ကျိုးရတယ်။
ငါဆိုတဲ့ငါ
အတ္တ မာနလည်း
တချိန်မှာ ကျိုးရမယ်။

နွေဆိုတာ
ပူပြီးတော့ မှိတ်ရတယ်
မိုးဆိုတာ
ရွာပြီးတော့ တိတ်ရတယ်။
ငါဆိုတဲ့ငါ
လောဘ ဒေါသလည်း
တချိန်မှာ ဆိတ်သုဉ်းရမယ်။

အစဉ်သာ ပြောင်းလဲ
အဘိဓမ္မ သဘာဝတ္ထက
နိစ္စာ ဝတ သင်္ခါရတဲ့
စုတိမကျ သန္နမစောမီ
အာဃာတ မာန်မာန
လောဘာ ဒေါသတို့ကို
ပြာတမျှ ခဝါချတော့မည်။

လဲ့လဲ့ကြည်စင် စိတ်ဘဝင်
သံသာနောင်ရေး အေးငြိမ်းစေ။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။