Friday, December 21, 2012

သင့်အတွက် ကျနော့်လက်ဆောင်

မာနမထားလို
အာဃာတက အပိုပါပဲ
မုန်းပါသော်လည်း
ဘာထူးလဲ၊ အကုသိုလ်ပဲ အဖတ်တင်မယ်။

မာန်ချိုနှိမ့်ချ
သနားသင့်က သနားပါ
ကရုဏာ၊ မေတ္တာ၊ သစ္စာ
အမှန်ကျင့်သုံးလေက
ဘဝါဘဝေဖြတ်သန်းသမျှ
မြင့်မြတ်တင့်ဆန်း တော်ဝင်ပန်းသို့လန်းလိမ့်မယ်။

လူ့ဘဝဟာ တခဏ
အူဝဲကစ မရဏတိုင်ကွယ်
ရှည်လှတယ် မထင်လိုက်ပါနဲ့
ရေပွက်ပမာ တသက်လျာဟု
ရေးမှတ်ပြုသွား သုန္ဒရမတ်ကြီးစကား
စက္ကန့်မခြား သတိထားပါ
မြတ်ဗုဒ္ဓါပင် မစံခင်နိဗ္ဗာန်
ဖန်ဖန်မှာကြား သတိတရားပဲ
မကောင်းလည်းကံ ကောင်းလည်းကံကြောင့်
ကံကိုချည်းသာ မကိုးရာလည်း
ကံသာဆွေမျိုး၊ မိဘဘိုးဘွား
သတိထားရှိ၊ ရှေးကဝိတို့
အမှာစကား သတိထားလျှင်
လိုအင်ဆန္ဒ ပြည့်ဝရမည်
တောင်းတသမျှ ဖြိုးကြွယ်ကြမည်
သောကဟူသမျှ ကင်းဝေးပမည်
ထက်မှာစကား ကျင့်ကြံငြားသော်
အပူဗျာပါ ကင်းဝေးရာကြောင်း
ကျနော်တဆင့် အဆင်သင့်၍
လက်ဆောင်ကောင်းလေး ပေးလိုက်သည်။

6 comments:

စံပယ်ချို said...

လောင်စာရေ....လက်ဆောင်ကောင်းလေးယူခဲ့ပြီနော်
Merry Christmas ပါ..

မိုးနတ်ကြယ်စင် said...

လက်ဆောင်ဝေနေတယ်ဆိုလို့ လာယူသွားတယ် ဒါပဲ..
ပြီးမှ ဘာဘာညာညာတော့ပြောနဲ့နော်...:)
ခင်တဲ့...မိုးနတ်

Anonymous said...

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ပြန်လည်မျှဝေခွင့်ပြု့ပါလို့ခွင့်တောင်းရင်းကော်ပီဆွဲသွားတယ်နော်

Anonymous said...

ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ပြန်လည်မျှဝေခွင့်ပြု့ပါလို့ခွင့်တောင်းရင်းကော်ပီဆွဲသွားတယ်နော်

စံပယ်ချို said...

လောင်စာရေ တကယ်ကိုကောင်းတယ်ဗျို့
(မာနမထားလို
အာဃာတက အပိုပါပဲ
မုန်းပါသော်လည်း
ဘာထူးလဲ၊ အကုသိုလ်ပဲ အဖတ်တင်မယ်)

လောင်စာ said...

ယူနိုင်ကြောင်းပါခင်ဗျား။ အားပေးဖော်ရတဲ့အတွက် ကျနော်ကပဲ ပိုလို့ ကျေးဇူးတင်မိကြောင်းပါခင်ဗျား။

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။