Tuesday, February 5, 2013

ဧည့်သည်

ရွှေကျီးရယ်သာ တအာအာနှင့်
ရှေ့ရပ်မှာ နေခြည်ဖြာကျ
ဘယ်ရပ်က ဘယ်ဧည့်သည် ငါ့ဆီလာမယ်
ရွှေကျီးရယ်ပြောပါဗျား ရွှေဧည့်သည်လား။
ငွေကျီးရယ်ပြောပါဗျား ငွေဧည့်သည်လား။

ရေပွက်ပမာ တသက်လျာမို့
ခဏတာ လူဖြစ်လာပေါ့
ဘယ်ရပ်ကငါလာတယ် သည်လူ့ပြည်ဝယ်
ငါဧည့်သည်ပါ ကိုရွှေကျီးရယ်။
ငါဧည့်သည်ပါ ကိုငွေကျီးရယ်။ 

၁၊ ၂၉၊ ၂၀၁၃။ 

1 comment:

မိုးနတ်ကြယ်စင် said...

အိုးးးးးးးးးးး
လောင်စာရေ...ပျောက်ချက်သားကောင်းလှချည့် :(
ကဗျာလာဖတ်သွားတယ်နော် :)
ဘယ်တွေများသွားပြီး ဘာတွေများလုပ်နေတာလဲ မသိ :P

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။