Friday, February 22, 2013

လတပို့တွဲ

ကုံရာသီ၊ တာရာညီ ချိန်ခွင်နှင့်
ငွေသော်တာ ကြယ်မာဃရယ်တို့၊ ပြည့်ဝစုံညီ။

တပို့တွဲ၊ ထူးကဲသည့် လရာသီ၊
သင်းပျံ့ချီ မာလာဖူးငုံတို့၊ ထူးစုံလှသည်။

သရဖီ၊ ညံစီစီပေါက်လဲရယ်တို့
ထိန်ထိန်ကြည် ပွင့်ရှာကြတယ်၊ ဆောင်းလရာသီ။

ရွက်ဝါကြွေ၊ ဖူးဝေကြ တမာနု
သံသာသာ ဆက်ရက်တွေက၊ မြူးကြရှာသည်။

လဲ့လဲ့ကြည်၊ ငွေနှင်းရည် သွင်းပက်တာကြောင့်
ညှင်းသွဲ့သွဲ့မြောက်ပြန်လေက၊ အေးပါလှသည်။

နွှဲပျော်ပျော်၊ ထိုးနော်ကွဲ့ ထမင်းနှဲ
အားခဲလို့ ဇွဲကောင်းပါမှ၊ အောင်ပွဲရမည်။

မြတ်ရှင်တော်၊ ပူဇော်ရန် သဒ္ဓါကြွလို့
ဆွမ်းယာဂု ကပ်လှူကြသည်၊ နိဗ္ဗာန်သို့ရည်။

2 comments:

မိုးနတ်ကြယ်စင် said...

လဖွဲ့ ကဗျာလှလှလေးက နှစ်သက်စရာ....
ခါတော်မှီ ယဉ်ကျေးပါပေ့...လောင်စာရေ..:))
သတိတရရှိနေသလို တခါတခါ လောင်စာတစ်ယောက်
အကြာကြီး ပျောက်ပျောက် သွားတတ်တာကိုလဲ
အမြဲ မမေ့ပါဘူးးးးးးးးးးးး :P
ခင်တဲ့...မိုးနတ်

စံပယ်ချို said...

ထမင်းနှဲစားချင်လာပြီဗျို့

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။