Friday, March 8, 2013

နေဝင်ချိန်

နေရီရီ နီနီစွေးချိန်ဝယ်
ဂဠုန်ချီ တိမ်နဂါးရယ်က
ပုစွန်ဆီ ဖြူပြာလဲ့ရယ်တို့
နတ်ဆေးချယ်သို့။

လုံမငယ် ပျိုတသင်းရယ်က
ဆိုသီချင်း ညံစာစာနဲ့
သံသာသာ နှော့ကာကျူးတာမို့
လွမ်းလို့သာ ပူဆွေး။

ပင်ကျရေ
အမောပြေ တမြူလောက်တော့
မြည်းမကူ မော့ကာသုံးကြတယ်
ဒို့တောရွာ ထုံးစဉ်လာပ
တမ်းတရှာသေး။

2 comments:

မိုးနတ်ကြယ်စင် said...

နေ၀င်ချိန်လှလှလေးကို လာရောက်ခံစားသွားပါတယ် လောင်စာ :)
ဆက်လက်ထုဆစ်နိုင်ပါစေ >>>>>
ခင်တဲ့...မိုးနတ်

လောင်စာ said...

ကျေးဇူးတင်ပါတယ်။ အစ်မမိုးနတ်ကြယ်စင်ခင်ဗျား။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။