Thursday, March 7, 2013

ရွှေစိတ်တော်ညိုနဲ့ကွယ်

လွမ်းရသည်တဲ့ ဆွေးရသည်
တွေးစရှည် ချည်နှောင်ရစ်ပါလို့
အေးဖို့ရည် လွတ်ကာရုန်းသော်လည်း
ဖြေပြေနိုင်ဘဲ။

နှုတ်ခွန်းချို မြွက်ဆိုမတတ်သော်ကြောင့်
ရှက်ပိုအောင် ပြောရက်တယ်လို့
မျက်ထားသို ညိုပါဘဲ
စိတ်ထဲဝယ်ကြည်ပါတော့။

ခွင့်လွှတ်ပါကွယ်
မှန်တကယ် ရည်ရွယ်ပါဘူး
ငွေမေတ္တာ ရှင်သန်ဆဲဟာမို့
ရွှေမျက်နှာ ပြန်လို့ကြည့်လှည့်ပါ
နွဲ့သခင်ကျော့။

No comments:

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။