Wednesday, January 23, 2013

မျှော်တော်ရောင်

လရောင်ဖြာလျက်
ကြယ်ပြိုးပြက်တို့
လင်း၍တချက်
မှိတ်တချက်နှင့်
ဝန်းရံလျက် ခစားစဉ်...

လေပြေသွင်းပက်
ညှင်းသွဲ့သွဲ့နှင့်
ယိမ်းနွဲ့စီရီ
ဖူးငုံစီတို့
လှုပ်လဲ့လှုပ်လီ ကျီစယ်စဉ်...

သဇင်အင်ကြင်း
မွေးထုံသင်းလျက်
ဝင်းဝင်းမွတ်မွတ်
ဂုဏ်ရောင်ကွန့်ကာ
မာလာမင်းတို့ မြူဆွယ်စဉ်...

မကြည်မသာ
နေထိကြာနှယ်
ငြိုးငယ်မှိုင်တွေ
လွမ်းမှုပွေလျက်
ဆယ်နွေမက
ပူပြင်းလှသည်
လျှံကျဖိတ်ဖိတ်
ဆွေးသည့်စိတ်တို့
မုန်း၍မရ
မေ့မရနှင့်
တသသလွမ်း
ဘုန်းမောင့်ပန်းလည်း
မျှော်မှန်းကာသာနေမိသည်။

2 comments:

စံပယ်ချို said...

မုန်းမရ မေ့မရနဲ့
တသသ လွမ်းနေတာလားလောင်စာရေ

မိုးနတ်ကြယ်စင် said...

မကြည်မသာ
နေထိကြာနှယ်
ငြိုးငယ်မှိုင်တွေ
လွမ်းမှုပွေလျက်
ဆယ်နွေမက
ပူပြင်းလှသည်
လျှံကျဖိတ်ဖိတ်
ဆွေးသည့်စိတ်တို့
မုန်း၍မရ
မေ့မရနှင့်
တသသလွမ်း
ဘုန်းမောင့်ပန်းလည်း
မျှော်မှန်းကာသာနေမိသည်....

အဲ့နားလေး ကောင်းတယ်..
လွမ်းနေရတယ်လား သယ်ရင်းရေ...
နာတော့ အလွမ်းဆိုတာကို ခုတော့
ခံနိုင်ရည်ရှိသွားပြီ.....:)
ခင်တဲ့...မိုးနတ်

Post a Comment

ပန်းရနံ့တို့ သင်းပျံ့နေသောအခါ မာယာတို့သည် လှည့်စားရန် အားကောင်းလာတတ်၏...။