Tuesday, March 12, 2013

လတပေါင်း

ဆောင်းဟေမာ နှောင်းကာ ပြောင်းပြန်တော့
ကောင်းစေရာ တနွေလောင်းတဲ့ပြင်
ဟောင်းရွက်ဝါ လေအလွင့်မှာ
ခက်သစ်ဝေဖြာ။

မိန်ရာသီ လတပေါင်းမှာဖြင့်
သရဖီ ရွှေအင်ကြင်းရယ်တို့
ချိန်ခါမီ ဖူးငုံပွင့်ကြရှာ
သင်းပါလှ ပျံ့ကြူး။

ဥတ္တရာနှင့်
ငွေသော်တာ ပြည့်ကာထွန်းချိန်မို့
ပျို့မောင်မယ် ကြည်ကြည်ရွှန်းရယ်တို့
သဲစေတီ ကုသိုလ်ပွဲကို
နွှဲပျော်လို့မြူး။

2 comments:

မိုးနတ်ကြယ်စင် said...

တစ်ပုဒ်လုံး အစကနေ အလယ် အဆုံးထိကိုသိပ်ကောင်းတယ်...
ရာသီနရီလေးနဲ့လဲ စည်းဝါးကိုက်ညီတော့ ခံစားလို့ကောင်းပါ့ :)
တြိချိုးလှလှလေးကို နှစ်သက်စွာ လာရောက်ခံစားခဲ့ပါကြောင်း
လောင်စာရေ...
ခင်လျက် မိုးနတ်

စံပယ်ချို said...

စစချင်းဖတ်မိရင်ပဲ ရင်ဘတ်ကိုတခါထဲတန်းထိတော့တာပဲလောင်စာရေ
အရေးအသားတွေ လုံးဝမကျဘူးနော်
ဆက်လက်ရေးနိုင်ပါစေလို့

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။