Wednesday, October 16, 2013

ငါ့မှာ

အကြောင်းကံခေလို့သာ နေ
အကျိုးပေးက ဆိုးတယ်
ခွဲခွာတယ်၊ ကွဲကွာတယ်
အဝေးဆုံး အဝေးဆုံးမှာ။

ဒါပေမယ့်လေ ငါတယောက်
မုန်းမေ့မရ တသသပဲ
မုန်းဖို့အကြောင်းလဲ မရှိ
မေ့ဖို့ဆိုတာ ငါမသိခဲ့။

အမျှင်မပြတ် ဇောမသတ်နိုင်
ဆွဲငင်ညှို့ယူ ပင့်ကူအိမ်
မိဖို့ရာသာ အကြောင်းဖန်လေ
လွတ်ဖို့ရာလည်း မကျိုးပမ်း။

နှစ်ကိုယ်တစ်စိတ်
နှစ်စိတ် တစ်ဘဝ
စိတ်တူကိုယ်တူ လွမ်းစတွေ
တခဏနဲ့ ပြတ်စဲပေါ့။

အခုတော့....
ငါနဲ့ငါပဲ ရန်ဖြစ်နေ
ငါ့ကိုယ်ငါတောင် မချစ်တော့
ငါ့နှင့်ငါလည်း မနှိုင်းချင်ပေါင်
ငါသာ အရိုင်းကောင် ဖြစ်ခဲ့ပေါ့
ငါလေ... ငါ ငါ ငါနဲ့။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။